-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၀


(၉) နဝမ နိမိတ်လက္ခဏာ ကျိုင်းကောင်

တဖန် ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ ပြခြင်းငှာ၎င်း၊ အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အား ကြားပြောသဖြင့်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီ၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေနှင့်အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှ ကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။ သို့မဟုတ် ငါ၏လူတို့ကို မလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန်ငါဆောင်ခဲ့မည်။ မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုးသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဖို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း၊ စားကြလိမ့်မည်။ သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏​ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များကို ဖြည့်ကြလိမ့်မည်၊ ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။


ယောက်ျားများသာ သွားခွင့်ပြု

ဖာရောဘုရင်၏ ​ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှကာလပတ်လုံး နှောင့်ယှက်ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည် ပျက်ကြောင်းကို သိတော်မမူသေးသလောဟုလျှောက်ကြလျှင်၊ မောရှေနှင့်အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်း၊ ဟုမေးလျှင်၊ မောရှေက၊ အ​ကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရမည်၊ ဟုပြန်ဆိုလေသော်၊ ၁၀ ဖာရောမင်းက သင်တို့သည် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။ ၁၁ ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း ယောက်ျားဖြစ်သော သူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြ၊ ဟုမိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။


အဲဂုတ္တုတပြည်လုံး၌ ကျိုင်းကောင်လွှတ်

၁၂ ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ ရောက်လာ၍ မိုးသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ ၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၁၃ မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရား လာစေတော်မူ၍၊ နံနက်ရောက်မှအရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။ ၁၄ ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်ကို လွှမ်းမိုး၍၊ ပြည်နယ်နိမိတ် ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးက မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။ ၁၅ မြေမည်းသည်တိုင်အောင် မြေတစ်ပြင်လုံးကို ဖုံးအုပ်၍၊ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုးသီးနှင့်လွတ်သော သစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲ​ဂုတ္တုပြည် တလျှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစ်စုံတခုမျှ မကျန်ရစ်။


ဖာရောမင်း ဒုတိယအကြိမ် အပြစ်ဝန်ခံ

၁၆ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း၊ ငါပြစ်မှားပါပြီ။ ၁၇ သို့ဖြစ်၍ ဒီတစ်ခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ ဤသေဘေး တခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါ၊ ဟုဆိုသည်ရှိသော်၊ ၁၈ မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။ ၁၉ ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ပင်လယ်နီ (a) ၌ ချပစ်လေ၏။ အဲဂုတ္တုပြည် တလျှောက် လုံး၌ ကျိုင်းတစ်ကောင်မှ မကျန်ရစ်။ ၂၀ သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလ အမျိုးသားတို့ကို မလွှတ်ဘဲ နေပြန်လေ၏။


(၁၀) ဒဿမ နိမိတ်လက္ခဏာ ညမှောင်မိုက်
CROSS REFERENCES






၂၁ တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ မှောင်မိုက် သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ ဆန့်လော့၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၂၂ မောရှေသည် မိမိလက်ကို မိုးကောင်းကင်သို့ ဆန့်၍၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ [A] ၂၃ ထိုအခါ တစ်ယောက်ကို တစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။


ဖာရောမင်းက မောရှေကိုနှင်ထုတ်

၂၄ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ် ကြစေ၊ ဟုမိန့်တော်မူ၏။ ၂၅ မောရှေကလည်း၊ ​ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရာအား ယဇ်ပူဇော်စရာဖို့ ယဇ်ကောင်များ၊ မီးရှို့ရာ ပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။ ၂၆ ​ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တစ်ကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့ထဲက ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဖို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သော အကောင်နှင့် ဝတ်ပြုရမည်ကို၊ ထိုအရပ်သို့ မရောက်မှီ မသိပါ၊ ဟုဆိုလေသော်၊ ၂၇ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလ အမျိုးသားတို့ကို မလွှတ်။ ၂၈ မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်၊ ဟုမိန့်တော်မူ၏။ ၂၉ မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန် မမြင်ပါ၊ ဟုလျှောက်ဆို၏။

_________________________
Footnotes


၁၉ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ "ပင်လယ်နီ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.