-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၀


ပညတ်တော်ဆယ်ပါး [A]
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက် မိုးကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက် ရေထဲ၌၎င်း၊ ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ၊ ဝတ်မပြုနှင့်။ [B] အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သဝန်တိုတတ်သော ဘုရား၊(a) ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေး၊ စီရင်သော ဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုး အစဉ်အဆက်၊ အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိ၊ ဟုထာဝရဘုရား မှတ်တော်မမူ။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ [C] ​ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ ၁၀ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ​ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို​ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ ၁၂ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။ [D] ၁၃ လူအသက်ကို မသတ်နှင့်။ [E] ၁၄ သူ့မယားကို မပြစ်မှားနှင့်။ [F] ၁၅ သူ့ဥစ္စာကို မခိုးနှင့်။ [G] ၁၆ ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကိုမခံနှင့်။ [H] ၁၇ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက် လိုချင်သောစိတ် မရှိစေနှင့်။ [I] ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယား၊ သူ၏​ကျွန် ယောက်ျားမိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာ တစ်စုံတခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်၊ ဟုမိန့်တော်မူ၏။


လူများက ထာဝရဘုရားကို ကြောက်ကြ
CROSS REFERENCES





CROSS REFERENCES






၁၈ လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ [J] တံပိုးသံမြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍အဝေး၌ ရပ်နေကြ၏။ ၁၉ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင်ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။ ၂၀ မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ [K] သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှါ၎င်း၊ (a) [L] ဘုရားသခင် ကြွလာတော်မူပြီ၊ ဟုလူများတို့အားပြောဆို၏။ ၂၁ လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင် ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ၏။ ၂၂ ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။ ၂၃ ငါ့ကိုကိုးကွယ်သော အမှု၌ ကိုယ်သုံးဖို့ ငွေဘုရား၊ ရွှေဘုရားကို မလုပ်ရ။ ၂၄ ငါ့အဖို့ မြေယဇ်ပလ္လင်ကို တည်ရမည် ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာ အရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။ ၂၅ သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဖို့တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။ ၂၆ သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ "အပြစ်ရှိသည်၊ ဟုယုံလွယ်သော" ဟုဘာသာပြန်ထားသည်။ ထိုအရာသည်၊ မူရင်းဟေဗြဲ စကားလုံး קַנָּ֔א အသံထွက် "qan·nā" အင်္ဂလိပ်လို "jealous" မြန်မာလို "သဝန်တို" ဖြစ်သည်။
CROSS REFERENCES






၂၀ (b) ဘုရားကိုကြောက်ရမည့်အကြောင်းကျမ်းပြိုင်များ [L]


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.