-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၅

လက်ဆောင်ပဏ္ဏာကိုဆောင်
CROSS REFERENCES






ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးသားတို့သည်၊ ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသော စေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။ ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ​ကြေးဝါ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွှေး။ အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။ လိမ်းရန်ဆီဖော်ဖို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဖော်ဖို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာ ကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။ ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။ [A] ငါပြသမျှသော တဲတော်ပုံ၊ တဲတော် တန်ဆာပုံနှင့် အညီလုပ်ရမည်။


ပဋိညာဉ်သေတ္တာ

၁၀ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ စောက်တစ်တောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။ ၁၁ သေတ္တာအပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။ ၁၂ ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာ နှစ်ကွင်းစီတပ်ရမည်။ ၁၃ အကာရှသားထမ်းပိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ ၁၄ သေတ္တာထမ်းစရာဖို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။ ၁၅ ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်၊ အစဉ်ရှိစေရမည်။ ၁၆ ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။


ကရုဏာပလ္လင်

၁၇ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ ရှိသော ကရုဏာပလ္လင် (a) ကိုလည်း ရွှေနှင့်လုပ်ရမည်။ ၁၈ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း ကရုဏာပလ္လင်တွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။ ၁၉ ထိုခေရုဗိမ်နှစ်ပါးကို ကရုဏာပလ္လင်ကိုယ်ထဲက ထုတ်၍၊ ကရုဏာပလ္လင်အပေါ်၌ တဘက်တပါး စီလုပ်ပြီးလျှင်၊ ၂၀ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ ကရုဏာပလ္လင်ကို ရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ ကရုဏာပလ္လင်ကို မိုးရမည်။ ၂၁ ကရုဏာပလ္လင်ကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးမည့်(b) သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။ ၂၂ ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက် ထားသော ကရုဏာပလ္လင် အပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလ အမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။


ရှေ့တော်မုန့်တင်သော စားပွဲ

၂၃ အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာ ရှိသော စားပွဲကိုလည်း အကာရှသားနှင့်လုပ်၍၊ ၂၄ ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ် နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊ ၂၅ အနံလက်တစ်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။ ၂၆ ရွှေလေးကွင်းကိုလည်း လုပ်၍၊ ​ခြေထောက်လေးခုအထက် စားပွဲလေးထောင့်၌ တပ်ရမည်။ ၂၇ ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းပိုးနေရာ ဖြစ်ရမည်။ ၂၈ စားပွဲထမ်းစရာ အကာရှသား ထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ၂၉ စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့်လုပ်ရမည်။ ၃၀ ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။


ရွှေမီးခုံ

၃၁ မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင် အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်း ထုရမည်။ ၃၂ မီးခုံးတိုင် တဘက်တချက် သုံးလက်စီထွက်၍၊ အလက်​ခြောက်လက် ရှိရမည်။ ၃၃ မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိရမည်။ ၃၄ မီးခုံတိုင်၌ လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်လေးခွက်ရှိရမည်။ ၃၅ မီးခုံတိုင်ထဲက ထွက်သော အလက်​ခြောက်လက် ရှိသည်အတိုင်း၊ အလက်နှစ်ဖက်အောက်၌လည်း ဘူးသီးတလုံး စီရှိရမည်။ ၃၆ ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍၊ မီးခုံတစ်ကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။ ၃၇ မီးခွက် ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။ ၃၈ မီးညှပ်ခံစရာ ခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။ ၃၉ မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက် တစ်ဆယ်နှင့်လုပ်ရမည်။ ၄၀ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။

_________________________
Footnotes



၁၇ (‌‌a) မူရင်းဟေဗြဲစလုံး כַפֹּ֖רֶת အင်္ဂလိပ်အသံထွက် ḵap·pō·reṯ ကိုအင်္ဂလိပ်စကား၌ "mercy seat" ဖြစ်၍ မြန်မာ ကျမ်းစာအုပ်၌ "သေတ္တာအဖုံး" ဟုဘာသာပြန်ထားသည်။

၂၁ (b) မြန်မာကျမ်းစာအုပ်၌ "ပေးသော" ဟုရေးထားသည်။ မပေးသေးပါ။ "ပေးမည့်" ဟုရေးရမည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.