-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၉


ရှောလုက ဒါဝိဒ်ကို သတ်ချင်သော်လည်း ယောနသန်က မသတ်စေချင်

ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှာ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။ သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘ ရှောလုသည် သင့်ကို သတ်ခြင်းငှာ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။ ငါ့ထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေ့မြင်သမျှကို သင့်အား ငါပြန်ကြားမည်၊ ဟုဒါဝိဒ်အားပြောဆို၏။ ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာ ပြော၍၊ ရှင်ဘုရင်သည် ကျွန်တော် ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။ မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကို သတ်၍၊ ထာဝရဘုရားသည် ဣသရေလအမျိုး တစ်မျိုးလုံးအဖို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ၊ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက် စေချင်ပါသနည်း၊ ဟုအဘရှောလုအား ဆိုသော်၊ ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ သူသည် အသေမခံရ၊ ဟုကျိန်ဆိုလေ၏။ ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အကြောင်းအရာ အလုံးစုံတို့ကို ပြောပြီးမှ ရှောလုထံသို့ သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။


ရှောလုသည် ဒါဝိဒ်ကိုလှံနှင့် ထိုးသော်လည်းမရ
CROSS REFERENCES






တဖန် စစ်မှုပေါ် ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍သူတို့သည် ပြေးကြ၏။ ရှောလုသည် လှံတိုကို ကိုင်၍ နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုးသော ဝိညာဉ်သက် ရောက်၍ [A]ဒါဝိဒ်သည် စောင်းတီးလျက် နေသောအခါ၊ ၁၀ သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက်နေ၏။ ဒါဝိဒ်သည်ပြေး၍ ထိုညလွတ်ရ၏။


ရှောလုက ဒါဝိဒ်ကိုအိပ်ရာပေါ်၌ သတ်ဖို့ကြိုးစား

၁၁ ရှောလုသည် သူ့ကိုစောင့်၍ နံနက်အချိန်၌ သတ်စေခြင်းငှာ သူ့အိမ်သို့ လူကိုစေလွှတ်လေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မ လျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်၊ ဟုဆိုလျက်၊ ၁၂ ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ ၁၃ မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့်ခြုံလေ၏။ ၁၄ ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ၊ ရှောလု စေလွှတ်သော လုလင်ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်၊ ဟုမယားပြောဆို၏။ ၁၅ ရှောလုကလည်း၊ သူ့ကို ငါသတ်မည် အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြ၊ ဟုဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊ ၁၆ တမန်တို့သည် ဝင်ကြသောအခါ၊ ဆိတ်မွေးဖြင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား၊ ၁၇ ရှောလုကလည်း၊ ငါ့ကိုလှည့်စား၍ အဘယ်ကြောင့် ငါ့ရန်သူကို လွှတ်လိုက်သနည်း။ ယခု လွတ်အောင် ပြေးပါပြီတကား၊ ဟုမိခါလအား ပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကိုငါသတ်မည်၊ ဟုသူပြောပါသည်၊ ဟုရှောလုအား ပြန်လျှောက်လေ၏။


ဒါဝိဒ်ကိုဖမ်းဖို့ သွားသော်လည်း ရှောလုလည်း ပရောဖက်ပြု

၁၈ ထိုသို့ ဒါဝိဒ်ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာနေ၏။ ၁၉ ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည်ကြား၍၊ ၂၀ ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ စေလွှတ်ပြန်၏။ ပရောဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ ၂၁ ထိုသတင်းကို ရှောလုသည် ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယအကြိမ် ရှောလုသည် စေလွှတ်၍ ထို့အတူပြုရကြ၏။ ၂၂ ထိုအခါ ကိုယ်တိုင် ရာမမြို့သို့ သွား၍၊ စေခုရွာ၌ ရှိသော ရေတွင်းကြီးသို့ ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်း၊ ဟုမေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်၊ ဟုကြားလျှောက်လေသော်၊ ၂၃ ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက် သွားလေ၏။ ၂၄ အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထို့အတူ ပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တစ်နေ့နှင့် တစ်ည လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော၊ ဟုဆိုလေ့ရှိကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.