-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၄


ပဋိညာဉ် သေတ္တာတော်အားကိုး

တဖန် ဣသရေလ အမျိုးသားတို့သည်၊ ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက် နေကြ၏။ ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလ အမျိုးသည် စစ်ရှုံး၍၊ ရန်သူလက်တွင် သူရဲ လေးထောင်ခန့်မျှ သေကြ၏။ လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလ အမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမှ ဆောင်ခဲ့ကြကုန်အံ့၊ ဟုဆိုကြသည်အတိုင်း၊ လူများတို့သည် ရှိလောသို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာ နေသော ကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ် သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် ပါကြ၏။


ပဋိညာဉ်သေတ္တာ ဟေဗြဲတပ်၌ရောက်

ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သား အပေါင်းတို့သည် ​ကြွေးကြော်ကြ၏။ ​ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော် သံကြီးကား အဘယ်သို့နည်း၊ ဟုမေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်းကို သိကြ၏။


ဖိလိတ္တိ လူများ ထာ၀ရဘုရားကို အလွန်ကြောက်

ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီတကား။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တစ်ခါမျှ ဤသို့ မဖြစ်စဖူး၊ ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးမားသော ဤဘုရားသခင်၏ လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြားမဟုတ် ဤဘုရားပေတည်း။


ဣသရေလ လူတို့စစ်ရှုံး
CROSS REFERENCES






အိုဖိလိတ္တိလူတို့၊ ဣသရေလ လူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန်မခံရမည် အကြောင်း၊ အားယူ၍ ယောက်ျား ပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့၊ ဟုပြောဆိုကြ၏။ ၁၀ ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလ အမျိုးရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်း ဖြစ်၍၊ ဣသရေလ​ ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ ၁၁ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူ လက်သို့ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။ [A]


စစ်တိုက်ရာမှ သတင်းပေးသူ ရောက်လာ

၁၂ ဗင်္ယာမိန်အမျိုးသား တစ်ယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောသို့ ရောက်လေ၏။ ၁၃ ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍ ဘုရားသခင်၏ သေတ္တာတော်အတွက် စိတ်နှလုံး တုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သတင်းပြောသဖြင့်၊ တစ်မြို့လုံး အော်ဟစ်ကြ၏။ ၁၄ အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ် ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်း၊ ဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအား လျှောက်လေ၏။ ၁၅ ထိုအခါ ဧလိသည် အသက် ကိုးဆယ့်ရှစ်နှစ်ရှိ၍ မျက်စိ မမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။


ဧလိနှင့်သား နှစ်ယောက် သေကြ

၁၆ ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏၊ ဟုလျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကား အဘယ်သို့နည်း၊ ဟုမေးလေသော်၊ ၁၇ တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိ လူတို့ ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ၊ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော်သည်လည်း ရန်သူလက်သို့ ရောက်ပါပြီ၊ ဟုပြန်လျှောက်လေ၏။ ၁၈ ဘုရားသခင်၏ သေတ္တာတော် သတင်းကို ကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့ လန်ကျသဖြင့်၊ လည်ပင်းကျိုး၍ သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလ အမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။


ဧလိချွေးမ ကလေးမွေး
CROSS REFERENCES






၁၉ သူ၏ချွေးမ ဖိနဟတ်၏ မယားသည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း၊ ယောက္ခထီးနှင့် လင်သေကြောင်းကို ကြားသောအခါ၊ ကျောကုန်း၍ သားဖွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။ ၂၀ သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်၊ [B]သားယောက်ျားကို ဖွားမြင်ပြီ၊ ဟုဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲ နေ၏။ ၂၁ တဖန်ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမနှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီ၊ ဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ်(a) အမည်ဖြင့် မှည့်၍၊ ၂၂ ဣသရေလ အမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီ၊ ဟုဆိုလေ၏။

_________________________
Footnotes


၂၁ (a) ဣခဗုဒ် כָבוֹד֙ אִֽי־ Ichabod "ဘုန်းအသရေမရှိခြင်း" ကို ဆိုလိုသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.