-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၆


အမဲသား တမ်းတကြ၍ မောရှေကို အပြစ်တင်ကြ

တဖန် ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ့်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။ ထိုတော၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့က၊ ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကား၊ ဟုမောရှေနှင့်အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက် ဆိုကြ၏။


ကောင်းကင်မှ မုန့်မိုးရွာစေမည်

ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လော၊ ဟုထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။ နေ့တိုင်း သိမ်းယူသော အရာထက်၊ ​ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကိုသိမ်းယူ၍ ပြင်ရကြမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်၊ ဟုယနေ့ညဦးယံ၌ သင်တို့သိကြလိမ့်မည်။ နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသော အသံကို ကြားတော်မှုပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သောသူ ဖြစ်သနည်း၊ ဟုဣသရေလ အမျိုးသား အပေါင်းတို့အား ဆိုလေ၏။


မြည်တမ်းသော အသံကို ထာဝရဘုရားကြား

တဖန်လည်း မောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌ သင်တို့ စားစရာ အမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော အသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူ ဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်၊ ဟုဆိုလေ၏။ တဖန် သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသော အသံကို ထာဝရဘုရား ကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့၊ ဟုဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့အား ဆင့်ဆိုလော့၊ ဟုအာရုန်ကို မှာထားသည်အတိုင်း၊ ၁၀ အာရုန်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မျှော်ကြည့်၍၊ မိုးတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။ ၁၁ ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသော အသံကို ငါကြားရပြီ။ ၁၂ ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သိကြလိမ့်မည်၊ ဟုသူတို့ကိုပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။


ကောင်းကင်မုန့် စတင်ပေး

၁၃ ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက် ရှိ၏။ ၁၄ နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေး လုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။ ၁၅ ထိုအရာကို ဣသရေလ အမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်း၊ ဟုမသိသောကြောင့်၊ တစ်ယောက်ကို တစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသော မုန့်ဖြစ်၏။ ၁၆ လူတိုင်း မိမိတဲ၌ ရှိသောသူ အရေအတွက်နှင့် အညီ၊ လူအသီးအသီး စားလောက်အောင် တစ်ယောက်တစ်ဩမဲ သိမ်းယူကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ ၁၇ ဣသရေလ အမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများ အလိုက် သိမ်းယူကြ၏။၁၈ ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူမလို၊ အသီးအသီးတို့သည် စားလောက်အောင် သိမ်းယူကြ၏။ ၁၉ မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်၊ ဟုဆိုသော်လည်း၊ ၂၀ အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။ ၂၁ ထိုသူအသီး အသီးတို့သည် နေ့တိုင်း မိမိတို့ စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရည်ဖြစ်လေ၏။


ဥပုသ်နေ့၌ မုန့်ကိုနှစ်ဆပေး
CROSS REFERENCES






၂၂ ​ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တစ်ယောက် နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ် အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။ ၂၃ သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသော ဥပုသ်နေ့၊ [A] ငြိမ်ဝမ်စွာ နေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ ၂၄ မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ၏။ ၂၅ မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌မတွေ့ရ။ ၂၆ ​ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရ၊ ဟုဆိုလေ၏။


ဥပုသ်နေ့၌ မုန့်ကောက်ဖို့ သွားသူရှိ

၂၇ ခုနစ်ရက်မြောက် သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။ ၂၈ ထာဝရဘုရား ကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို၊ အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။ ၂၉ ထာဝရ ဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက် မြောက်သောနေ့၌ နှစ်ရက်အတွက် မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေ့ရာ၌ နေစေ။ ခုနစ်ရက် မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်၊ ဟုမောရှေအားမိန့်တော်မူ၏။ ၃၀ ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။ ၃၁ ဣသရေလ အမျိုးသားတို့သည် ထိုစားစရာကိုမန္န၊ ဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသော အဆင်းရှိ၏။ ပျားရည်နှင့် ရောသော မုန့်ကြွပ်နှင့်အရသာတူ၏။


မန္နမုန့် တစ်ဩမဲကို အမှတ်တရသိမ်းခိုင်း

၃၂ မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ​ကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဖို့ သိုထားရသော ဩမဲတစ်ဩမဲကို ဖြည့်ကြလော့၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ ၃၃ တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကိုယူ၍ မန္နတစ်ဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့ လူမျိုး အစဉ်အဆက်ဖို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရား ရှေ့တော်၌ သိုထားလော့၊ ဟုဆို၍၊ ၃၄ မောရှေကို ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။ ၃၅ ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကိုစားကြ၏။ ၃၆ ဩမဲမူကား၊ ဧဖါဆယ်စု တစ်စုဖြစ်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.