-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၆


လူဦးရေ စာရင်းယူခိုင်း

ထိုဘေး ငြိမ်းသောနောက်၊ ထာဝရဘုရားက၊ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့၊ ဟုမောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌ ၊ အသက် နှစ်ဆယ်လွန်သော သူတို့ကို စာရင်းယူရမည် အကြောင်း ဆင့်ဆိုကြ၏။


ရုဗင်အမျိုး ၄၃,၇၃၀

အဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦး ရုဗင်၏သားဟူမူကား၊ ဟာနုတ်မှ ဆင်း သက်သော ဟောနောခိ အဆွေအမျိုး၊ ဖါလုမှ ဆင်းသက်သော ဖေါလွိအဆွေအမျိုး၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုးတည်း။ ပြည်သူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင် ခုနစ်ရာ့ သုံးဆယ်ရှိသတည်း။ ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။ ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ်၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။ ၁၀ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်း မျိုသဖြင့်၊ ထိုအပေါင်း အသင်းဝင် သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာ့ ငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။ ၁၁ သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။


ရှိမောင်အမျိုး ၂၂,၂၀၀

၁၂ ဘိုးဘ အဆွေအမျိုး အလိုက် ရှိမောင်၏သား ဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုး၊ ယာမိန်မှ ဆင်းသက်သော ယာမိနိအဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိအဆွေအမျိုး၊ ၁၃ ဇေရမှ ဆင်းသက်သော ဇေရဟိအဆွေအမျိုး၊ ရှေလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုးတည်း။ ၁၄ ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား နှစ်သောင်း နှစ်ထောင့် နှစ်ရာရှိသတည်း။


ဂဒ်အမျိုး ၄၀၅၀၀

၁၅ ဘိုးဘ အဆွေအမျိုး အလိုက်ဂဒ်၏ သားဟူမူကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး၊ ၁၆ ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုး၊ ဧရိမှ ဆင်းသက်သော ဧရိတ်အဆွေအမျိုး၊ ၁၇ အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုး၊ အရေလိမှ ဆင်းသက်သော အရေ လိတ်အဆွေအမျိုးတည်း။ ၁၈ ဤသူတို့သည် ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးရာ ရှိသတည်း။


ယုဒအမျိုး ၇၆,၅၀၀

၁၉ ယုဒ၏သား ဟူမူကား၊ ခါနာန်ပြည်၌ သောသော ဧရနှင့် ဩနန်အစရှိသော၊ ၂၀ ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှ ဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှ ဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။ ၂၁ ဖာရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုးတည်း။ ၂၂ ဤသူတို့သည် ယုဒအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ​ခြောက်ထောင့် ငါးရာရှိသတည်း။


ဣသခါအမျိုး ၆၄,၃၀၀

၂၃ ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏ သားဟူမူကား၊ တောလမှ ဆင်းသက်သော တောလိအဆွေအမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိ အဆွေအမျိုး၊ ၂၄ ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုးတည်း။ ၂၅ ဤသူတို့သည် ဣသခါ အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား ခြောက်သောင်း လေးထောင့် သုံးရာရှိသတည်း။


ဇာဗုလုန်အမျိုး ၆၀,၅၀၀

၂၆ ဘိုးဘ အဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေလမှ ဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။ ၂၇ ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူ ပေါင်းကား၊ ​ခြောက်သောင်း ငါးရာရှိသတည်း။


မနာရှေအမျိုး ၅၂,၇၀၀

၂၈ ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်၊ ၂၉ မနာရှေ၏သား ဟူမူကား၊ မာခိရမှ ဆင်းသက်သော မာခိရိ အဆွေအမျိုး၊ ၃၀ ယေဇေရမှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး၊ ၃၁ အသေရေလမှ ဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊ ၃၂ ရှမိဒမှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုး၊ ဟေဖာမှ ဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သား ဂိလဒ်မှဆင်းသက်သော ဂိလဒိ အဆွေအမျိုးတည်း။ ၃၃ ဟေဖာ၏သား ဇလောဖဒ်၌ ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ ဇလောဖဒ်၏ သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။ ၃၄ ဤသူတို့သည် မနာရှေ အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင့် ခုနစ်ရာရှိသတည်း။


ဧဖရိမ်အမျိုး ၃၂,၅၀၀

၃၅ ဘိုးဘ အဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး၊ ဗေခါမှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိ အဆွေအမျိုးတည်း။ ၃၆ ရှုသေလ၏သား ဧရန်မှ ဆင်းသက်သော ဧရနိ အဆွေအမျိုးတည်း။ ၃၇ ဤသူတို့သည် ဧဖရိမ် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင့် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏ သားစဉ်မြေးဆက် ဖြစ်သတည်း။


ဗင်္ယာမိန်အမျိုး ၄၅,၆၀၀

၃၈ ဘိုးဘ အဆွေ အမျိုးအလိုက် ဗင်္ယာမိန်၏ သားဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိ အဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုး၊ အဟိရံမှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး။ ၃၉ ရှုဖံမှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုးတည်း။ ၄၀ ဗေလသား အာရဒမှ ဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေအမျိုးတည်း။ ၄၁ ဤသူတို့သည် ဗင်္ယာမိန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင့်​ ခြောက်ရာ ရှိသတည်း။


ဒန်အမျိုး ၆၄,၄၀၀

၄၂ ဘိုးဘ အဆွေ အမျိုးအလိုက် ဒန်၏သား ဟူမူကား၊ ရှုဟံမှ ဆင်းသက်သော ရှုဟမိ အဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊ ၄၃ စာရင်းဝင်သော ရှုဟမိ လူပေါင်းကား၊ ​ခြောက်သောင်း လေးထောင့် လေးရာ ရှိသတည်း။


အာရှာအမျိုး ၅၃,၄၀၀

၄၄ ဘိုးဘ အဆွေ အမျိုးအလိုက် အာရှာ၏ သားဟူမူကား၊ ယိမနမှ ဆင်းသက်သော ယိမနိ အဆွေအမျိုး၊ ယေသဝိမှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုး၊ ဗေရိမှ ဆင်းသက်သော ဗရိတ် အဆွေအမျိုးတည်း။ ၄၅ ဗေရိ၏သား ဟေဗေရမှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။ ၄၆ အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။ ၄၇ ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော သူပေါင်းကား၊ ငါးသောင်း သုံးထောင့် လေးရာ ရှိသတည်း။


နဿလိအမျိုး ၄၅,၄၀၀

၄၈ ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုး၊ ဂုနိမှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး၊ ၄၉ ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုးတည်း။ ၅၀ ဤသူတို့သည် နဿလိ အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူ ပေါင်းကား၊ လေးသောင်း ငါးထောင့် လေးရာ ရှိသတည်း။


ခါနန်ပြည်ဝင်ခါနီးဣသရေလလူ ၆၀၁,၇၅၀

၅၁ ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်းကား ခြောက်သိန်း တစ်ထောင် ခုနစ်ရာ့ ငါးဆယ် ရှိသတည်း။ ၅၂ ထာဝရဘုရား ကလည်း၊ ဤသူတို့အား အရေအတွက် ရှိသည်အတိုင်း၊ ၅၃ ခါနာန်ပြည်ကို ဝေရမည်။ ၅၄ လူများလျှင် များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော အမွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးအသီးတို့အား အမွေမြေကို ဝေပေးရမည်။ ၅၅ သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေခံရကြမည်။ ၅၆ စာရေးတံ ကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်၊ ဟုမောရှေအား မိန့်တော်မူ၏။


လေဝိအမျိုး တလလွန်ယောက်ျား ၂၃,၀၀၀

၅၇ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန်မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုး၊ ကောဟတ်မှ ဆင်းသက်သော ကောဟတ် အဆွေအမျိုး၊ မေရာရိမှ ဆင်းသက်သော မေရာရိတ် အဆွေအမျိုးတည်း။ ၅၈ ဤသည်လျှင် လေဝိ အဆွေအမျိုးဖြစ်၍၊ လိဗနိ အဆွေအမျိုး၊ ဟေ​ဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိ အဆွေအမျိုး၊ ကောရသိ အဆွေအမျိုးပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။ ၅၉ အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယားဖွား မြင်သော လေဝိ၏သမီး ယောခေဗက်တည်း။ ထိုမိန်းသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဖွားမြင်လေ၏။ ၆၀ အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ ၆၁ နာဒပ်နှင့် အဘိ၊ ဟုတို့သည် ထာဝရဘုရား ရှေ့တော်၌ ထူးခြားသော မီးကိုပူဇော်သောအခါ သေကြ၏။ ၆၂ အသက်တလလွန်၍ စာရင်းဝင်သော လေဝိသား ယောကျာ်းပေါင်းကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။ ၆၃ ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။ ၆၄ မောရှေနှင့် ယဇ်ပုရောဟိတ် အာရုန်တို့ သည်၊ သိနာတော၌ ဣသရေလ အမျိုးတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တစ်ယောက်မျှမပါ။ ၆၅ အကြောင်းမူကား၊ ထိုသူတို့သည် တော၌ အမှန်သေရကြမည်၊ ဟုထာဝရဘုရား မိန့်တော်မူပြီ။ ယေဇန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှု မှတပါး၊ အရင်းလူ တစ်ယောက်မျှ မကြွင်းမကျန်ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.