-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၄


ဒါဝိဒ်ကရှောလု၏ အသက်ကိုမရှာ [A]

ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏၊ ဟုကြားလျှောက်ကြလျှင်၊ ဣသရေလ အမျိုးသား အပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့ အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှာ သွားလေ၏။ လမ်းနားမှာ သိုးခြံရှိရာသို့ ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်၊ ဟုဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။ ဒါဝိဒ်၏ လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်း ပြုရသောအခွင့် ရှိလိမ့်မည်၊ ဟုကိုယ်တော်အား မိန့်တော်မူသော နေ့ရက်ရောက်ပါပြီ၊ ဟုဆိုကြလျှင်၊ ဒါဝိဒ်သည်ထ၍ ရှောလုဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။ ထိုသို့ရှောလု၏ အင်္ကျီကို လှီးဖြတ်မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊ ထာဝရဘုရား ပေးတော်မူသော ဘိသိက်ကို ခံသော ငါ့အရှင်သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသူ ဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသော်၊ ဟုမိမိလူတို့အား ဆိုသဖြင့်။ ရှောလုကို ထိခိုက်စေခြင်းငှာ အခွင့်မပေး၊ မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။


ဒါဝိဒ်က ရှောလုထံသူ့ အဝတ်လှီးသော်လည်း မပြစ်မှားကြောင်း

ထို့နောက် ဒါဝိဒ်သည်ထ၍ ဥမင်ထဲက ထွက်လျက်၊ ​ကျွန်တော်၏သခင် အရှင်မင်းကြီး၊ ဟုရှောလုနောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊ ဒါဝိဒ်သည် ကိုယ်တော်၏ အကျိုးကို ဖျက်အံ့ခြင်းငှာ ရှာကြံသည်၊ ဟုလူအချို့ပြောသော စကားကို အဘယ့်ကြောင့် နားထောင်တော်မူသနည်း။ ၁၀ ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ​ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည်လက်ကို မဆန့်၊ ဟုအကြံရှိပါ၏။ ၁၁ ထိုမှတပါး​ ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော် အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော် အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ​ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ လွန်ကျူးခြင်း မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံသောငှာ လိုက်၍ ရှာတော်မူပါသည် တကား။ ၁၂ ထာဝရဘုရားသည် ​ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော်။ ​ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော်၊ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ ၁၃ ရှေးစကားပုံ လာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှု ထွက်တတ်၏၊ သို့ရာတွင်​ ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ ၁၄ ဣသရေလ ရှင်ဘုရင်သည် အဘယ်သူ၏ အတွက်ကြောင့် ကြွလာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ ရှာတော်မူသလော။ ၁၅ သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီး လုပ်တော်မူပါစေသော်။ ​ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော်။ ကြည့်ရှု၍​ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ​ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ် တော်မူပါစေသော်၊ ဟုရှောလုအား လျှောက်ဆို၏။


ရှောလုက သူ့အသက်ကို မသတ်သော ဒါဝိဒ်ထံ ဝန်ချတောင်းပန်

၁၆ ထိုသို့ ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလော၊ ဟုမေးလျက် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ ၁၇ တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည်ငါ၌ အကျိုးကျေးဇူး ပြုပြီ။ ၁၈ ငါ၌ အဘယ်သို့ ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ၊ အကြောင်းမူကား ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲ နေပါသည်တကား။၁၉ လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော်။ ၂၀ ယခုမှာ သင်သည် စင်စစ် ရှင်ဘုရင် ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည် ဟူ၍၎င်း၊ ငါအမှန်သိ၏။ ၂၁ သို့ဖြစ်၍ သင်သည် ငါ၏သားစဉ် မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ငါ့အား ကျိန်ဆိုခြင်းကို ပြုလော့၊ ဟုဒါဝိဒ်အားဆိုပြီးမှ၊ ၂၂ ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကို ပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.