-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၄


ဘုရားက မောရှေအား လှံတံမြွေဖြစ်စေခွင့်ပေး

မောရှေကလည်း၊ ထိုသူတို့သည် အ​ကျွန်ုပ်ကိုမယုံ၊ အ​ကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မမူ၊ ဟုဆိုကြပါလိမ့်မည်၊ ဟုပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်း၊ ဟုမေးတော်မူလျှင်၊ လှံတံရှိပါ၏၊ ဟုလျှောက်၏။ မြေပေါ်မှာပစ်ချလော့၊ ဟုမိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။ ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဖမ်းလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဖမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။ သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည်၊ သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


မောရှေ၏လက်နူစေသော နိမိတ်ပြ

တဖန် ထာဝရဘုရားက၊ သင်၏လက်ကို သင်၏ရင်ခွင်သို့ သွင်းလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ လက်ကိုရင်ခွင်သို့ သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုးပွင့်အဆင်းကဲ့သို့ နူလေ၏။ တဖန် သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ တဖန် လက်ကိုရင်ခွင်သို့ သွင်း၍ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။ ထိုသူတို့သည် သင့်ကိုမယုံ၊ ပထမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။ သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသော ရေသည် ကုန်းပေါ်မှာ အသွေးဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။



မောရှေကဘုရားခိုင်းသောအရာ မလုပ်ချင်

၁၀ မောရှေကလည်း၊ အိုဘုရားရှင်၊ အ​ကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်​ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏၊ ဟုထာဝရဘုရားအား လျှောက်ဆို၏။၁၁ ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကား အ သောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ်လော။ ၁၂ သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ ပြောရမည်ကို သွန်သင်မည်၊ ဟုမိန့်တော်မူ၏။ ၁၃ မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါ၊ ဟုလျှောက်သော်၊


ဘုရားသခင်က အာရုန်သည် မောရှေကို ကူမည့်အကြောင်းပြော

၁၄ ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည်ကောင်းမွန်စွာ ပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကို ခရီးဦးကြိုပြုခြင်းငှာ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။ ၁၅ သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ ပြုရမည်ကို သွန်သင်မည်။ ၁၆ သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန် လုပ်၍၊ သင်၏ နှုတ်ကိုယ်စား ဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။ ၁၇ သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ ကိုင်ရမည်၊ ဟုမိန့်တော်မူ၏။


မောရှေသား၊ မယားနှင့် အဲဂုတ္တုပြည်သို့သွား

၁၈ မောရှေသည်လည်း ယောက္ခမ ယေသရောထံသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလော၊ ဟုကြည့်ရှုခြင်းငှာ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ ဟုဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာ သွားလော့ဟုပြန်ဆိုလေ၏။ ၁၉ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်းတို့သည် သေကြပြီ၊ ဟုမိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။ ၂၀ ထိုအခါ၊ မောရှေသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကို စီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကို လက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။


ဘုရားသခင်က မောရှေကို ထပ်မှာ

၂၁ ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့ သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။ ၂၂ ဖာရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။ ၂၃ ငါ့သားသည် ငါ့အားဝတ်ပြုသော အခွင့်ရှိစေခြင်းငှာ လွှတ်လော့။ မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါ့ကွပ်မျက်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုလော၊ ဟုမောရှေအား မှာထားတော်မူ၏။


မောရှေကို ကွပ်မျက်မည်ကြံ၍ သားများကို အရေဖျားလှီး
CROSS REFERENCES






၂၄ ခရီးသွားစဉ်တွင်၊ စခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍၊ ကွပ်မျက်ခြင်းငှာ ရှာကြံတော်မူ၏။ ၂၅ ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏​ခြေရင်း၌ ပြပ်ဝပ်လျက်၊ အကယ်စင်စစ် သင်သည် အ​ကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်၊ ဟုဆို၏။ ၂၆ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီး [A] မင်္ဂလာကြောင့်၊ သင်သည် အ​ကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်၏၊ ဟုဆိုသတည်း။


အာရုန်က မောရှေကိုကြိုဆို

၂၇ ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှာ တောသို့သွားလော့ ၊ ဟုအာရုန်အား မိန့်တော်မူသည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကိုတွေ့၍ နမ်းခြင်းကိုပြု၏။ ၂၈ မောရှေသည်လည်း၊ မိမိကို စေလွှတ်တော်မူသော ထာဝရဘုရား၏ စကားတော် အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အား ကြားပြောလေ၏။


အာရုန်နှင့်မောရှေ ဣသရေလအမျိုးသားများထံသွား

၂၉ ထိုသူ ညီနောင်နှစ်ပါးတို့သည်သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ ၃၀ အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကို ပြလေ၏။ ၃၁ ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှု ကြွတော်မူသည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း၊ ကြားသောအခါ ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.