-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၁


အမ္မုန်အမျိုးသား နာဟတ် တိုက်ဖို့ ရှောလုပြင်
CROSS REFERENCES





CROSS REFERENCES






ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည် လာ၍၊ ဂိလဒ်ပြည် ယာဗက်မြို့အနားမှ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်၊ ဟုနာဟတ်မင်းအား လျှောက်သော်လည်း၊ အမ္မုန် အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာ မျက်စိရှိသမျှကို ဖောက်၍ [A] ဣသရေလအမျိုး တစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်၊ ဟုပြန်ပြောသော်၊ ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည် တလျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းငှာ ခုနစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်၊ ဟုဆိုကြ၏။ တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်း၊ ဟုမေးလျှင်၊ ယာဗက်မြို့သားတို့၏ သတင်းကို ပြောကြ၏။ ထိုသတင်းကို ရှောလု ကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ သူသည် ပြင်းစွာ အမျက်ထွက်လျက်၊ နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တလျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလ နောက်သို့ထွက်၍ မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ ပြုမည်၊ ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ [B] တညီတညွတ်တည်း ထွက်လာကြ၏။ ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလ အမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။ ဂိလဒ်ပြည် ယာဗက်မြို့မှ လာသော တမန်တို့အား၊ နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာရမည် အကြောင်းကို မြို့သားတို့အား ကြားပြောကြလော့၊ ဟုမှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သတင်း ကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။ ၁၀ အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော် အလိုရှိသမျှအတိုင်း ပြုတော်မူပါ၊ ဟုနာဟတ်မင်းအား လျှောက်ကြ၏။


အမ္မုန်အမျိုးသားများကို စစ်တိုက်၍နိုင်

၁၁ နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူ အလုံးအရင်း ထဲသို့ဝင်၍ နေပူချိန် တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည် တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။ ၁၂ ဣသရေလ လူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လော၊ ဟုဆိုမိသောသူကား အဘယ်သူနည်း။ ထိုသို့ ဆိုမိသော သူတို့ကို ခေါ်၍ သတ်ကြကုန်အံ့၊ ဟုရှမွေလအား ဆိုကြသော်၊ ၁၃ ရှောလုက၊ လူတစ်ယောက်ကိုမျှ ယနေ့ မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင်တော်မူပြီ၊ ဟုဆို၏။


ရှောလုကို ဘုရင်ချီးမြှောက်ပြန်

၁၄ ရှမွေလကလည်း၊ ဂိလဂါလသို့ သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့၊ ဟုလူများတို့အား ပြောဆိုသည်အတိုင်း၊ ၁၅ လူအပေါင်းတို့သည် ဂိလဂါလသို့ သွား၍၊ ထိုနေရာ၌ ထာဝရဘုရား ရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရား ရှေ့တော်မှာ မိဿဟာယ ယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် အလွန် ပျော်မွေ့ခြင်းကို ပြုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.