-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၉


ပဌမ ပဋိညာဉ်တရား၊ ဘုရားနှင့်ဣသရေလစေ့စပ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တစ်ရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။ ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။ မောရှေသည် ဘုရားသခင့် ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊ ငါသည် အဲဂုတ္တုပြည် လူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို လင်းယုန်အတောင်ဖြင့် ထမ်း၍ [A] ကိုယ်ဖို့ သိမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ [B] ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင်၊ [C] (a) အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ [D](b) မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ [E]သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်၊ ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။


ဣသရေလအမျိုးသားတို့ ကတိပြုကြ
CROSS REFERENCES






မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အ​ကျွန်ုပ်တို့သည် ပြုပါမည်၊ [F] ဟုတညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့် ငါပြောသောအခါ လူများတို့သည်ကြား၍ အစဉ်အမြဲ သင့်ကိုယုံမည်အကြောင်း၊ မိုးတိမ်တိုက်၌ သင့်ဆီသို့ငါလာမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။


ထာ၀ရဘုရားဆင်းသက်မည် သန့်ရှင်းစေ

၁၀ ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်၍၊ ၁၁ သုံးရက်မြောက်သော နေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။ ၁၂ လူတို့ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်​ခြေရင်းကို မထိရအောင် သတိပြုကြ၊ ဟုဟောပြောလော့။ တောင်ကို ထိမိသောသူ မည်သည်ကား၊ ဧကန်အမှန်အသေခံစေ။ ၁၃ ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့် ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ ၁၄ မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။ ၁၅ မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်၊ ဟုလူတို့အား ဆိုလေ၏။


သိနာတောင်ပေါ်သို့ ထာ၀ရဘုရားဆင်း
CROSS REFERENCES






၁၆ သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက် လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ [G] ၁၇ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲက ဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်​ခြေရင်းအောက်၌ ရပ်နေကြ၏။ ၁၈ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။ [H] ၁၉ တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။ ၂၀ ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ၂၁ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်၊ ဟုစိုးရိမ်စရာရှိသောကြောင့် ဆင်း၍သတိပေးလော့။ ၂၂ ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၃ မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့၊ ဟုမှာထားတော်မူပြီ၊ ဟုထာဝရဘုရားအား ပြန်လျှောက်လေ၏။ ၂၄ ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့် အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရား ထံသို့တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည်၊ ဟုမိန့်တော်မူ၏။ ၂၅ မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။

_________________________
Footnotes


(a)

(၁) ထာဝရဘုရားက ဣသရေလလူများအား ပဋိညာဉ် စောင့်ရှောက်ဖို့ ပြောခြင်းသည် လင်မယားဖြစ်ဖို့ စေ့စပ်ခြင်းဖြစ်သည်။ (ထွက် ၁၉း၅-၆)။

(၂) ထာဝရဘုရားသည် ဣသရေလလူများ၏ လင်ဖြစ်သည် (ဟေရှာယ ၅၄း၅။ ယေရမိ ၂း၂။ ယေရမိ ၃း၁၄။ ယေရမိ ၃၁း၃၂။ ယေဇ ၁၆း၈။ ယေဇ ၂၃း၄)။

(၃) သူတို့သည် အသွေးအားဖြင့် လက်ထပ်ကြသည် (ထွက် ၂၄း၃-၈)။

(၄) ဣသရေလသည် နွားရုပ်တု ပြုလုပ်ကိုးကွယ်ခြင်းဖြင့် သစ္စာဖောက်သည်(ထွက် ၃၂း၁-၆)။

(၅) ဣသရေလ လူမျိုးများသည် ပြည့်တန်ဆာလုပ်၍ ဘုရားသခင်က ကွာစာပေးသည် (ယေရမိ ၃း၈)။

(၆) ထာဝရဘုရားနှင့် ဣသရေလလူမျိုးများ ပဋိညာဉ်အသစ် ပြန်လုပ်မည် (ယေရမိ ၃၁း၃၁-၃၄)။

(b) ဘုရားသခင်က ဣသရေလ လူမျိုးများသည် "သူ၏ဘဏ္ဍာဖြစ်မည်" ဟုဆိုခြင်းသည်၊ သူတို့ကို တန်ဘိုးထားမည်၊ ဂရုစိုက်မည်၊ စောင့်ရှောက်မည်၊ သတိရနေမည်၊ ဟုဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ခရစ်တော်က "အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။" ဟုဆိုသည် (မဿဲ ၆း၂၁)။ ဘုရားသခင်က ဣသရေလလူမျိုးများထံ၊ "မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကိုငါမမေ့လျော့။" ဟုဆိုခဲ့သည် (ဟေရှာယ ၄၉း၁၅)။ ထို့ကြောင့် ဘုရား၏စိတ်နှလုံးသည် ဘဏ္ဍာဖြစ်သော ဣသရေလလူမျိုးများ ထံရောက်နေသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.