-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၃


သူငယ်ရှမွေလကို ဘုရားကခေါ်

သူငယ် ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။ တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏မျက်စိ မှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊ ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရား အိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက် ရှိသောအခါ၊ ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်၊ ဟုထူးသဖြင့်၊ ဧလိထံသို့ ပြေး၍၊ ကိုယ်တော် ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်၊ ဟုဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟုဆိုသည် အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။ တဖန်ထာဝရဘုရားက၊ ရှမွေလ၊ ဟုခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့သွား၍၊ ကိုယ်တော် ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်၊ ဟုဆိုသော်၊ ဧလိက ငါမခေါ်ငါ့သား၊ အိပ်တော့၊ ဟုဆို၏။ ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။


ဘုရားခေါ်ခြင်းကို ရှမွေလထူး

တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလ၊ ဟုခေါ်တော်မူလျှင်၊ ရှမွေလထပြီးလျှင် ဧလိထံသို့သွား၍၊ ကိုယ်တော် ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်၊ ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုလူငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊ သင်သွား၍ အိပ်ဦးတော့။ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်၊ ဟုလျှောက်ရမည် အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိနေရာ၌ အိပ်လေ၏။ ၁၀ ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလ၊ ဟုခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်၊ ဟုလျှောက်လေသော်၊


ဧလိ၏အိမ်သားများကို ဒဏ်ခတ်မည်

၁၁ ထာဝရဘုရားက၊ သတင်းကြားသော သူတိုင်း နားနှစ်ဘက် ခါးစေခြင်းငှာ၊ ငါသည် ဣသရေလအမျိုး၌ တစ်စုံတခုကို ပြုမည်။ ၁၂ ဧလိအိမ်သားတို့ တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။ ၁၃ ထိုသူ၏ သားတို့သည် ကိုယ်ယုတ်မာသည် တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော်လည်း ကျပ်တည်းစွာ မဆုံးမဘဲ နေသောကြောင့်၊ သူ၏အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေးမည်၊ ဟုငါပြောပြီ။ ၁၄ ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော် သက္ကာအားဖြင့် မ​ဖြေ၊ အစဉ်အမြဲ တည်ရမည်အကြောင်း သူတို့အား ငါကျိန်ဆိုပြီ၊ ဟုမိန့်တော်မူ၏။


ထာ၀ရဘုရား၏ စကားကို ဧလိအားပြော

၁၅ ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရသော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။ ၁၆ ဧလိက၊ ငါ့သား ရှမွေလ၊ ဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်၊ ဟုထူးလေ၏။ ၁၇ ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစ်စုံတခုကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည် အတိုင်းမက သင်၌ ပြုတော်မူပါစေသော်၊ ဟုဆိုလေသော်၊ ၁၈ ရှမွေလသည် တစ်စုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ်လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသော်၊ ဟုဝန်ခံလေ၏။


ရှမွေလသည် ပရောဖက်ဖြစ်

၁၉ ရှမွေလသည် အစဉ်အတိုင်းကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏စကားတခွန်းမျှ ပျက်စေခြင်းငှာ အခွင့်ပေးတော်မမူ။ ၂၀ သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် သိကြ၏။ ၂၁ ထာဝရဘုရားသည် ရှိလော၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုး တလျှောက်လုံးကို နှံ့ပြားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.