-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၅


ယဇ်ပူဇော်နည်း

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ရောက်၍ နေကြသောအခါ၊ သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော်သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍၊ သိုးနွားအားဖြင့် ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ကိုပြုခြင်းငှာ အလိုရှိလျှင်၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင်၊ မီးရှို့ရာယဇ် ဖြစ်စေ၊ အခြားသောယဇ် ဖြစ်စေ၊ ယဇ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာကို ဆီသုံးလောဃ ရောသော မုန့်ညက်တစ်ဩမဲကို၎င်း၊ သွန်းလောင်ရာ ပူဇော်သက္ကာဖို့ စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။ သိုးကို ပူဇော်လျှင်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ဆီလေးလောဃ ရောသော မုန့်ညက် နှစ်ဩမဲကို ပြင်ဆင်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာဖို့ လေးလောဃကို ပူဇော်ရမည်။ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဖို့ နွားကိုပြင်ဆင်လျှင်၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊၁၀ နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဖို့ ဆီ​ခြောက်လောဃ ရောသော မုန့်ညက် သုံးဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဖို့ စပျစ်ရည် ခြောက်လောဃကို၎င်း ဆောင်ခဲ့ရမည်။ ၁၁ နွားတစ်ကောင်၊ သိုးတစ်ကောင်၊ သိုးသူငယ် တစ်ကောင်၊ ဆိတ်သူငယ် တစ်ကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။ ၁၂ ပြင်ဆင်သော သိုးနွား အရေအတွက်သို့ လိုက်၍၊ တစ်ကောင်ကောင်ကို ထိုသို့ပြုရမည်။ ၁၃ ပြည်သား အပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထိုသို့နှင့် အညီပြုရကြမည်။


တပါးအမျိုးသားများလည်း

၁၄ သင်တို့သည် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတစ်ပါးသော သူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရ ဘုရား အဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ အလိုရှိလျှင်၊ သင်တို့ပြုသည် နည်းတူ သူသည်လည်း ပြုရမည်။ ၁၅ ပရိသတ် အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ် အဆက် စောင့်ရသော တစ်ပါးတည်းသော ထုံးစံရှိသည်နှင့် ထာဝရဘုရား ရှေ့တော်၌ သင်တို့သည် ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။ ၁၆ သင်တို့ ကိုယ်တိုင်မှစ၍၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား တို့သည် တစ်ပါးတည်းသော တရား၊ တစ်ပါးတည်းသော ထုံးစံရှိရကြမည်၊ ဟုမိန့်တော်မူ၏။


ချီးမြှောက်ရာပူဇော်သက္ကာ

၁၇ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၈ ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊ ၁၉ ထိုပြည်၌ ဖြစ်သောမုန့်ကို စားရကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရမည်။ ၂၀ အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်ရသော မုန့်ပြားကို ချီးမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်းထဲက ချီးမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီးမြှောက်ရမည်။ ၂၁ သင်တို့ အမျိုးအစဉ်အဆက် တို့သည်၊ အဦးနှယ်သော မုန့်စိမ်းထဲက ချီးမြှောက်ရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရကြမည်။


ပရိသတ်သတိလစ်၍ မှားယွင်းခြင်းသို့ ရောက်လျှင်

၂၂ ထာဝရဘုရားသည် မောရှေကို မှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊ ၂၃ သင်တို့ အမျိုးအစဉ် အဆက်၌ ထားတော်မူလတံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည် အမှုမှာ၊ ၂၄ ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ ရောက်လျှင်၊ ပရိသတ် အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့် တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။၂၅ ယဇ်ပုရောဟိတ်သည်၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့် အပြစ်ဖြေရာ ယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရကြမည်။ ၂၆ ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော်လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ကို၎င်း၊ သူတို့ထံမှာ တည်းခိုသော တပါးအမျိုးသား တို့ကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့်မည်။


လူတစ်စုံတစ်ယောက်သည် သတိလစ်၍ ပြစ်မှားလျှင်

၂၇ လူတစ်စုံ တစ်ယောက်သည် သတိလစ်၍ ပြစ်မှားလျှင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါမလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။ ၂၈ ထာဝရဘုရား ရှေ့တော်၌ သတိလစ်၍ ပြစ်မှားမိသော ထိုသူအဖို့၊ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ ၂၉ ဣသရေလ အမျိုးသား ဖြစ်သောသူ၊ တည်းခိုသော တပါးအမျိုးသား ဖြစ်သောသူတို့သည်၊ သတိလစ်၍ ပြစ်မှားသောအခါ၊ တစ်ပါးတည်းသော တရားကို စောင့်ရကြမည်။


ရဲရင့်စွာပြစ်မှားလျှင်

၃၀ ဣသရေလ အမျိုးသား ဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာ ပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကိုသူ၏ အမျိုးမှ ပယ်ရှင်းရမည်။ ၃၁ ထာဝရဘုရား၏ စကားတော်ကို မထီမဲ့မြင်ပြု၍၊ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်၊ ဟုမိန့်တော်မူ၏။


ဥပုသ်နေ့၌ ထင်းခွေသောသူ
CROSS REFERENCES






၃၂ ဣသရေလ အမျိုးသားတို့သည် တော၌ ရှိကြသောအခါ၊ တနေ့သော ဥပုသ်နေ့ [A] ၌ ထင်းခွေသော သူတစ်ယောက်ကို တွေ့လေ၏။ ၃၃ တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ် အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။ ၃၄ သူ၏အမှုကို စီရင်ရာလမ်း မထင်ရှား သေးသောကြောင့် ချုပ်ထားကြ၏။ ၃၅ ထာဝရဘုရား ကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့် ပစ်ရကြမည်၊ ဟုမောရှေအား မိန့်တော်မူ၍၊ ၃၆ ထိုအမိန့်တော် အတိုင်း ပရိသတ် အပေါင်းတို့သည်၊ ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။


ပညတ်များကို သတိရဖို့ အဝတ်စွန်း၌ ပန်းပွားလုပ်စေ

၃၇ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၃၈ သူတို့အမျိုးအစဉ် အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသောကြိုးနှင့် ချီတွဲရကြမည်။ ၃၉ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော် မူသမျှတို့ကို အောက်မေ့၍ ကျင့်ကြမည်အ ကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဥာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်၊ မမှီဝဲ၊ ၄၀ ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင် အဖို့ သန့်ရှင်းမည် အကြောင်းထိုသို့ ပြုရမည်။ ၄၁ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရား ဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.