-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂


မောရှေမွေးဖွား၍ ဖာရောဘုရင်သမီးက မွေးစား
CROSS REFERENCES






ထိုကာလ၌ လေဝိအမျိုးသား တစ်ယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊ မိန်းမသည် ပဋိသန္ဓေ [A] ယူသဖြင့်၊ သားယောကျ်ားကို ဖွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။ နောက်တဖန် ဖွက်၍ မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သော ပုခက်ကိုယူ၍၊ ရေညှိနှင့်သစ်စေးဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ အဝေး၌ ရပ်နေလေ၏။ ဖာရောဘုရင်၏ သမီးတော်သည် ရေချိုးခြင်းငှာ ဆင်းလာ၍၊ ​ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မတစ်ယောက်ကို စေလွှတ်လေ၏။ ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ​ကျွန်မသွား၍ ခေါ်ရပါမည်လော၊ ဟုဖာရောဘုရင်သမီးတော်အား မေးလျှောက်၍၊ မင်းသမီးက သွားလော့၊ ဟုအခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကို ခေါ်လေ၏။

ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော့။ အခကို ငါပေးမည်၊ ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။ ၁၀ သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှေအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲက ငါနှုတ်ယူသည်၊ ဟုဆိုသတည်း။


မောရှေ မိမိလူမျိုးကို ကူညီ၍ အဲဂုတ္တုလူသတ်

၁၁ မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ ရှိရာသို့သွား၍၊ သူတို့ အမှုထမ်းရသော အခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသား ဟေဗြဲလူတစ်ယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊ ၁၂ ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှ မရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကို သတ်၍ သဲထဲ၌ မြုပ်ထားလေ၏။ ၁၃ နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူ နှစ်ယောက်တို့သည် အချင်းချင်း သတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့် ရိုက်သနည်း၊ ဟုညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊ ၁၄ ထိုသူက၊ အဘယ်သူသည် သင့်ကိုငါတို့အပေါ်မှာ အကဲအမှူး၊ တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့၊ ငါ့ကိုသတ်လိုသလော၊ ဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီ၊ ဟုသိ၍ကြောက်လေ၏။ ၁၅ ထိုသိတင်းကို ဖာရောဘုရင် ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှာ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။


မောရှေမိဒျန်တော၌ ထွက်ပြေး မိန်းမယူ
CROSS REFERENCES






၁၆ ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှာ လာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။ ၁၇ သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌ နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။ ၁၈ ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက်လာရကြသနည်း၊ ဟုမေးလေ၏။ ၁၉ သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အ​ကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်၊ ဟုပြန်ပြော၏။ ၂၀ အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြ၊ ဟုဆိုလေ၏။ ၂၁ မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရ (Zipporah) ကို မောရှေအား ထိမ်းမြားပေးစားလေ၏။ ၂၂ ထိုမိန်းမဖွားသောသားကို ဂေရရှုံ (Gershom) အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည် တ​ကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီ ဟုဆိုသတည်း။ [B]


ဣသရေလ အမျိုးသားတို့ ညည်းတွားငိုကြွေးသံ ဘုရားကြား

၂၃ ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလ အမျိုးသားတို့လည်း အစေကျွန် ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေ​ကျွန်ခံ၍ ငိုကြွေးသောအသံသည်၊ ဘုရားသခင် ထံတော်သို့ တက်ရောက်လေ၏။ ၂၄ သူတို့ညည်းတွား၊ မြည်တမ်းခြင်းအသံကို ဘုရားသခင် ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဘူးသော ပဋိညာဉ်ကို အောက်မေ့တော်မူ၏။ ၂၅ ဘုရားသခင်သည်လည်း၊ ဣသရေလ အမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.