-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၈


မီးရှို့ရာယဇ်ပလ္လင်ပြုလုပ်

တနည်းကား၊ အလျား ငါးတောင်၊ အနံ ငါးတောင်ရှိ၍ စတုရန်း လေးထောင့် ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။ ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့် လုပ်၍ ​ကြေးဝါနှင့် မွမ်းမံလေ၏။ အိုးနှင့်တကွ တူရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင် နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို​ ကြေးဝါနှင့် လုပ်လေ၏။ ​ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင် ခါးပန်းအောက် အလယ်၌ထား၍၊ ထမ်းပိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။ အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ​ကြေးဝါနှင့် မွမ်းမံပြီးမှ၊ ယဇ်ပလ္လင်ကို ထမ်းစရာဖို့ တဘက်တချက် ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့်လုပ်လေ၏။ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏​ ကြေးဝါမှန်များကိုယူ၍၊ ​ကြေးဝါအင်တုံနှင့်​ ကြေးဝါ​ခြေထောက်ကို လုပ်လေ၏။


တဲတော်ဝင်းအကာပြုလုပ်

တဲတော်ဝင်းကာရံမူကား၊ အလျား အတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။ ၁၀ ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်​ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။ ၁၁ ထိုနည်းတူ မြောက်ဘက်၌ ကာရန် အလျားအတောင် တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ​ကြေးဝါ​ခြေစွပ် နှစ်ဆယ်ရှိ၏။ ၁၂ အနောက်ဘက်၌ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ​ခြေစွပ်တစ်ဆယ်ရှိ၏။ ၁၃ အရှေ့ဘက်၌လည်း အတောင် ငါးဆယ်ရှိ၏။ ၁၄ တံခါးဝ တဘက်တချက်၌ကာရန် အလျားဆယ့်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ၁၅ ​ခြေစွပ်သုံးခုရှိ၏။ ၁၆ ဝင်းပတ်လည်၌ကာသော ကုလားကာ ရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။ ၁၇ တိုင်တို့သည် ကြေးဝါ​ခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့် ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ်၏။


ဝင်းတံခါးဝ

၁၈ ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာ၊ အလျား အတောင်နှစ်ဆယ်၊ အမြင့် ငါးတောင်ရှိ၍၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ်၏။ ၁၉ ဝင်းတံခါးဝ တိုင်လေးခုရှိ၍၊ ​ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ၏။ ၂၀ တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှတို့သည်​ကြေးဝါ တံသင်ဖြစ်ကြ၏။ ၂၁ ဤရွေ့ကား၊ မောရှေ စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။


ဗေဇလေလနှင့်အဟောလျဘ

၂၂ မောရှေအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ယုဒအမျိုးသား ဟုရ၏သားဖြစ်သော၊ ဥရိ၏သား ဗေဇလေလသည် လုပ်လေ၏။ ၂၃ ထိုမှတပါး၊ ထုလုပ်တတ် သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအတည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘလည်း ရှိ၏။


တဲတော်အတွက် ရွှေငွေနှင့် ကြေးဝါသုံးသမျှ

၂၄ သန့်ရှင်းရာဌာနတော်ပြီးအောင် လှူ၍လုပ်သော ရွှေချိန်ပေါင်ကား၊ အကျပ်တော်အတိုင်း အခွက် နှစ်ရာကိုးဆယ့်ခုနစ်ပိဿာ သုံးဆယ်ဖြစ်သတည်း။ ၂၅ စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်ကား၊ အကျပ်တော်အတိုင်း၊ အခွက်တစ်ထောင်နှင့် တစ်ဆယ့်ခုနစ်ပိဿာ ခုနစ်ဆယ့်ငါးကျပ် ဖြစ်သတည်း။ ၂၆ အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူ​ခြောက်သိန်း သုံးထောင် ငါးရာ့ငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ် တဝက်ဆီကို ပေးရကြ၏။ [A] ၂၇ ​ခြေစွပ်တခု၌ ငွေအခွက်တစ်ဆယ်စီ ဝင်သည်ဖြစ်၍၊ ငွေအခွက်တစ်ထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်း ကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တစ်ရာကို သွန်းလေ၏။ ၂၈ ကျန်သောငွေအခွက် တစ်ဆယ့်ခုနစ်ပိဿာ ခုနစ်ဆယ့်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကိုလုပ်၍ တိုင်ထိပ်များကို မွမ်းမံလေ၏။ ၂၉ လှူသောကြေးဝါပေါင်းကား အခွက် ခုနစ်ရာ့နှစ်ဆယ်နှင့် လေးပိဿာ ဖြစ်သတည်း။ ၃၀ ထို​ကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ​ ခြေစွပ်၊ ​ကြေးဝါယဇ်ပလ္လင်၊ ​ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင် တန်ဆာရှိသမျှကို၎င်း၊ ၃၁ ကာသောဝင်း​ခြေစွပ်၊ ဝင်းတံခါးဝ​ခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှကို၎င်း လုပ်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.