-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၃


ကိလမြို့ကို ဖိလိတ္တိလူတို့ထံမှ ဒါဝိဒ်ကယ်တင်

ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ၊ ကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လော၊ ဟုထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင်လော့၊ ဟုဒါဝိဒ်အား မိန့်တော်မူ၏။ ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ ရောက်၍ ဖိလိတ္တိဗိုလ်​ခြေတို့နှင့် စစ်ပြိုင်သောအခါ သာ၍ ကြောက်စရာရှိပါသည် တကား၊ ဟုဆိုကြ၏။ တဖန် ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့ သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကိုယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။ အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော်ပါလျက် ရောက်လာသတည်း။


ဒါဝိဒ်သည် ကိလမြို့၌နေစဉ် ရှောလုက တိုက်ဖို့စီစဉ်

ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ ပေးအပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင် ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်၊ ဟုဆိုလျက်၊ ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှာ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ ရှောလုသည် မကောင်းသောအကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါ၊ ဟုဆို၏။ ၁၀ ထိုအခါ ဒါဝိဒ်က၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့လာ၍ ကိုယ်တော်၏ ကျွန်အတွက် ဖျက်ဆီးမည်၊ ဟုအကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။ ၁၁ ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ကျွန် ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏​ ကျွန်အား အမိန့်ရှိတော်မူ မည်အကြောင်း တောင်းပန်ပါ၏၊ ဟုမေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၂ တဖန်ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အ​ကျွန်ုပ်နှင့် အ​ကျွန်ုပ်၏ လူတို့ကို ရှောလုလက်သို့ အပ်ကြပါလိမ့်မည်လော၊ ဟုမေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၃ ထိုအခါ ဒါဝိဒ်သည်​ ခြောက်ရာခန့်ရှိသော မိမိလူတို့နှင့်ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင်ရာ အရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည် ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။ ၁၄ ဒါဝိဒ်သည် ဇီဖတောင် အစရှိသော တောကြို တောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။


ဒါဝိဒ်နှင့် ယောနသန် ဇိဖတောအုပ်၌ ပဋိညာဉ်ပြု
CROSS REFERENCES






၁၅ တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ ရှိ၍၊ သူ၏ အသက်ကို သတ်မည်၊ ဟုရှောလုလာသည်ကို သိသောအခါ၊ ၁၆ ရှောလု၏သား ယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာ တောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊ ၁၇ မစိုးရိမ်နှင့်၊ [A] သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှ လွတ်၍ ဣသရေလ ရှင်ဘုရင် ဖြစ်လိမ့်မည်။ ​ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘ ရှောလု သိသည်၊ ဟုဆိုသဖြင့်၊ ၁၈ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား ရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။


ဇိဖသားတို့သည် ရှောလုဘက်မှ ဒါဝိဒ်ကို ဖမ်းနိုင်ဖို့ပြော

၁၉ တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍ ဒါဝိဒ်သည်​ ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတော ကြိုတောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊ ၂၀ အရှင်မင်းကြီး ကြွချင်သော စိတ်အားကြီးသည်အတိုင်း ကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့ အပ်သောအမှုသည် ကျွန်တော်တို့ တာရှိပါစေ၊ ဟုလျှောက်လျှင်၊ ၂၁ ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ပါစေသော်။ သင်တို့သည် ငါ့ကိုသနားကြပြီ။ ၂၂ ယခုသွား၍ ပြင်ဆင်ကြလော့။ သူပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။ ၂၃ ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာ ကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့်အတူ ငါလိုက်မည်။ သူသည် ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်း တို့တွင် ငါရှာ၍ ထုတ်မည်၊ ဟုမှာထားသည် အတိုင်း၊ ၂၄ သူတို့သည်ထ၍ ရှောလုအရင် ဇိဖတောသို့ သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိ မုန်မြို့တောင်ဘက် လွင်ပြင်၌ ရှိကြ၏။


ရှောလုသည် ဒါဝိဒ်ကိုလိုက်ရာမှ ဖိလိတ္တိရန်ကြောင့် ပြန်သွား

၂၅ ရှောလုသည်လည်း လူများနှင့်တကွ လာ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှ ထွက်သွား၍ မောနတော၌ နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကို လိုက်၍ရှာ၏။ ၂၆ ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင် ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဖမ်းမိလုကြပြီ။ ၂၇ ထိုအခါ တမန်ရောက်လာ၍ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီ၊ ဟုရှောလုအား ကြားလျှောက်သောကြောင့်၊ ၂၈ ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိ လူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ်သတည်း။ ၂၉ ဒါဝိဒ်သည် ထိုအရပ်မှသွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သော အရပ်တို့၌ နေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.