-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၅

ဥပုသ်နေ့
CROSS REFERENCES






မောရှေသည်၊ ဣသရေလအမျိုး ပရိသတ် အပေါင်းကို စည်းဝေးစေ၍၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ ကျင့်ဝတ်တရား ဟူမူကား၊ ​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ [A] ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား အသေခံရမည်။ သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကိုမမွေးရ၊ ဟုဆင့်ဆို၏။


တဲတော်အတွက်အလှူ

တဖန်မောရှေသည်၊ ဣသရေလ အမျိုးသား ပရိသတ်အလယ်၌ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်ကား၊ သင်တို့တွင် ထာဝရဘုရားအား လှူသောအလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသောသူတို့သည်၊ ရွှေ၊ ငွေ၊ ​ကြေးဝါ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊ လိမ်းရန်ဆီဖော်ဖို့၊ မီးရှို့ရာ နံ့သာပေါင်း မွှေးဖော်ဖို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာ ကျောက်မြတ်တည်းဟူသော၊ ထာဝရဘုရားအား လှူသောအလှူကို ဆောင်ခဲ့ကြလော့။


တဲတော်အတွက်လုပ်ခိုင်း

၁၀ သင်တို့တွင် လိမ္မာသောသူ ရှိသမျှတို့သည် လာ၍၊ ၁၁ တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ​ခြေစွပ်တို့ကို၎င်း၊ ၁၂ သေတ္တာနှင့်သူ၏ ထမ်းပိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊ ၁၃ စားပွဲနှင့်သူ၏ထမ်းပိုး၊ သူ၏ တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊ ၁၄ မီးထွန်းစရာဖို့ မီးခုံနှင့် သူ၏တန်ဆာမီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊ ၁၅ နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းပိုး၊ လိမ်းရန်ဆီ၊ မွှေးသောနံ့သာပေါင်း၊ တဲတော်တံခါးဝကာရန် ကုလားကာကို၎င်း၊ ၁၆ မီးရှို့ရာယဇ် ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းပိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ ၁၇ တဲတော်ဝင်း ကုလားကာ၊ တိုင်၊ ​ခြေစွပ်၊ ဝင်းတံခါးဝ ကာစရာ ကုလားကာကို၎င်း၊ ၁၈ တဲတော်တံသင်၊ ဝင်းတံသင်ကြိုးများကို၎င်း၊ ၁၉ သန့်ရှင်းရာဌာန၌ အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း လုပ်ရကြမည်၊ ဟုဆင့်ဆို၏။


ပစ္စည်းလှူကြ

၂၀ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ မောရှေထံမှ ထွက်သွားကြ၍၊ ၂၁ မိမိ စိတ်နှလုံး နှိုးဆော်သောသူ၊ ကြည်ညိုသော စေတနာစိတ်သဘော ရှိသောသူ အပေါင်းတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်လုပ်ဖို့၎င်း၊ အမှုတော်ထမ်းစရာဖို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကို ဆောင်လျက်လာကြ၏။ ၂၂ ကြည်ညိုသော စေတနာစိတ်ရှိသော ယောကျ်ားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအား ရွှေကိုလှူကြ၏။ ၂၃ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေ ရှိသောသူတိုင်း ဆောင်ခဲ့၏။ ၂၄ ငွေနှင့်​ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့် ယှဉ်သော အလုပ်လုပ်စရာဖို့၊ အကာရှသစ်သား ရှိသောသူတိုင်းလည်း ဆောင်ခဲ့လေ၏။ ၂၅ ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။ ၂၆ မိမိ ဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။ ၂၇ သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊ ၂၈ မီးထွန်းစရာဖို့၊ လိမ်းရန်ဆီဖော်ဖို့၊ မီးရှို့ရာ နံ့သာပေါင်းမွေး ဖော်ဖို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်း၊ ဆောင်ခဲ့ကြ၏။ ၂၉ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုး ရှိသမျှအဖို့၊ ဣသရေလ အမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော်သော ယောကျ်ားမိန်းမ အပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူကြ၏။


ဗေဇလေလနှင့်အဟောလျဘ

၃၀ တဖန်မောရှေက၊ နာထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။ ၃၁ သူသည် ရွှေငွေ​ကြေးဝါကို လုပ်သောအတတ်၊ ၃၂ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အ ကြောင်း၊ ၃၃ ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ် အမျိုးမျိုးကိုပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။ ၃၄ သူနှင့်ဒန်အမျိုးသား အဟိသမက်၏ သားအဟောလျဘသည်၊ သူတပါးအား အတတ်သင် ပေးနိုင်မည် အကြောင်း၊ ဥာဏ်ကို ပေးတော်မူပြီ။ ၃၅ ထိုသူတို့သည် ထုလုပ်တတ်သော သူ၏အလုပ်၊ ဆန်းပြားသော လက်သမား ၏အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သော သူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သော သူ၏အလုပ်၊ ထူးဆန်းစွာ ကြံစည်တတ်သော သူ၏အလုပ် အမျိုးမျိုးတို့ကို လုပ်တတ်မည်အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံစေတော်မူပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.