-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၀


ရှောလုကို ဆီလောင်းဘိသိက်၍ သူ၌ ဖြစ်မည့်အရာများပြော
CROSS REFERENCES





CROSS REFERENCES






ဆီဘူးကိုယူ၍ ရှောလု၏ ခေါင်းပေါ်မှာ လောင်းလေ၏။ [A] တဖန် သူ့ကိုနမ်းသဖြင့် ထာဝရဘုရားသည် သင့်ကို အမွေတော် လူမျိုး၏ မင်းအရာ၌ ခန့်ထား၍၊ ဆီလောင်းခြင်း ဘိသိက်ကို ပေးတော်မူ၏။ ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဖို့ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုဆိုလျက်၊ စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။ ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သူငယ် သုံးကောင်ကို ဆောင်သောသူ တစ်ယောက်၊ မုန့်သုံးလုံးကို ဆောင်သောသူ တစ်ယောက်၊ စပျစ်ရည်ဘူးကို ဆောင်သောသူ တစ်ယောက် တည်းဟူသော၊ ဗေသလမြို့ ဘုရားသခင် ထံတော်သို့ သွားသောသူ သုံးယောက်တို့နှင့် သင်သည်တွေ့ ကြုံလိမ့်မည်။ ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေး၍၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည်။ ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရားသခင်၏ တောင်သို့ရောက်၍ မြို့သို့ ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက်၊ ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ [B] သင်သည် သူတို့နှင့်အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။ ဤနိမိတ်လက္ခဏာတို့သည် သင်၌ တွေ့သောအခါ၊ အဆင်သင့်သည် အတိုင်း ပြုလော့။ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏။ သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလသို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ခြင်းငှာ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်၊ ဟုဆို၏။ [C]


ရှမွေလပြောသည့် အတိုင်း ရှောလု၌ ဖြစ်
CROSS REFERENCES






ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်၊ ဟုလှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။ ၁၀ တောင်တော်သို့ ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ [D] သူတို့နှင့်အတူ ပရောဖက်ပြုလေ၏။ ၁၁ ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော၊ ဟုတစ်ယောက်ကို တစ်ယောက် မေးမြန်းကြ၏။ ၁၂ ထိုအရပ်သား တစ်ယောက်က၊ သူတို့အဘကား အဘယ်သူနည်း၊ ဟုဆို၍၊ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ၏။ ၁၃ ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။ ၁၄ ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်း၊ ဟုရှောလုနှင့် ငယ်သားကိုမေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင်သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်၊ ဟုပြန်ပြော၏။ ၁၅ ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ပြောသနည်း၊ ငါ့အား ပြန်ပြောပါ၊ ဟုတောင်းပန်သော်၊ ၁၆ မြည်းတို့ကိုတွေ့ပြီ၊ ဟု ရှမွေလသည် အတပ် ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအား ပြန်ပြော၍၊ ရှမွေလပြောသော နိုင်ငံအမှုရေးကို၊ ဘထွေးအား မကြားမပြောဘဲ နေ၏။


ရှောလုကို ရှမွေလက လူများထံ ဘုရင်ဖြစ်ကြောင်း ကြေညာ

၁၇ တဖန်ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရား ထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊ ၁၈ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်း အစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်းတို့လက်မှ ကယ်နှုတ်သော်လည်း၊ ၁၉ သင်တို့ကို ဒုက္ခဆင်းရဲဘေး ဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော၊ သင်တို့၏ ဘုရားသခင်ကို ယနေ့သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါ၊ ဟုလျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေ အသီးအသီး အလိုက် ထာဝရဘုရား ရှေ့တော်သို့ ချည်းကပ်ကြလော့၊ ဟုဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊ ၂၀ အမျိုးအနွယ် အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။ ၂၁ ဗင်္ယာမိန် အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလုကို၎င်း၊ မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။ ၂၂ ထိုသူသည် လာရပါမည်လော၊ ဟုထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍ နေသည်၊ ဟုမိန့်တော်မူ၏။ ၂၃ သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြားသောသူထက် အရပ်သာ၍ မြင့်၏။ ၂၄ ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ် တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသောသူ တစ်စုံတစ်ယောက်မျှ မရှိ၊ ဟုလူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင် အသက်တော်မြဲပါစေ၊ ဟုကြွေးကြော်ကြ၏။


လူအပေါင်း ရှောလုနှင့် လိုက်သွားကြ

၂၅ ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော၍ စာ၌ ရေးမှတ်သဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ထားပြီးမှ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ၏။ ၂၆ ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့ သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်းအသင်းသည်၊ သူနှင့်အတူ လိုက်သွားကြ၏။ ၂၇ အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်း၊ ဟုဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲ နေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.