-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၄


ဗာလမ်က ဣသရေလ အမျိုးကောင်းစားမည့် အရာသာပြော
CROSS REFERENCES






ထာဝရဘုရားသည်၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှာ အလိုရှိတော် မူကြောင်းကို ဗာလမ်သိမြင်လျှင်၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှာ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။ သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလ အမျိုးသားတို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊ သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသား ဗာလမ်၏စကား၊ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် [A]၏ ရူပါရုံကို မြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊ အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ် ကြသည်တကား။ ကျယ်ဝန်းသောချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော်ပင်များ၊ ရေနားမှာ ပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊ ထိုအမျိုး၏ ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက်သော နိုင်ငံဖြစ်လိမ့်မည်။ ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် ဖြစ်၍၊ ဣသရေလ အမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက်ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြားဖြင့် ထုတ်ခြင်း ခတ်အောင် ခွင်းလိမ့်မည်။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း၊ ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီး ပေးသောသူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည်၊ ကျိန်ဆဲခြင်းကို ခံရသည်၊ ဟုမြွက်ဆို၏။


ဗာလက်မင်း စိတ်ဆိုး၍ ဗာလမ်ကိုအပြစ်တင်

၁၀ ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက်ထွက်၍ လက်ခုတ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ ကောင်းကြီး ပေးလေပြီတကား။ ၁၁ ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကို ချီးမြှောက်မည်၊ ဟုအထက်က ငါအကြံရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်း မတိုးပွားစေခြင်းငှာ ဆီးတားလေပြီဟုဆို လေ၏။ ၁၂ ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ၁၃ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှု တစ်စုံတခုကို ကိုယ်အလို အလျောက် ငါမပြုနိုင်။ ထာဝရဘုရား မိန့်တော်မူသမျှကို ငါပြောပါမည်၊ ဟုမင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော။

၁၄ ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏ လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအား ကြားပြောပါ၊ ဟုဗာလက်မင်းအား ပြန်ဆိုပြီးမှ၊


ဗာလမ်က ကြယ်တလုံး ယုဒအမျိုး၌ ပေါ်မည့်အရာဟော
CROSS REFERENCES






၁၅ ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊ ၁၆ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ [A] ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊ ၁၇ ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန်မနီးသေး။ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလ အမျိုး၌ ထင်ရှားလိမ့်မည်။ မောဘပြည် စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ် ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။ ၁၈ ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။ ၁၉ အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍ ကျန်ကြွင်းသော မြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့်မည်၊ ဟုမြွက်ဆို၏။ ၂၀ တဖန် အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဖူးသော်လည်း၊ အဆုံး၌ ရှင်းရှင်း ပျက်စီးခြင်းသို့ ရောက်လိမ့်မည်၊ ဟုမြွက်ဆို၏။ ၂၁ တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့နေရာသည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြပြီ။ ၂၂ သို့သော်လည်း အာရှုရိမင်းသည်၊ သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့်မည်၊ ဟုမြွက်ဆို၏။ ၂၃ တဖန် ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ၊ ဤအမှုကို ဘုရားသခင် စီရင်တော်မူသောအခါ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။ ၂၄ သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှ လာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း၊ နှောင့်ယှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်း ပျက်စီးကြလိမ့်မည်၊ ဟုမြွက်ဆိုပြီးမှ၊ ၂၅ ဗာလမ်သည် ထ၍ မိမိနေရာ အရပ်သို့ ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.