-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၈


ဖိလိတ္တိလူများနှင့် ဣသရေလလူများစစ်တိုက်ဖို့ပြင်

ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှာ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့်လိုက်၍ စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့၊ ဟုဒါဝိဒ်အားဆိုလျှင်၊ ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်၊ ဟုလျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍ သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်မည်၊ ဟုပြန်ပြော၏။ ထိုကာလ၌ ရှမွေလမရှိ သေလွန်ပြီ။ ဣသရေလ အမျိုးသား ပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူ နေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင် အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။


ရှောလုနတ်ဝင် မိန်းမထံသွားမေး

ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ ရှောလုသည် ဖိလိတ္တိလူ အလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန် လှုပ်သော စိတ်နှလုံးရှိ၏။ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မမူ။ ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်၊ ဟုကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင် မိန်းမ တစ်ယောက်ရှိပါ၏၊ ဟုလျှောက်သော်၊ ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့ သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကို အမှီပြု၍ သင့်အား ငါပြောမည့်သူကို ဖော်ပါလော့၊ ဟုတောင်းပန်လေ၏။


ရှောလုက နတ်ဝင်မိန်းမကို ရှမွေလဖော်ခိုင်း
CROSS REFERENCES






မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့်၊ ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်း၊ ဟုပြန်ပြောသော်၊ ၁၀ ရှောလုက၊ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရ၊ ဟုထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။ ၁၁ မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်း၊ ဟုမေးလျှင်၊ ရှောလုက၊ ရှမွေလကို ဖော်ပါဟုဆို၏။ ၁၂ မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏၊ ဟုရှောလုအားဆိုလျှင်၊ ၁၃ ရှင်ဘုရင်က မစိုးရိမ်နှင့်။ [A]အဘယ်အရာကို မြင်သနည်း၊ ဟုမေးသော်၊ မိန်းမက မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်၊ ဟုလျှောက်၏။ ၁၄ အဘယ်သို့သော အယောင် ဆောင်သနည်း၊ ဟုမေးပြန်သော်၊ လူအို တက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏၊ ဟုလျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ် ပြပ်ဝပ်လျက်နေ၏။


ရှမွေလက ရှောလုသေမည့်အကြောင်းပြော

၁၅ ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့် ဖော်သနည်း၊ ဟုရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော် ပြစေ ခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီ၊ ဟုပြောဆို၏။ ၁၆ ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ ၁၇ ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အား ပေးတော်မူပြီ။ ၁၈ အကြောင်းမူကား သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ [B] ထာဝရဘုရားသည် ဤအမှုကို ယနေ့သင်၌ ရောက်စေတော်မူပြီ။ ၁၉ ထိုမှတပါး သင်နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူ ရှိလိမ့်မည်။ [C] ထာဝရဘုရားသည် ဣသရေလ လူအလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်၊ ဟုဆို၏။


နတ်ဝင်မိန်းမက နွားကလေးသတ်၍ ရှောလုကိုကျွေး

၂၀ ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျား ပြပ်ဝပ်လဲနေ၍၊ ရှမွေလ စကားကြောင့် အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့် တစ်ညလုံး အဘယ်အစာကိုမျှ မစားဘဲ နေသောကြောင့် အားကုန်ပြီ။ ၂၁ ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော် စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော် မိန့်တော်မူသော စကားကို နားထောင်ပါပြီ။ ၂၂ သို့ဖြစ်၍ ယခု ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာ အနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော် ကြွသွားသောအခါ အားပြည့်စေခြင်းငှာ စားတော်ခေါ်ပါ၊ ဟုလျှောက်သော်လည်း၊ ၂၃ ရှောလုက ငါမစား၊ ဟုငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်က ထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။ ၂၄ ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေး တစ်ကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်းယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊၂၅ ရှောလုနှင့် ကျွန်များတို့ရှေ့၌ တင်လေ၏။ သူတို့သည်စား၍ ထိုညတွင် ထသွားကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.