-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၁

ဗေဇလေလ

တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊ နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။ - သူသည် ရွှေငွေ​ကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ် အမျိုးမျိုးတို့ကို ငါပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။


အဟောလျဘ

သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူ အပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဥာဏ်ပညာကို ငါသွင်းထားပြီ။ ထိုသူတို့သည် ပရိသတ် စည်းဝေးရာ တဲတော်၊ သက်သေခံချက် သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော် တန်ဆာရှိသမျှကို၎င်း၊ စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သောပလ္လင်၊ မီးရှို့ရာ ယဇ်ပူဇော်သော ပလ္လင်တန်ဆာ ရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံ​ ခြေထောက်ကို၎င်း၊ ၁၀ အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ၁၁ လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဖို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်၊ ဟုမိန့်တော်မူ၏။


ဥပုသ်နေ့
CROSS REFERENCES






၁၂ တဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၊ ငါနှင့် သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာ သက်သေဖြစ်ရာဖို့၊ ငါ့ဥပုသ်နေ့ကို [A] စင်စစ်စောင့်ရကြမည်။ ၁၄ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ ၁၅ ​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သော သူမည်သည်ကား ဧကန်အမှန် အသေခံရမည်။ ၁၆ သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရ ပဋိညာဉ်ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသား စပ်ကြား၌ ထာဝရ လက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် မိုးကောင်းကင်နှင့် မြေကြီးကို ​ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်၊ ဟုမောရှေအား မိန့်တော်မူ၏။


ကျောက်ပြား နှစ်ပြားပေး

၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့် နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.