-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၃၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃၄


ဘုရားပေးသော မြေအပိုင်းအခြား

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊ သင်တို့ အမွေခံရသော ခါနာန်ပြည်နယ် အပိုင်းအခြားဟူမူကား၊ တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌ လျှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက် အပိုင်းအခြားဖြစ်ရမည်။ တောင်ဘက် အပိုင်းအခြားသည် တောင်မျက်နှာမှ လည်၍၊ အာကရဗ္ဗိမ်ကုန်းကို လျှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒာရွာ၊ အာဇမုန်ရွာကို လျှောက်သဖြင့်၊ အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက်လျက် ပင်လယ်၌ ဆုံးရမည်။ အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။ မြောက်ဘက် အပိုင်းအခြားသည် ကြီးသော ပင်လယ်က ထွက်၍ ဟောရတောင်ကို ရှေးရှုသွားပြီးလျှင်၊ ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊ ဇိဖြုန်ရွာကို လျှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။ ၁၀ အရှေ့ အပိုင်းအခြားသည် ဟာဇရေနန်ရွာ မှထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊ ၁၁ အဣနရွာ အရှေ့၌ လျှောက်၍ ရိဗလရွာသို့ သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို လျှောက်သဖြင့်၊ ၁၂ ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်နား၌ ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့အမွေခံရသော ပြည်နယ်အပိုင်းအခြား ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


ရုဗင်ဂဒ်နှင့် မနာရှေတဝက်မြေ

၁၃ မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။ ၁၄ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုးသား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့သည် မိမိတို့ အမွေခံသောမြေကို ယော်ဒန်မြစ် အရှေ့ယေရိခေါမြို့ တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘ အဆွေအမျိုးအလိုက် ခံရကြပြီ၊ ဟုဣသရေလ အမျိုးသားတို့အား မှာထားလေ၏။


ဆယ့်နှစ်မျိုး အုပ်စိုးသော မင်းများစာရင်း

၁၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၁၇ အမျိုးသားတမျိုးလျှင် မင်းတစ်ပါး စီရွေး၍၊ ထိုမင်းသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊ ၁၈ ခါနာန်ပြည်ကိုဝေ၍ သင်တို့အား အမွေပေးရကြမည်။ ၁၉ ရွေးရသောမင်းတို့၏ အမည်ကား၊ ယုဒအမျိုးသားတို့ထဲက ယေဗုန္နာသား ကာလက်။ ၂၀ ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။ ၂၁ ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။ ၂၂ ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသားဗုက္ကိ။ ၂၃ ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုးသောသူ၊ ဧဖုဒ်သား ဟံယေလ။ ၂၄ ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။ ၂၅ ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ ပါနက်သား ဧလိဇဖန်။ ၂၆ ဣသခါ အမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။ ၂၇ အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိသား အဘိဟုဒ်။ ၂၈ နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။ ၂၉ ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလ အမျိုးသားတို့အား အမွေမြေကို ပေးဝေစေခြင်းငှာ ထာဝရဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.