-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃


ဟောရပ်တောင်၌ မောရှေကိုဘုရားကခေါ်

မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော (Jethro) ၏ သိုးဆိတ်များကိုထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ် (Horeb) အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ချုံထဲကထွက်သော မီးလျှံ၌ ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမ​ကျွမ်းဘဲ ရှိသည်ကိုမြင်လျှင်၊ အဘယ်ကြောင့် ချုံမ​ကျွမ်းဘဲ ရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ ကြည့်ရှုမည်ဟုဆို၏။ မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရား မြင်တော်မူလျှင်၊ မောရှေ၊ မောရှေ၊ ဟုချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အ​ကျွန်ုပ်ရှိပါ၏၊ ဟုလျှောက်လေ၏။ ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေ ဖြစ်သည်ဟူ၍၎င်း၊ ငါသည် သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည်ဟူ၍၎င်း၊ မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကို မကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။


ဘုရားက မောရှေကို ဣသရေလအမျိုးသားများ ကယ်ဖို့ပြော
CROSS REFERENCES






ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့ မြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ နာကြည်းခြင်း ဝေဒနာကို ငါသိ၏။ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးတတ်သောပြည် [A]သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။ ယခုတွင်လည်း ဣသရေလ အမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။ ၁၀ ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏ လူဣသရေလအမျိုးသားတို့ကို၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်အကြောင်း၊ သင့်ကို ဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်၊ ဟုမိန့်တော်မူ၏။


ဘုရားက မောရှေကို စေလွှတ်

၁၁ မောရှေကလည်း၊ အ​ကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်း၊ ဟုဘုရားသခင်အား လျှောက်လျှင်၊ ၁၂ ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ ရှိလိမ့်မည်။ ငါသည် သင့်ကို စေလွှတ်ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင်သည် ထိုလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၃ မောရှေကလည်း၊ အ​ကျွန်ုပ်သည် ဣသရေလ အမျိုးသားတို့ရှိရာသို့ ရောက်၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ၊ ဟုအ​ကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်း၊ ဟုအ​ကျွန်ုပ်ကို ပြန်၍မေးသောအခါ၊ အဘယ်သို့ ပြန်ပြောရပါမည်နည်း ဟုဘုရားသခင်အား မေးလျှောက်လေ၏။ ၁၄ ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်၊ ဟုအမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ၊ ဟုဣသရေလ အမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။


နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်
CROSS REFERENCES






၁၅ တဖန် ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ၊ ဟုဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုး အစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။ ၁၆ သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော်မူလျက်၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အား ပြုသောအမှုကို ငါမြင်ပြီ။ ၁၇ အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့်ပျားရည်စီးတတ်သောပြည် [A]သို့ပို့ဆောင်မည်၊ ငါကတိရှိသည်၊ ဟုမိန့်တော်မူပြီ၊ ဟုသူတို့အား ပြောလော့။


ဣသရေလလူတို့သည် ကြွယ်၀စွာ ထွက်သွားကြမည်

၁၈ သူတို့သည် သင်၏စကားကို နားထောင်၍၊ သင်သည် ဣသရေလ အမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင် ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားသည် အ​ကျွန်ုပ်တို့နှင့် တွေ့တော်မူပြီ။ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားအား၊ ယဇ်ပူဇော်ခြင်းငှာ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါ ဟုလျှောက်ရမည်။ ၁၉ အဲဂုတ္တု ရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသောအခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။ ၂၀ ငါသည်လည်း လက်ကိုဆန့်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သော ငါ၏အံဘွယ်သော အမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုပြည် ရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည်။ ၂၁ ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသောအခွင့်ကို ငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်းမသွားရကြ။ ၂၂ အကြောင်းမူကား၊ မိန်းမတိုင်း မိမိအိမ်နီးချင်း၊ မိမိအိမ်မှာ တည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာကိုလုယူကြလိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.