-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၃


တရားသဖြင့် စီရင်ရမည်

သင်သည် မှားသော သတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကို မခံရ။ လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွှဲစေခြင်းငှာ မပြောရ။ ဆင်းရဲသော သူဘက်၌လည်း မငဲ့ကွက်ရ။ သင်သည် ရန်သူ၏ မြင်းနွားလမ်းလွဲသည်ကို တွေ့မြင်လျှင် အမှန်ပြန်ပို့ရမည်။ သင့်ကို မုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သောဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။ မဟုတ်မမှန်သော အမှုကိုရှောင်ရမည်။ အပြစ်မရှိသောသူ၊ ​ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသောသူကို အပြစ်မလွှတ်။ သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏ မျက်စိကိုကွယ်စေ၍၊ ​ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။ တစ်​ကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ခဲ့ဖူးသောကြောင့်၊ ဧည့်သည်၏ စိတ်သဘောကို သိကြ၏။



သတ္တမနှစ်နှင့် သတ္တမနေ့တွင် အလုပ်နားပါ

၁၀ ​ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကိုသိမ်းရမည်။ ၁၁ သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသော အမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။ ၁၂ ​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏ နွားမြည်းတို့သည် ငြိမ်ဝပ်စွာ နေသောအခွင့်ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။ ၁၃ ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏ နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။



တစ်နှစ်တွင်သုံးကြိမ်ပွဲခံရမည်

၁၄ တစ်နှစ်တွင် သုံးကြိမ် ငါ့အဖို့ ပွဲခံရမည်။ ၁၅ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ (Abib) ချိန်းချက်သော နေ့ရက် အချိန်၌ အဇုမပွဲ (တဆေးမဲ့မုန့်ပွဲ) ကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကိုစားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ ၁၆ လယ်လုပ်၍ အသီးအနှံကို သိမ်းစရာရှိသည် ကာလသိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း၊ ခံရမည်။ ၁၇ သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တစ်နှစ်လျှင် သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။ ၁၈ ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသော မုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။ ၁၉ သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သူငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။


ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်

၂၀ ကြည်ရှု့လော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ ၂၁ ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသော အပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။ ၂၂ အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်း ပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း၊ ငါဆီးတားမည်။ ၂၃ ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။


ရုပ်တု ဆင်းတုများ ဝတ်မပြုရ

၂၄ သူတို့ဘုရားများကို ဦးမချ၊ ဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတု များကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။ ၂၅ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။ ၂၆ သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တမ်းကို ငါစုံလင်စေမည်။ ၂၇ ငါ့ကို ကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသော လူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။ ၂၈ ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။ ၂၉ ထိုလူများကို တစ်နှစ်ချင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တစ်ဘက်၌ များပြားလိမ့်မည်။ ၃၀ သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည် တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်း ငါနှင်ထုတ်မည်။


ဘုရားပေးသော နယ်နိမိတ်

၃၁ သင်နေရာ နယ်အပိုင်းအခြားကို၊ ပင်လယ်နီ(a) မှသည် ဖိလိတ္တိပင်လယ် တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း၊ ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။ ၃၂ သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။ ၃၃ သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်း အမှန်ဖြစ်လိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူ၏။

_________________________
Footnotes


၃၁ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ "ပင်လယ်နီ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.