-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၈

အာရုန်နှင့်သားများ ယဇ်ပုရောဟိတ်ခန့်

သင်၏အစ်ကို အာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏သား တည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလ အမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ ခန့်ထားလော့။


ယဇ်ပုရောဟိတ်အဝတ်

သင်၏အစ်ကို အာရုန်၌ ဘုန်းအသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကိုလုပ်၍ ပေးရမည်။ အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှာ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည်အကြောင်း မှာထားရမည်။ လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သော အင်္ကျီ၊ ဗောင်း၊ ခါးပန်း၊ တည်းဟူသော သင်၏အစ်ကို အာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသော အဝတ်ကိုလုပ်ခြင်းငှာ၊ ရွှေနှင့် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။ ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။ သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ်နား ချင်း တွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။ သင်တိုင်း အပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။ ရှဟံကျောက် နှစ်လုံးကိုယူ၍၊ ဣသရေလ အမျိုးတစ်ဆယ့်နှစ်မျိုးကို၊ ၁၀ အသက်အကြီးအငယ်အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည် ခြောက်ခုစီ အက္ခရာတင်ရမည်။ ၁၁ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။ ၁၂ ဣသရေလ အမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်း သိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလ အမျိုးသားတို့ကို အောက်မေ့စေခြင်းငှာ၊ သူတို့နာမည်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ ၁၃ ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။ ၁၄ အဆုံး၌ တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။


ဗျာဒိတ်ရင်ဖုံး

၁၅ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။ ၁၆ နှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။ ၁၇ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပထမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ ၁၈ ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊ ၁၉ တတိယအတန်းကား၊ ဝှါကိန္တု၊ မဟူရာ၊ ဂေါ်မိတ်။ ၂၀ စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။ ၂၁ ဣသရေလအမျိုး တစ်ဆယ့်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌ ၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည် အသီးအဦးတို့ကို တင်လျက်၊ ကျောက်တလုံးလျှင် နာမည်တစ်ပါး စီပါရမည်။ ၂၂ ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊ ၂၃ ကျစ်သောရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ၂၄ ထိုရွှေကွင်း၌တပ်၍၊ ၂၅ သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။ ၂၆ တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာ ရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။ ၂၇ အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက် အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နား ဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။ ၂၈ ရင်ဖုံး ရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့်ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။ ၂၉ အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှာ၊ ဗျာဒိတ်ရင်ဖုံး၌ ပါသောသူ တို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။


ဥရိမ်နှင့်သုမိမ် Urim and Thummim
CROSS REFERENCES






၃၀ ဗျာဒိတ် ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ မိမိနှလုံးပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည် ဖြစ်၍၊ [A] (a) ဣသရေလ အမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။


သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံ

၃၁ သင်တိုင်းနှင့် ဆိုင်သောဝတ်လုံကို၊ ပြာသော အထည်နှင့်သာ လုပ်ရမည်။ ၃၂ ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှါ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။ ၃၃ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်လုပ်သော သလဲသီးများကို၎င်း၊ ရွှေဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌ ၊၃၄ သလဲသီးတလုံး၊ ရွှေဆည်းလည်း တလုံးစီခြားလျက်၊ အစဉ်အတိုင်း ဆွဲထားရမည်။ ၃၅ အာရုန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာ အရပ်ဌာနတော်အထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏အသံကို ကြားရမည်။


ရွှေစင်သင်းကျစ်

၃၆ ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်း၊ ဟုအက္ခရာတင်၍၊ ၃၇ ပြာသောကြိုးနှင့် ဗောင်းရှေ့၌ ချည်ထားရမည်။ ၃၈ အာရုန်သည် ထိုသင်းကျစ်ကိုနဖူး၌ ဆင်သဖြင့်၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသော အရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှာ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။


ပိတ်ချောအင်္ကျီနှင့်ဗောင်း

၃၉ ပိတ်ချော အင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့် လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။


အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များ

၄၀ အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှာ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုတ်များကို လုပ်ပေးရမည်။ ၄၁ ထိုသို့ သင်၏အစ်ကို အာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်းစေမည်။ ၄၂ သူတို့၌ ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှာ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ပေးရမည်။ ၄၃ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏ အမျိုးအစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

_________________________
Footnotes


၃၀ (a) ဥရိမ်နှင့်သုမိမ်သည် ယဇ်ပုရောဟိတ် ပုရောဟိတ်မင်း၏ ရင်ဖုံး၌ ထား၍ မည်ကဲ့သို့သောအရာ ဖြစ်ကြောင်းကို ကောင်းစွာမသိရချေ။ ထာဝရဘုရားထံ မေးမြန်းရာတွင် အသုံးပြုသော အရာဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.