-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၄

ယောနသန်နှင့် လက်နက်ဆောင်လုလင်
CROSS REFERENCES






တနေ့သ၌ ရှောလု၏သား ယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင် လုလင်ကိုခေါ်၍၊ တဘက်၍ နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့၊ ဟုဆိုလေ၏။ ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက် ဆောင်နားမှာနေ၍၊ အထံတော်၌ လူ​ခြောက်ရာခန့်မျှရှိ၏။ သင်တိုင်းဝတ်၍ ရှိလော၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဖြစ်သောသူ ဧလိနှင့်ဖိနဟတ်တို့မှ ဆင်းသက်သော ဣခဗုဒ်၏ အစ်ကို အဟိတုပ်၏သား အဟိယလည်းရှိ၏။ ယောနသန် သွားကြောင်းကို လူများမသိကြ။ ယောနသန်သည် ဖိလိတ္တိ တပ်သို့သွားသော လမ်းကြားမှာ၊ တဘက်တချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတစ်ခုသည် ဗောဇက်၊ တစ်ခုသည် သေနအမည်ရှိ၏။ တစ်ခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့၎င်း၊ တစ်ခုကား တောင်ဘက်၌ ဂိဗာမြို့သို့၎င်း၊ မျက်နှာပြုသတည်း။ ယောနသန်က၊ အရေဖျားလှီးခြင်း [A]ကို မခံသော ထိုတပ်သားတို့ဆီ သွားကြကုန်အံ့။ ထာဝရ ဘုရားသည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း ထာဝရဘုရား ကယ်တင်တော် မူခြင်းကို အဆီးအတားမရှိနိုင်၊ ဟုလက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊ လုလင်က၊ စိတ်တော် ရှိသည်အတိုင်းပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက်ပါမည်၊ ဟုပြန်ပြောသော်၊ ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့၊ သူတို့က နေကြ၊ ငါတို့လာမည်၊ ဟုဆိုလျှင် သူတို့ဆီသို့ မသွားဘဲ နေကြမည်။ ၁၀ သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော်မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏၊ ဟုဆိုသည်နှင့်အညီ၊ ၁၁ နှစ်ယောက်တို့သည် ဖိလိတ္တိ တပ်သားတို့အား ကိုယ်ကို ပြသောအခါ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည် တကား၊ ဟုဆိုလျက်၊ ၁၂ တပ်သားတို့က လာကြ၊ တစ်စုံတခုကို ပြမည်၊ ဟုယောနသန်နှင့် လက်နက်ဆောင် လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလ လူတို့လက်သို့ အပ်တော်မူပြီ၊ ဟုလုလင်အားဆိုသဖြင့်၊ ၁၃ လေးဘက်တွားလျက် တက်၍၊ လုလင်လည်း လိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့်နောက်မှာ လုပ်ကြံလေ၏။ ၁၄ ယောနသန်နှင့် လုလင်ပြုသော ပထမလုပ် ကြံခြင်းအားဖြင့် နွားတစ်ရှဉ်း ထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။ ၁၅ စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများ အပေါင်းတို့သည် တပ်သားများ၊ လုယူသော သူများနှင့်တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ၏။


ထာ၀ရဘုရားကကယ်

၁၆ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူ အလုံးအရင်းသည် လျော့၍ တစ်ယောက်ကို တစ်ယောက် ထိုးရိုက်လျက် သွားကြ၏။ ၁၇ ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှာ၊ လူများကိုရေတွက် ကြလော့၊ ဟုအထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏ လက်နက်ဆောင် လုလင်မရှိ။ ၁၈ ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလ အမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှောလုက၊ ဘုရားသခင်၏ သေတ္တာတော်ကို ယူခဲ့ပါ၊ ဟုအဟိယအား ဆို၏။ ၁၉ ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့် ရှောလုက၊ နေဦးတော့၊ ဟုယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊ ၂၀ မိမိနှင့် လူအပေါင်းတို့သည် တစ်ယောက်ကို တစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကို တစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။ ၂၁ အထက်ကာလ၌ ဖိလိတ္တိ လူတို့ဘက်မှာ နေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲ လူတို့သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။ ၂၂ ဧဖရိမ်တောင်၌ ပုန်းရှောင်၍နေသော ဣသရေလ အပေါင်းတို့သည်လည်း၊ ဖိလိတ္တိ လူပြေးကြောင်းကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။ ၂၃ ထိုသို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မူသည် ဗေသဝန်မြို့သို့ လွန်သွားလေ၏။


ရှောလုက အစာမစားဖို့ ကျိန်ဆို

၂၄ ထိုနေ့၌ ဣသရေလ လူတို့သည် ဆင်းရဲခံကြရ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည် အကြောင်း၊ ညဦးချိန် မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေ၊ ဟုလူတို့အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။ ၂၅ လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာ တောသို့ ရောက်သဖြင့်၊ ၂၆ တောထဲသို့ဝင်သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သောကြောင့်၊ အဘယ်သူမျှ မိမိလက်ကို ပါးစပ်၌ မထည့်။ ၂၇ သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန် မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့ ၌ နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိ ကြည်လင်လေ၏။ ၂၈ ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေ၊ ဟုလူများတို့အား ကျပ်ကျပ် အကျိန်ပေးတော်မူပြီ၊ ဟုလူတစ်ယောက် ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။ ၂၉ ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ယှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။ ၃၀ လူများတို့သည် ယနေ့ တွေ့ မိသော ရန်သူ၏ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီး လိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကား၊ ဟုဆိုလေ၏။


လူများ သိုးနွားများကို အသွေးနှင့်စားကြ

၃၁ ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့ တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလ လူတို့သည် အလွန်ပင်ပန်းသဖြင့်၊ ၃၂ ရန်သူ၏ ဥစ္စာကိုလုယူ၍၊ သိုး၊ နွား၊ နွားသူငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။ ၃၃ ထိုသို့လူများတို့သည် အသွေးနှင့်တကွ စား၍ ထာဝရဘုရားကို ပြစ်မှားသည်၊ ဟုရှောလုအား ကြားလျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ၊ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့လှိမ့်ခဲ့။ ၃၄ လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤအရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွ စား၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်၊ ဟုမိန့်တော်မူသည် အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုည၌ ယူခဲ့၍ ထိုအရပ်၌ သတ်ကြ၏။ ၃၅ ရှောလုသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုပလ္လင်ကား ထာဝရဘုရားအဖို့ တည်သော ပထမပလ္လင် ဖြစ်သတည်း၊


ထာ၀ရဘုရား မေးသော်လည်း မပြန်

၃၆ တဖန်ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကို လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည် တိုင်အောင် ဖျက်ဆီးကြကုန်အံ့၊ ဟုစီရင်၍ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ၊ ဟုဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့၊ ဟုဆိုလေ၏။ ၃၇ ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလ လူတို့လက်သို့ အပ်တော်မူမည်လော၊ ဟုဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။


ယောနသန် ပျားရည် စားမိသောကြောင့်သေရမည်

၃၈ ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သောငှာ ချဉ်း၍ လာကြလော့။ ၃၉ ဣသရေလ အမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ ငါ့သား ယောနသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့၊ ၄၀ ရှောလုကလည်း၊ သင်တို့သည် တဘက်၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်၊ ဟုဆိုလျှင်၊ လူများတို့က စိတ်တော် ရှိသည့်အတိုင်း ပြုတော်မူပါ၊ ဟုလျှောက်ကြသော် ၄၁ ရှောလုက၊ ​ဖြောင့်မတ်စွာ စီရင်တော်မူပါ၊ ဟုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့် လူများတို့သည် လွတ်ကြ၍ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။ ၄၂ ရှောလုကလည်း ငါနှင့်ငါ့သား ယောနသန်အဖို့ စာရေးတံ ပြုလော့၊ ဟုဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ ၄၃ ရှောလုကလည်း သင်ပြုသောအမှုကို ပြောလော့၊ ဟုယောနသန်အား ဆိုလျှင်၊ ယောနသန်က အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည် အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ၊ ထိုအမှုကြောင့်သာ သေရပါမည်၊ ဟုပြန်ပြော၏။ ၄၄ ရှောလုကလည်း၊ ယောနသန်သင်သည် ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသော်၊ ဟုဆိုသော်လည်း၊


လူများကယောနသန်ကိုကယ်နှုတ်ကြ

၄၅ လူများတို့က ဣသရေလ အမျိုး၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း၊ သူ၏ ဆံခြည်တစ်ပင်မျှ မြေပေါ်မှာ မကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ဝိုင်း၍ ပြုပါပြီ၊ ဟုဆိုသဖြင့်၊ အသက် ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နှုတ်ကြ၏။ ၄၆ ထို့နောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက်၊ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။


ရှောလု စစ်တိုက်တိုင်း အောင်မြင်

၄၇ ထိုသို့ ရှောလုသည် ဣသရေလ အမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကို အောင်လေ၏။ ၄၈ ဗိုလ်​ခြေများကို နှိုးဆော်၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလ အမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ၏။ ၄၉ သားတော်ကား ယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း၊ သမီးတော် နှစ်ယောက်တွင် အကြီးကား မေရပ်၊ အငယ်ကား မိခါလတည်း၊ ၅၀ မြောက်သားတော် (ရှောလုမိန်းမ) ကား အဟိမတ်၏သမီး အဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား ဘထွေးတော် နေရသား အာဗနာတည်း၊ ၅၁ ခမည်းတော် ကိရှနှင့် အာဗနာ၏ အဘနေရသည် အဗျေလ၏သား ဖြစ်၏။ ၅၂ ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ် စစ်တိုက်ရကြ၏။ ခွန်အားကြီးသောသူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရွေးကောက် ခန့်ထားလေ့ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.