-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၂


ဒါဝိဒ်ထံအကြွေးတင်သူ စိတ်ညစ်သူများ ရောက်လာ

ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံ ဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူ့အစ်ကိုများ၊ အဆွေအမျိုးများ အပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။ အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူ အပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့် ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။ ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့ သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ ပြုတော်မူမည်ကို ကျွန်တော်မသိဘဲ နေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော်ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်သဖြင့်၊ မောဘရှင်ဘုရင် ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။ တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌မနေနှင့်၊ ထွက်၍ ယုဒပြည်သို့သွားလော့၊ ဟုဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။


ရှောလုသည် သူ့ဘက်၌ အဘယ်သူမျှမနေ၊ ဟုအပြစ်တင်

ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကိုကိုင်လျက်၊ ကျွန်အပေါင်းတို့သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊ အိုဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အရာ၌ ခန့်ထားနိုင်သလော။ ထိုသို့ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယ ဖွဲ့ကြောင်းကို တစ်ယောက်မျှမပြော။ ငါ့အတွက် တစ်ယောက်မျှ ဝမ်းမနည်း။ ငါ့​ကျွန်သည် ယနေ့ပြုသည်အတိုင်း၊ ငါ့ကို ချောင်းမြောင်း စေခြင်းငှာ၊ ငါ့သား နှိုးဆော်ကြောင်းကို တစ်ယောက်မျှ မပြောဘဲ နေကြသည်တကား၊ ဟုအခြံအရံတို့အား ဆိုလေသော်၊


ရှောလုသည် ယဇ်ပုရောဟိတ် အဟိမလက်တို့ကို အပြစ်တင်

ရှောလု၏ ကျွန်အုပ် ဧဒုံအမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။ ၁၀ အဟိမလက်သည် ယေရှဲ၏သားအဖို့ ထာဝရဘုရား ထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ဓားကို၎င်း ပေးပါ၏၊ ဟုကြားလျှောက်လျှင်၊ ၁၁ ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုး တည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။ ၁၂ ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့၊ ဟုဆိုလျှင်၊ အဟိမလက်က အ​ကျွန်ုပ်ရှိပါသည် သခင်၊ ဟုလျှောက်၏။ ၁၃ ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။ သူသည် ယနေ့ပြုသည်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှာ သင်သည် မုန့်နှင့်ဓားကို ပေး၍ သူ့အဖို့ ဘုရားသခင့် ထံတော်၌ မေးမြန်းပြီတကား၊ ဟုဆိုသော်၊ ၁၄ အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။ ၁၅ ထိုကာလ၌ အ​ကျွန်ုပ်သည် ဒါဝိဒ်တို့ ဘုရားသခင့် ထံတော်၌ မေးမြန်းစ ပြုသလော။ ထိုအမှု ဝေးပါစေသော်။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏ အဆွေအမျိုး တစ်စုံတစ်ယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်။ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါ၊ ဟုရှင်ဘုရင်အား လျှောက်လေ၏။ ၁၆ ရှင်ဘုရင်က၊ အဟိမလက်၊ သင်နှင့်သင်၏ အဆွေအမျိုး ပေါင်းတို့သည် ဧကန်အမှန် အသေခံရမည်၊ ဟုဆိုလျက်၊ ၁၇ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အား မကြားမပြောသောကြောင့်၊ သူတို့ကိုလှည့်၍ သတ်ကြ၊ ဟုခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ​ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံဘဲ နေကြ၏။


ရှောလုအမိန့်ဖြင့် ဒေါဂသည် ယဇ်ပုရောဟိတ် (၈၅) ပါးကို သတ်
CROSS REFERENCES






၁၈ တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့၊ ဟုဒေါဂအား မိန့်တော်မူသည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။ ၁၉ ယဇ်ပုရောဟိတ်ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ဓားနှင့် လုပ်ကြံလေ၏။ ၂၀ အဟိတုပ်၏သား ဖြစ်သော အဟိမလက်၏ သားတို့တွင်၊ အဗျာသာ အမည်ရှိသောသူ တစ်ယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။ ၂၁ ထာဝရဘုရား၏ ယဇ်ုပုရောဟိတ်တို့ကို ရှောလု သတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊ ၂၂ ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအား ပြောမည်၊ ဟုသူ့ကို တွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည်သင်၏ အဆွေအမျိုး အပေါင်းတို့ကို သေစေခြင်းငှာ ပြုမိပါပြီတကား။ ၂၃ ငါနှင့်အတူနေပါလော့။ မစိုးရိမ်နှင့်။ [A]ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်၊ ဟု အဗျာသာအား ပြောဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.