-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၂


ရှမွေလသည် ဖြောင့်မတ်စွာ ဦးဆောင်

ရှမွေလကလည်း၊ သင်တို့ ပြောသမျှသော စကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။ ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့သည် သင်တို့၌ ရှိကြ၏။ ငါသည် ငယ်သောအရွယ်မှစ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။ ဤအရပ်၌ ယခုငါရှိ၏။ အဘယ်သူ၏ နွားကို ငါယူဘူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဘူးပြီနည်း။ အဘယ်သူကို လှည့်စားဘူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း။ ကိုယ်မျက်စိကို ကွယ်စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသောသူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်၊ ဟုဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊ သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ၊ မညှဉ်းဆဲပါ။ အဘယ်သူ၏ ဥစ္စာကိုမျှ မယူပါ၊ ဟုပြောဆိုကြ၏။ ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတစ်ပါး၏ ဥစ္စာကို ရှာမတွေ့ကြောင်းကို ထာဝရဘုရားသည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏၊ ဟုဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်၏၊ ဟုဝန်ခံကြ၏။


ရှမွေလက ဘိုးဘေးများ၏ သမိုင်းကို ပြန်ပြော

တဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက်၍၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။ ယခုတွင် တိတ်ဆိတ်စွာ နေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည်။ ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သောအခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ ဤပြည်၌ နေရာချတော်မူ၏။ သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင်ဘုရင် လက်သို့၎င်း၊ ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။ ၁၀ တဖန် သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်ခွာ၍ ဗာလဘုရားနှင့် အာရှတရက် ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်၊ ဟုလျှောက်ကြသောအခါ၊ ၁၁ ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့လက်မှ ကယ်နှုတ် တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။


ထာ၀ရဘုရားကို ပယ်၍ ရှင်ဘုရင်တောင်း
CROSS REFERENCES






၁၂ နောက်တဖန် အမ္မုန် အမျိုးသား ရှင်ဘုရင် နာဟတ်သည် စစ်ချီမည် အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့ မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်၊ ဟုသင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ၏။ [A] ၁၃ ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့အပေါ်မှာ ရှင်ဘုရင် ဖြစ်စေခြင်းငှာ ချီးမြှောက်တော်မူပြီ။ ၁၄ သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့ [B] ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။ ၁၅ သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။


ရှင်ဘုရင်တောင်းသော အပြစ်အတွက် မိုးရွာစေ
CROSS REFERENCES






၁၆ ယခုမှာ သင်တို့မျက်မှောက်၌ ထာဝရဘုရား ပြုတော်မူလတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာနေ၍ ကြည့်ရှုကြလော့။ ၁၇ ယနေ့ဂျုံစပါး ရိတ်ရာကာလ ဖြစ်သည် မဟုတ်လော၊ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ပြစ်မှားမိသော အပြစ်သည် ကြီးကြောင်းကို ရိပ်မိ သိမြင်ရကြမည်၊ ဟုလူများတို့အား ပြောဆိုပြီးလျှင်၊ ၁၈ ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရ ဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံကြ၏။ [C] ၁၉ လူအပေါင်းတို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက် အပြစ်များတို့ အပေါ်မှာ ထပ်၍ ဒုစရိုက်ကို ပြုမိပါပြီ၊ ဟုရှမွေလအား တောင်းပန်ကြ၏။


လမ်းမလွဲဖို့ နှင့် ထာ၀ရဘုရား နောက်လိုက်ဖို့ မှာ
CROSS REFERENCES






၂၀ ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရား နောက်တော်သို့ လိုက်ရာမှ မလွဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။ ၂၁ ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့ နောက်သို့ လမ်းလွဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက် ဖြစ်၏။ ၂၂ ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၍ ခန့်ထားခြင်းငှာ အလိုရှိတော်မူပြီ။ ၂၃ ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော်။ ကောင်းမွန်​ ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။ ၂၄ သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ [D] သစ္စာနှင့်တကွ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။ ၂၅ သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊ ဟုလူများတို့အား ပြောဆိုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.