-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၆


ဒါဝိဒ် ရှောလုအသက်ကို မရှာဘဲနေပြန် [A]

တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည် မဟုတ်လော၊ ဟုလျှောက်လျှင်၊ ရှောလုသည်ထ၍ ရွေးကောက်သော ဣသရေလ လူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှာ သွားလေ၏။ ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလ တောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌ နေ၍ ရှောလု လိုက်ရှာကြောင်းကို သိမြင်သောအခါ၊ သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။ ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။ ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ငါနှင့်အတူ အဘယ်သူ လိုက်မည်နည်း၊ ဟုဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်၊ ဟုလျှောက်သည်အတိုင်း၊ ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညအခါ တပ်သားများ ရှိရာသို့သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်း အနားမြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌ အိပ်လျက်ရှိကြ၏။


ဒါဝိဒ်သည် ရှောလုကို သတ်ခွင့်ရသော်လည်း မသတ်

အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့်တစ်ချက်တည်း ထိုးပါရစေ၊ ဟုကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါ၊ ဟုဒါဝိဒ်ကို လျှောက် သော်လည်း၊ ဒါဝိဒ်က သူ့ကိုမပြုနှင့်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသောသူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်း၊ ဟုအဘိရှဲအား ပြန်ဆို၏။၁၀ တဖန်ဒါဝိဒ်က၊ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန် ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။၁၁ ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည် အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော်။ သို့ရာတွင် ခေါင်းရင်းတော်နားမှာ ရှိသော လှံတော်နှင့် ရေဘူးကိုယူ၍ သွားကြကုန်အံ့၊ ဟုဆိုလျက်၊၁၂ လှံတော်နှင့် ရေဘူးကို ရှောလု ခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။


ဒါဝိဒ်သည်အဝေးမှ အာဗနာကိုအော်၍ အပြစ်တင်

၁၃ ထိုအခါ ဒါဝိဒ်သည် ကျယ်သော ချိုင့်တဘက်သို့ ကူး၍၊ ဝေးသော တောင်ထိပ်အပေါ်မှာ ရပ်လျက်၊၁၄ အိုအာဗနာ၊ သင်သည် မထူးသလော၊ ဟုလူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သော သင်ကား အဘယ်သူနည်း၊ ဟုပြန်၍မေးလျှင်၊၁၅ ဒါဝိဒ်က၊ သင်သည် ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်သနည်း။ သင်၏သခင် ရှင်ဘုရင်ကို သတ်အံ့သောငှာ လူတစ်ယောက် ဝင်လေပြီ။ ၁၆ သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသင်၏ သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့၊ ဟုအာဗနာအား ပြောဆို၏။


ဒါဝိဒ်ကရှောလုကိုစကားပြော

၁၇ ရှောလုသည် ဒါဝိဒ်စကားသံကိုသိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလော၊ ဟုမေးလျှင်၊ ဒါဝိဒ်က ကျွန်တော် စကားသံမှန်ပါ၏။ ကျွန်တော် သခင်အရှင်မင်းကြီး၊ ဟုလျှောက်လေ၏။၁၈ တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်၌ အဘယ်အပြစ် ရှိပါသနည်း။၁၉ ယခုမှာ ကျွန်တော်သခင် ရှင်ဘုရင်၊ ကိုယ်တော် ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူ ပါစေသော်။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော်။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုတော့၊ ဟုဆိုလျက်၊ ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။ ၂၀ သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရား ရှေ့တော်၌ မြေသို့မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာ လိုက်၍ ရှာသကဲ့သို့၊ ဣသရေလ ရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှာ ထွက်တော်မူပါပြီတကား၊ ဟုလျှောက်ဆို၏။


ရှောလု သူမှားကြောင်းဝန်ခံ

၂၁ ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သား ဒါဝိဒ်ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန်မှားယွင်းပြီ၊ ဟုဆိုသော်၊၂၂ ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင် တစ်ယောက်လာ၍ ယူစေတော်မူပါ။၂၃ လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော်။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း၊ ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော် မထိခိုက်ပါ။၂၄ ယနေ့ ကိုယ်တော် အသက်ကို ကျွန်တော် နှမြောသည်နည်းတူ၊ ကျွန်တော်အသက်ကို ထာဝရဘုရား နှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူ ပါစေသော်၊ ဟုပြန်လျှောက်လျှင်၊၂၅ ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော်။ ပြုလေရာရာ၌ အောင်မြင်ပါစေသော်၊ ဟုဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.