-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၆


ထာ၀ရဘုရားက ရှမွေလကို ယေရှဲထံသို့လွှတ်

တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလ ရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏ သားတို့တွင် ငါ့အဖို့ ရှင်ဘုရင် တစ်ပါးကို ငါပြင်ဆင်ပြီ၊ ဟုရှမွေလအား မိန့်တော်မူ၏။ ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်၊ ဟုလျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကို ယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ လာပြီ၊ ဟုပြောလော့။ ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့သား အသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလော၊ ဟုမေးလျှောက်ကြသော်၊ ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ ငါလာပြီ၊ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြ၊ ဟုဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။


ထာ၀ရဘုရားက ဒါဝိဒ်ကိုရွေး
CROSS REFERENCES





CROSS REFERENCES






သူတို့သည် ရောက်သောအခါ၊ ဧလျာဘကို ကြည့်ရှု၍ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏၊ ဟုဆိုလေသော်၊ ထာဝရဘုရားက၊ သူ၏ မျက်နှာသူအရပ်ကို မကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ၊ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ လူသည် အဆင်းသဏ္ဍာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်၊ [A] ဟုရှမွေလအား မိန့်တော်မူ၏။ တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့် ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ၊ ဟုဆို၏။ တဖန် ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ၊ ဟုဆို၏။ ၁၀ တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက ဤသူတို့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ။ ၁၁ သင်၏သား မရှိပြီလော၊ ဟုယေရှဲအားမေးလျှင်၊ ယေရှဲက အငယ်ဆုံးသောသား ရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်၊ ဟုပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှာ လူကိုစေလွှတ်ပါ။ သူမရောက်မှီ ပွဲသို့ဝင်၍ မထိုင်ရ၊ ဟုဆိုသည့်အတိုင်း ၁၂ စေလွှတ်၍ သူ့ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့၊ ဟုမိန့်တော်မူ၏။ ၁၃ ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ [B] ရှမွေလသည် ထ၍ ရာမမြို့သို့ သွား၏။


ရှောလုကို ဝိညာဉ်ဆိုးက နှောင့်ယှက်တတ်
CROSS REFERENCES





CROSS REFERENCES






၁၄ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ [C] ထာဝရဘုရား ထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ယှက်တတ်၏။ [D] ၁၅ ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင် ထံတော်က ဆိုးသောဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ယှက်တတ်ပါ၏။ ၁၆ ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည်အကြောင်း အရှင် အမိန့်ရှိတော်မူပါ။ ဘုရားသခင့် ထံတော်က ဆိုးသော ဝိညာဉ်လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်၊ ဟုလျှောက်လျှင်၊ ၁၇ ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဖို့ ရှာဖွေ၍ ငါ့ထံသို့ခေါ်ခဲ့ကြ၊ ဟုကျွန်ုပ်တို့အား မိန့်တော်မူသော်၊


ဒါဝိဒ်ကို စောင်းတီးပေးဖို့ ရှောလုကခေါ်

၁၈ ကျွန်တစ်ယောက်က၊ ကျွန်တော်တွေ့ဖူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသော အတတ်၊ ရဲရင့်ခြင်း အစွမ်းသတ္တိနှင့် ပြည့်စုံ၍ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်းလှပါ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏၊ ဟုလျှောက်သောကြောင့်၊ ၁၉ ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ်ရမည်၊ ဟုအမိန့်တော်ရှိ၏။ ၂၀ ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သူငယ်ကို ယူ၍ မိမိသား ဒါဝိဒ်တွင် ရှောလုထံသို့ ပေးလိုက်လေ၏။ ၂၁ ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။ ၂၂ ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့် တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေ၊ ဟုအခွင့်တောင်းလေ၏။ ၂၃ ဘုရားသခင့် ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ် ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာလျက် ရှိတတ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.