-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၂

နွားရုပ်တုလုပ်၍ ကိုးကွယ်ကြ ဣသရေလဖေါက်ပြန်
CROSS REFERENCES






မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ [A] ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဖို့ လုပ်ပါ။ [B] ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော မောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါ၊ ဟုပြောဆိုကြ၏။ အာရုန်ကလည်း၊ သင်တို့ မယားသားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြ၊ [C] ဟုဆိုလျှင်၊ လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။ အာရုန်သည်လည်း လက်ခံ၍၊ နွားသူငယ်ရုပ် ပုံသဏ္ဍာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ [D] လူများတို့ကလည်း၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ဘုရား ဖြစ်တော်မူသည်၊ ဟုဆိုကြ၏။ အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကိုတည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဖို့ ပွဲခံရသောနေ့ ဖြစ်သည်၊ ဟုတပ်ကိုလည်၍ ကြော်ငြာစေ၏။ နက်ဖြန် နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးတူးခြင်းငှာ ထကြ၏။ [E]


ထာဝရဘုရားက သူ့လူမျိုးကို ဖျက်ဆီးဖို့ကြံစည်
CROSS REFERENCES






ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြပြီ။ ငါမှာထားသော လမ်းမှ အလျင်အမြန် လွဲသွား၍၊ နွားသူငယ်ရုပ်ကို သွန်းပြီးလျှင်၊ [F] အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏၊ ဟုဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော် ကိုးကွယ်ကြပြီဟူ၍၎င်း၊ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။ [G] ၁၀ သို့ဖြစ်၍ ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုး ဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။


မောရှေက သူ့လူများအတွက် ဆုတောင်းပေး

၁၁ မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။ ၁၂ အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းခြင်း အလိုငှာသာ၊ နှုတ်ဆောင်လေသည်၊ ဟုအဘယ်ကြောင့် ဆိုဖွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည် အကြံကို နောင်တရတော်မူပါ။ ၁၃ ကိုယ်တော်က၊ သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်၊ ဟုကိုယ်ကိုကိုယ်တိုင် တည်၍ ကျိန်ဆိုတော်မူသော စကားကိုခံခဲ့ပြီးသော ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါ၊ ဟုမိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်လေ၏။ ၁၄ ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည် အကြံကို နောင်တရတော်မူ၏။


မောရှေနှင့်ယောရှု၏ ကြားသောအရာမတူ

၁၅ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြား နှစ်မျက်နှာ၌ အက္ခရာတင် လျက်ရှိ၏။ ၁၆ ထိုကျောက်ပြားတို့သည် ဘုရားသခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာ တင်တော်မူသော စာဖြစ်သတည်း။ ၁၇ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်၊ ဟုမောရှေအားဆို၏။ ၁၈ မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံ မဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံ ဖြစ်သတည်း၊ ဟုပြန်ပြော၏။


မောရှေအမျက်ထွက်၍ ကျောက်ပြားကို ချိုးဖဲ့

၁၉ တပ်အနီးသို့ ရောက်သောအခါ၊ နွားသူငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်း၊ မြင်လျှင်၊ မောရှေသည် အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်​ခြေရင်း၌ ချိုးဖဲ့၏။ ၂၀ သူတို့လုပ်သော နွားသူငယ်ကိုလည်းယူ၍ အရည်ကျို၏။ ညက်ညက်​ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။ ၂၁ အာရုန်ကိုလည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသောအပြစ်ကို ရောက်စေခြင်းငှာ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်း၊ ဟုမေးလျှင်၊ ၂၂ အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော်သိပါ၏။ ၂၃ သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါ၊ ဟုအ​ကျွန်ုပ်အား ပြောဆိုကြလျှင်၊ ၂၄ အ​ကျွန်ုပ်က၊ ရွှေရှိသောသူသည် ချွတ်စေ၊ ဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အ​ကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသူငယ် ထွက်လာပါသည်၊ ဟုပြန်ပြော၏။ ၂၅ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာကို အချည်းစည်း ရှိကြကြောင်းကို မောရှေမြင်သောအခါ၊


မောရှေက အမိန့်ပေး၍ လူသုံးထောင်သေ

၂၆ တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့လာစေ၊ ဟုဆိုလျှင်၊ လေဝိအမျိုးသား အပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။ ၂၇ မောရှေကလည်း၊ လူတိုင်း ဓားလွယ်လျက် တပ်တစ်မျက်နှာ တံခါးမှ တစ်မျက်နှာတံခါး တိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းကို သတ်စေ၊ ဟုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်ရှိတော်မူသည်၊ ဟု၂၈ မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသား တို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။ ၂၉ တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီး ပေးတော်မူစေခြင်းငှာ၊ သင်တို့သည် အသီးအသီး ကိုယ့်သား၊ ကိုယ့်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကို ချီးမြှောက်ကြပြီ၊ ဟုဆိုလေ၏။


မောရှေကဘုရားထံ ဆုပြန်တောင်း
CROSS REFERENCES






၃၀ နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသော အပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊ သင်တို့ အပြစ်​ဖြေနိုင်လျှင် ဖြေစေခြင်းငှာ ပြုမည်၊ ဟုမောရှေသည် လူများတို့အားဆိုပြီးမှ၊ ၃၁ ထာဝရဘုရား အထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဖို့ ရွှေဘုရားကို လုပ်ပါပြီ။ ၃၂ သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှာ အလိုတော်ရှိလျှင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အ​ကျွန်ုပ်နာမကို ချေတော်မူပါ။ အ​ကျွန်ုပ် တောင်းပန်ပါ၏၊ ဟုလျှောက်လျှင်၊ ၃၃ ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။ ၃၄ သို့ဖြစ်၍ ငါမှာထားသော အရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ [H] သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်၊ ဟုမိန့်တော်မူ၏။ ၃၅ အာရုန်နှင့် လူများတို့သည် နွားသူငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.