-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၉


ပသခါပွဲသိန်တော၌ ကျင်းပ
CROSS REFERENCES






အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပထမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲ [A] ကို ခံရကြမည်။ စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော၊ ယခုလ တစ်ဆယ့်လေးရက်နေ့ ညဦးယံ၌ စောင့်ရကြမည်၊ ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အ ကြောင်း၊ မောရှေ ဆင့်ဆိုသည်အတိုင်း၊ သိန်တောတွင် ပထမလ တစ်ဆယ့်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကို ခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ပြုကြ၏။


ညစ်ညူးသူနှင့် ခရီးသွားသူ ဒုတိယလတွင် ပသခါပွဲခံစေ
CROSS REFERENCES






ထိုနေ့၌ ပသခါပွဲကို မခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူ အချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့် အာရုန်ထံသို့ ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှာ၊ အ​ကျွန်ုပ်တို့ကို ဆီးတားပါမည်လော၊ ဟုမေးလျှောက်ကြ၏။ မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရား မိန့်တော်မူသော စကားကို၊ ငါနားထောင်ဦးမည်၊ ဟုပြန်ဆို၏။ ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၀ သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်၎င်း၊ ထာဝရဘုရားအဖို့ ပသခါပွဲ [B] ကို ခံရမည်။ ၁၁ ဒုတိယ တစ်ဆယ့်လေးရက်နေ့ ညဦးယံ၌ ပွဲခံ၍၊ သိုးသူငယ် အသားကို တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။ ၁၂ ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသောအခွင့်ရှိ၏။ ၁၃ ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရားဖို့ ပူဇော်သက္ကာကို မဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ ၁၄ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည်၊ ထာဝရဘုရားအဖို့ ပသခါခံပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်းပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်သောသူ၊ အမျိုးသားချင်း ဖြစ်သောသူတို့သည်၊ ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်၊ ဟုမိန့်တော်မူ၏။


ထာ၀ရဘုရားအမိန့်တော်အတိုင်း ခရီးသွားကြ

၁၅ တဲတော်ကို ထူထောင်သောနေ့၌၊ [C] မိုးတိမ်သည် တဲတော်ပေါ်မှာတည်၍၊ [D] သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။ ၁၆ ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌ မိုးတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌ မီးကဲ့သို့ ထင်လျက်ရှိ၏။ ၁၇ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလ အမျိုးသားတို့သည် ခရီးသွားကြ၏။ မိုးတိမ် တည်လေရာရာ၌လည်း၊ တဲများကိုဆောက်ပြန်ကြ၏။ ၁၈ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း၊ တဲများကို ဆောက်ကြ၏။ မိုးတိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှ ကာလပတ်လုံး သူတို့သည်တဲ၌ နေကြ၏။ ၁၉ မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်ကြာမြင့်စွာ တည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့သည် ခရီးမသွားဘဲ ထာဝရဘုရား ထံတော်၌ စောင့်နေကြ၏။ ၂၀ မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။ ၂၁ ညဦးယံမှစ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီးသွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုးတိမ်မြောက်သောအခါ ခရီးသွားကြ၏။ ၂၂ နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ မိုးတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တဖန်မိုးတိမ် မြောက်ပြန်သောအခါ ခရီးသွားကြ၏။ ၂၃ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.