-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၇


ဖာရောမင်း၏စိတ်ကို ခိုင်မာစေမည်

ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ ပရောဖက် ဖြစ်ရလိမ့်မည်။ ငါမိန့်တော်မူသမျှတို့ကို သင်သည်ပြန်ပြောရမည်။ ဖာရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှ လွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌ လျှောက်ရမည်။ ငါသည်လည်း ဖာရောမင်း၏ နှလုံးကိုခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို များပြားစေမည်။ သို့သော်လည်း ဖာရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲ နေလိမ့်မည်။ ငါသည်လည်း ငါ့လက်ကို အဲဂုတ္တုပြည်အပေါ်မှာ တင်၍၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်။ ထိုသို့ အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလ အမျိုးသားတို့ကို သူတို့အထဲမှ နှုတ်ဆောင်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်၊ ဟုမောရှေအားမိန့်တော်မူ၏။ မောရှေနှင့် အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း ပြုကြ၏။ ဖာရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏ အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ့်သုံးနှစ် ရှိ၏။


(၁) ပဌမဦးဆုံး နိမိတ်လက္ခဏာ လှံတံမြွေဖြစ်စေ

တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်ကား၊ ဖာရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသောတန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏လှံတံကိုယူ၍ ရှေ့တော်၌ ချလော့၊ ဟုအာရုန်အား ပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၀ မောရှေနှင့်အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုသဖြင့်၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။ ၁၁ ထိုအခါ ဖာရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သော သူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာတို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍၊ ၁၂ မိမိတို့ကိုင်သောလှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏လှံတံများကို မျိုလေ၏။ ၁၃ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။၁၄ ထာဝရဘုရားကလည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။


(၂) ဒုတိယ နိမိတ်လက္ခဏာ ရေအသွေးဖြစ်စေမည်

၁၅ နံနက်အချိန်၌ ဖာရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင်သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သောလှံတံကိုလည်း လက်တွင်ကိုင်လော့။ ၁၆ ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့၊ ဟုအမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲ နေပါသည်တကား။ ၁၇ ထာဝရဘုရားက၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်သည် အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့် မည်။ ၁၈ မြစ်၌ ရှိသော ငါးတို့သည် သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေကို ရွံကြလိမ့်မည်အကြောင်းကို ပြန်ပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။



ရေအသွေးဖြစ်စေသော်လည်း ဖာရောနှလုံးခိုင်မာ

၁၉ တဖန် ထာဝရဘုရားသည် မောရှေကို မိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တလျှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေးရှိလိမ့်မည် အကြောင်းကို ပြောလော့၊ ဟုမိန့်တော်မူ၏။ ၂၀ မောရှေနှင့်အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည် အတိုင်းပြု၍၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကိုရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။ ၂၁ မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေ နံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည် တလျှောက်လုံး၌ အသွေးနှံ့ပြားလျက်ရှိလေ၏။ ၂၂ အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထို့အတူပြုကြ၏။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည်နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။ ၂၃ နန်းတော်သို့ လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။ ၂၄ ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကို ရခြင်းငှာ မြစ်နားမှာတွင်းတူးကြ၏။ ၂၅ ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.