-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၅


ဣသရေလအမျိုးသားတို့ မောဘဘုရား ကိုးကွယ်

ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသော မေထုန်ကို ပြုကြ၏။ ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။ ထာဝရဘုရားသည်လည်း၊ ငါသည် ပြင်းစွာသော အမျက်တော်ကို ဣသရေလ အမျိုးမှ လွှဲစေခြင်းငှာ၊ ဣသရေလ မင်းအပေါင်းတို့ကို ခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည် ဣသရေလမင်း တို့ကိုခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့ အသီးအသီး ဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့၊ ဟုမှာထားလေ၏။


ဣသရေလများ ၂၄,၀၀၀ သေ

ထိုအခါ ဣသရေလ အမျိုးသား တစ်ယောက်သည်၊ မောရှေရှေ့ ၌၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကို တို့ထံသို့ ဆောင်ခဲ့လေ၏။ ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊ ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။ ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိသတည်း။ [A]


ဘုရားအတွက် စိတ်အားကြီးသော ဖိနဟတ်

၁၀ ထာဝရဘုရားကလည်း၊ ငါသည် အမျက်ထွက်၍ ဣသရေလ အမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း ၊၁၁ ယဇ်ပုရောဟိတ် အာရုန်၏သား၊ ဧလာဇာ၏သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှ လွှဲပြီ။ ၁၂ သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ ချမ်းသာ ပဋိညာဉ်ကို သူအား ငါပေး၏။ ၁၃ သူသည် မိမိ ဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလ အမျိုးသားတို့အဖို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့် သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ် တည်းဟူသော ထာဝရ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီ၊ ဟုမောရှေအား မိန့်တော်မူ၏။ ၁၄ မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကို ခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှားသော အဆွေအမျိုးတွင် အကဲအမှူး သာလု၏သား ဇိမရိဖြစ်သတည်း။ ၁၅ အသေသတ်ခြင်းကို ခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသော အဆွေအမျိုးတို့တွင် အကဲအမှူး ဇုရ၏သမီး ကောဇဘိဖြစ်သတည်း။ ၁၆ ထာဝရဘုရားကလည်း၊ မိဒျန် အမျိုးသားတို့ကို နှောင့်ယှက်၍ လုပ်ကြံကြလော့။ ၁၇ အကြောင်းမူကား၊ သူတို့သည် ပေဂုရ ဘုရားအမှု၌၎င်း၊ ပေဂုရ ဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန် မင်းသမီး ကောဇဘိအမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များအားဖြင့် လှည့်စား နှောင့်ယှက်ကြပြီ၊ ဟုမောရှေအား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.