-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၄

ပထမပဋိညာဉ် ဘုရားနှင့်ဣသရေလ လက်ထပ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






တဖန် ထာဝရဘုရားက၊ သင်သည်အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရား အထံတော်သို့တက်၍၊ သူတို့သည် ဝေးဝေး ကိုးကွယ်ကြစေ။ သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြ၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း လူများတို့ရှိရာသို့ လာ၍၊ ထာဝရဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊ အ​ကျွန်ုပ်တို့ ပြုပါမည် [A] ဟုတစ်သံတည်း ပြန်ပြောကြ၏။ မောရှေသည် ထာဝရဘုရား၏ စကားတော် အလုံးစုံတို့ကို ရေးထားပြီးမှ၊ [B](a) နံနက်စောစောထ၍၊ တောင်​ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တစ်ဆယ့်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ့်နှစ်တိုင်ကို၎င်း၊ တည်လေ၏။ ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။ မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။ [C] ပဋိညာဉ်စာကိုလည်း ယူ၍၊ [D](a) ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း အ​ကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်၊ [E] ဟုပြောဆိုကြ၏။ [F] မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရား ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်၊ ဟု [G] ပြောဆို၏။


ဘုရားသခင်ကိုမြင်ကြ

ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိ၊ ဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည် တက်၍၊၁၀ ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ​ခြေတော်အောက်၌ နီလာကျောက်ဖြင့် ပြီးသော ကျောက်ခင်းကဲ့သို့ ၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း၊ ထင်လေ၏။ ၁၁ ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော်လည်း၊ စားသောက်လျက် နေကြ၏။


မောရှေနှင့်ယောရှု တောင်ပေါ်သို့တက်

၁၂ ထာဝရဘုရားကလည်း၊ ငါရှိရာ တောင်ပေါ်သို့တက်၍ နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်၊ ဟုမောရှေအား မိန့်တော်မူပြီးလျှင်၊ ၁၃ မောရှေသည် မိမိလက်ထောက် ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။ ၁၄ အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေ၊ ဟုမှာထားလေ၏။၁၅ မောရှေသည် တောင်တော်ပေါ်သို့ တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ ၁၆ ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာ ထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။ ၁၇ ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သော မီးကဲ့သို့ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။ ၁၈ မောရှေသည် မိုးတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍၊ အရက် လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။

_________________________
Footnotes


နှင့် (a) ပညတ်တော် ဆယ်ပါးသည် ဘုရားကိုယ်တိုင်ရေးသည် (ထွက် ၃၁း၁၈)။ ပဋိညာဉ်စာမူကား မောရှေရေးထားသည်။ (ထွက် ၂၄း၄) ၌ မောရှေရေးထားသော "ထာဝရဘုရား၏စကား" ကို ထွက်၂၄း၇ ၌ "ပဋိညာဉ်စာ" ဟုခေါ်၍၊ (ဟေဗြဲ ၉း၁၉) ၌ "ကျမ်းစာ"ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.