-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၀


မောရှေအမ မိရိအံ သေဆုံး

ပထမလ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုလ်လေ၏။


မောရှေ ကျောက်ကို ရိုက်၍ရေထွက်

ပရိသတ်တို့ သောက်စရာရေ မရှိသောကြောင့် မောရှေနှင့် အာရုန်တဘက်၌ စုဝေးကြလျက်၊ ထာဝရဘုရား ရှေ့မှာ ငါတို့အစ်ကိုများ သေသောအခါ၊ ငါတို့လည်း မသေပါလေ။ ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာ မကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာ မကောင်း။ သောက်စရာရေမျှမရှိ၊ ဟုမောရှေကို အပြစ်တင်၍ ဆိုကြ၏။ မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးဝသို့ သွားသဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်းတော်သည် ထင်ရှားလေ၏။ ထာဝရဘုရားကလည်း၊ လှံတံကို ကိုင်ယူ၍ သင်၏အစ်ကို အာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကို မှာထားလော့။ ကျောက်သည် မိမိရေကို ပေးလိမ့်မည်။ ထိုသို့သင်သည် ကျောက်ထဲက ရေကို ထွက်စေ၍ ပရိသတ်များနှင့် သူတို့ တိရစ္ဆာန်များတို့အား သောက်ဖို့ ရေကိုပေးရမည်၊ ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံကို ထာဝရဘုရား ရှေ့တော်က ယူ၍၊ ၁၀ အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဖို့ ဤကျောက်ထဲက ရေကို ထွက်စေရမည်လော၊ ဟုဆိုလျက်၊ ၁၁ မိမိလက်ကိုဆန့်၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာ ထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။


ကျောက်ရိုက်သောကြောင့် မောရှေခါနာန်ပြည်ဝင်ခွင့်ရှုံး

၁၂ ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလ အမျိုးသားတို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသော ပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြ၊ ဟုမောရှေနှင့် အာရုန်တို့အား မိန့်တော်မူ၏။ ၁၃ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက် ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေ ဖြစ်သတည်း။


ဧဒုံက ဣသရေလကို ပြည်အလယ်၌ လျှောက်သွားခွင့်မပေး

၁၄ မောရှေသည်ကာ ဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကို စေလွှတ်၍၊ ကိုယ်တော်ညီ ဣသရေလက၊ အ​ကျွန်ုပ်တို့ တွေ့ရသော အမှုအလုံးစုံ တည်းဟူသော၊ ၁၅ အ​ကျွန်ုပ်တို့ ဘိုးဘေးသည် အဲဂုတ္တုပြည်သို့ သွား၍အ​ကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာ နေသဖြင့်၊ အဲဂုတ္တုလူတို့သည် ကျွန်ုပ်တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း၊ ၁၆ အ​ကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အ​ကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာအ​ကျွန်ုပ်တို့သည် ကိုယ်တော်၏ နိုင်ငံအစွန်းအနား၊ ကာဒေရှအရပ်၌ ရှိကြပါ၏။ ၁၇ ကိုယ်တော် ပြည်အလယ်၌ လျှောက်၍ သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော် ပြည်နယ်ကို မလွန်မှီတိုင်အောင်၊ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်၊ ဟုတောင်းပန်လေ၏။ ၁၈ ဧဒုံကလည်း၊ သင်သည် ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်၊ ဟုပြန်ပြော၏။ ၁၉ ဣသရေလ အမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော်ရေကို သောက်လျှင် အဘိုးကို ပေးပါမည်။ အခြားသောအမှုကို မပြုဘဲ၊ ​ခြေဖြင့်သွားရုံမျှသာ ပြုပါမည်၊ ဟုဆိုသော်လည်း၊ ၂၀ ဧဒုံက၊ သင်သည် လျှောက်၍ မသွားရ ဟုဆိုလျက် များစွာသော ဗိုလ်​ခြေ အလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာ ထွက်လာ၏။ ၂၁ ထိုသို့ ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသော အခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။


ဟောရတောင်၌ အာရုန်သေ

၂၂ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှ ပြောင်း၍ ဟောရတောင်သို့ ပြောင်းကြ၏။ ၂၃ ဧဒုံပြည်စွန်းနား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်၍၊ ၂၄ သင်တို့သည် မေရိဘ စမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလ အမျိုးသားတို့အား ငါပေးသော ပြည်သို့ အာရုန်သည် မဝင်ရ။ မိမိလူမျိုး စည်းဝေးရာသို့ သွားရမည်။ ၂၅ သို့ဖြစ်၍ အာရုန်နှင့် သူ၏သား ဧလာဇာကို ခေါ်၍၊ ဟောရပ်တောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊ ၂၆ အာရုန်၏ အဝတ်ကိုချွတ်၍ သူ၏သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုး စည်းဝေးရာသို့ သွားရမည်၊ ဟု၂၇ မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည် ပရိသတ် အပေါင်းတို့ရှေ့မှာ ဟောရတောင် ပေါ်သို့ တက်ကြ၏။ ၂၈ မောရှေသည် အာရုန်၏ အဝတ်ကိုချွတ်၍ သားဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ်က ဆင်းလာကြ၏။ ၂၉ အာရုန်သည် အနိစ္စ ရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလ အမျိုးသား ရှိသမျှတို့သည် အာရုန်အတွက် အရက် သုံးဆယ်ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.