-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၁


ကျွန်ပိုင်ဆိုင်မှုနှင့် ပတ်သက်သော ဓမ္မသတ်

ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ် (ordinances) ဟူမူကား၊ ဟေဗြဲအမျိုးဖြစ်သော​ ကျွန်ကိုဝယ်လျှင်၊ ​ခြောက်နှစ်သာ အစေခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။ ​ကျွန်ခံစက တစ်ယောက်တည်းခံလျှင်၊ တစ်ယောက်တည်း ထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွ ထွက်စေရမည်။ သို့မဟုတ် သခင်ပေးစားသော မယားရှိ၍ ထိုမယားသည် သားသမီးကိုဖွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ​ကျွန်မူကား၊ တစ်ယောက်တည်း ထွက်ရမည်။ သို့မဟုတ်​ ကျွန်က၊ ​ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏၊ မထွက်မသွားလိုပါ၊ ဟုအတည့်အလင်း ပြောဆိုလျှင်၊ သခင်သည် ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်း၊ ဆောင်ယူ၍၊ နားရွက်ကိုစူးဖြင့် ဖောက်ပြီးမှ ထို​ကျွန်သည် အစဉ်အမြဲ​ကျွန်ခံရမည်။ အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည်​ ကျွန်ယောက်ျားကဲ့သို့ လွတ်သည်မဟုတ်။ သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သော အခွင့်မရှိ။ မိမိသား၌ ပေးစားလျှင်မူကား၊ သမီးကဲ့သို့ ပြုစုရမည်။ ၁၀ အခြားမိန်းမကို သိမ်းပြန်လျှင်၊ အရင်သိမ်းသောမိန်းမ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ။ ၁၁ ထိုသုံးပါးကို မပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။


သေဒဏ်ပေးခြင်းနှင့် ပတ်သက်သော ဓမ္မသတ်

၁၂ လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၃ အသေသတ်မည် အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။ ၁၄ အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သော သူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း ဆွဲယူ၍သတ်ရမည်။ ၁၅ မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၆ လူကိုခိုးသောသူသည် ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၇ မိဘကို ကျိန်ဆဲသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၈ လူချင်းခိုက်ရန်ပြု၍ တစ်ယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသော သူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊ ၁၉ တဖန် ထ၍တောင်ဝေးနှင့် သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှာ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။ ၂၀ သခင်သည် ကျွန်ယောက်ျား၊ ​ကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ ထို​ကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။ ၂၁ သို့ရာတွင် ​ကျွန်သည် တစ်ရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထို​ကျွန်ကို ပိုင်သောကြောင့်၊ ဒဏ်နှင့်လွတ်ရမည်။


ဒဏ်ရာအတွက် ပေးမည့်ဓမ္မသတ်

၂၂ လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကိုထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာ မဖြစ်လျှင်၊ မိန်းမလင် စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည် အတိုင်းလည်း ငွေကိုလျော်ရမည်။ ၂၃ အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊ ၂၄ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ​ခြေအတွက်ခြေကို၎င်း၊ ၂၅ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း၊ ခံရမည်။ ၂၆ သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။ ၂၇ ထိုအတူ ကျွန်ယောက်ျား၊ ​ကျွန်မိန်းမ၏သွားကို ကျိုးအောင်ရိုက်လျှင် သွားကျိုးသည်အတွက် လွှတ်ရမည်။


ဆိုးသောနွားနှင့် ပတ်သက်သော ဓမ္မသတ်
CROSS REFERENCES






၂၈ နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ် ထိုနွားကို ကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ ပြစ်လွှတ်ရမည်။ ၂၉ ၎င်းနည်း၊ နွားသည် အထက်က ခွေ့ဖူး၍၊ ခွေ့ကြောင်းကို နွားရှင် ကြားသိလျက် မချည်မနှောင် လွှတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။ ၃၀ သို့မဟုတ် ငွေလျော်စေ၊ ဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက် ရွေးရန်ဘိုးကို လျော်ရမည်။ ၃၁ သူတပါး၏ သားသမီးကိုခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။ ၃၂ ​ကျွန်ယောက်ျား၊ ကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည်။ [A]နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။ ၃၃ လူသည် တွင်းကိုဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲထားသည်ဖြစ်စေ၊ သူတပါး၏မြင်း၊ နွားသည်ထိုတွင်း၌ကျလျှင်၊ ၃၄ တွင်းရှင်သည်မြင်း၊ နွားအဘိုးကိုလျော်၍ အသေကောင်ကို ယူရမည်။ ၃၅ အကြင်သူ၏နွားသည်၊ သူတပါး၏ နွားကိုအသေခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။ ၃၆ ၎င်းနည်း၊ နွားသည် အထက်က ခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကို အမှန်လျော်ရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.