-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၀


ဒါဝိဒ်နှင့် ယောနသန်တွေ့ဆုံ

ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ်ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်း၊ ဟုမေးသော်၊ ယောနသန်က၊ ဤအမှုဝေးပါစေသော်။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးငယ် တစ်စုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှာ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူး၊ ဟုပြန်ပြော၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏အဘသည် အမှန်သိသဖြင့်၊ ယောနသန် စိတ်မသာရှိမည် စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်၊ ဟုပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတစ်လှမ်းသာ ရှိပါသည်၊ ဟုအကျိန်နှင့်ဆို၏။


ရှောလုကဒါဝိဒ်ကိုသတ်မည် အကြံရှိမရှိ ယောနသန်ကပြောမည်

ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်၊ ဟုဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်က နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားပွဲတော်နားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း အကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။ သင်၏အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုး အပေါင်းတို့သည် နှစ်စဉ် ပွဲခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ် အခွင့်ပန်ပါ၏၊ ဟုလျှောက်ပါ။ အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်​ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။ ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင်သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်း၊ ဟုယောနသန်အား ဆို၏။ ယောနသန်က ထိုသို့သော အမှုဝေးပါစေသော်။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်၊ ဟုအကြံရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲ နေလိမ့်မည်လော၊ ဟုဆို၏။


ဒါဝိဒ်နှင့် ယောနသန်တောသို့သွား

၁၀ ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်း၊ ဟုယောနသန်အားမေးသော်၊ ၁၁ ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ၊ ဟုဒါဝိဒ်အားဆိုလျှင်၊ နှစ်ယောက်တို့သည် တောသို့ ထွက်သွားကြ၏။ ၁၂ ယောနသန်ကလည်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့ သန်ဘက်နေ့၌၊ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ် မကြားလိုက်ဘဲ နေသော်၎င်း၊ ၁၃ သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည်ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ်သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော်။ ၁၄ သင်သည် ကျွန်ုပ်အသက် ရှိစဉ်အခါ၌သာ အသက်ချမ်းသာ စေခြင်းငှာ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူးပြုရမည်မက၊ ၁၅ ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်၊ ဟုဒါဝိဒ်အား ဆိုသဖြင့်၎င်း၊ ၁၆ သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူ စေသတည်း၊ ဟုဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊ ၁၇ ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သော စိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ် ကျိန်ဆို၏။


ယောနသန်နှင့် ဒါဝိဒ်မြားပစ်ခြင်းဖြင့် အချက်ပြဖို့

၁၈ တဖန်ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။ ၁၉ သင်သည် သုံးရက်နေ့ပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလကျောက်နားမှာ နေရမည်။ ၂၀ ကျွန်ုပ်သည်လည်း၊ ပစ်မှတ်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြားသုံးစင်းပစ်မည်။ ၂၁ မြားတို့ကို သွား၍ရှာချေ၊ ဟု လူကလေးကို စေခိုင်းသောအခါ၊ မြားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့၊ ဟုသေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။ ၂၂ သို့မဟုတ်၊ မြားတို့သည် နင့်ကိုလွန်ပြီ၊ ဟုလုလင်အားဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။ ၂၃ ယခုငါတို့ နှစ်ယောက် ပြောသောအမှု၌ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်း၊ ဟုဒါဝိဒ်အား ပြောဆိုလေ၏။


ရှောလုမင်းက ဒါဝိဒ်မရှိခြင်းကိုမေး

၂၄ ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှာ ထိုင်၏။ ၂၅ ထုံးစံအတိုင်း ထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်၏။ ၂၆ သို့ရာတွင် ရှောလုက အကြောင်း တစ်စုံတခု ရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍သူသည် မစင်ကြယ်၊ ဟုထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။ ၂၇ မနက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့က မလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်း၊ ဟုသားတော် ယောနသန်အား မေးလျှင်၊ ၂၈ ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ် အခွင့်ပန်လျက်၊ ၂၉ ကျွန်ုပ်သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့၊ ဟုတောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါ၊ ဟုရှောလုအား လျှောက်လေ၏။


ရှောလုသည် သားယောနသန်အပေါ် စိတ်ဆိုး

၃၀ ထိုအခါ ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည် တိုင်အောင်၎င်း၊ သင့်အမိ အဝတ်ကျွတ်၍ အရှက်ကွဲသည် တိုင်အောင်၎င်း၊ ယေရှဲ၏သားဘက်၌ နေသည်ကို ငါမသိသလော။ ၃၁ ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည် ကာလပတ်လုံး သင်နှင့်သင်၏ နိုင်ငံမတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်၊ ဟုဆိုလျှင်၊ ၃၂ ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ ပြုဘိသနည်း၊ ဟုအဘရှောလုအား မေးလေသော်၊ ၃၃ ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှာ လှံတိုကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊ ၃၄ အမျက်ထွက်၍၊ ထိုလဆန်း နှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညိုးငယ်သော စိတ်ရှိ၏။


ဒါဝိဒ်နှင့် ယောနသန် မြားပစ်ခြင်းဖြင့် အချက်ပြကြ

၃၅ နံနက် စောစောရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သောအချိန်၌ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့သွား၏။ ၃၆ လူကလေးအားလည်း ပြေးတော့။ ငါပစ်သောမြားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကိုလွန်အောင် မြားတစ်စင်းကို ပစ်လေ၏။ ၃၇ ယောနသန်ပစ်သော မြားကျရာအရပ်သို့ လူကလေး ရောက်သောအခါ၊ ယောနသန်က၊ မြားတစ်စင်းသည် နင့်ကိုလွန်ပြီ မဟုတ်လော။ ၃၈ ကြိုးစား၍ အလျင်အမြန် ပြေးတော့။ မနေနှင့်၊ ဟုလူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။ ၃၉ သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။ ၄၀ ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ ယူသွားတော့၊ ဟုဆို၏။ ၄၁ လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာအရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက်နမ်းလျက် မျက်ရည်ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။ ၄၂ ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်း ဟူ၍၊ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍ ငြိမ်ဝပ်စွာ သွားတော့၊ ဟုဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.