-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃၆


ဇလောဖဒ်သမီးတို့ရသော အမွေမြေကစ္စ

ယောသပ် အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုး သူကြီးတို့သည်၊ မောရှေအစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုးသူကြီးတို့ ထံသို့လာ၍၊ အ​ကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလ အမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှာ၎င်း၊ အ​ကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှာ၎င်း၊ ထာဝရဘုရားအား အမိန့်တော်ရှိပါ၏။ ထိုမိန်းမတို့သည် မိမိအမျိုး မှတပါး၊ အခြားသော ဣသရေလ အမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့ အမွေမြေကို အ​ကျွန်ုပ်တို့ မိစဉ်ဘဆက်အမွေမှ နှုတ်၍ သူတို့ဝင်သော အမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အ​ကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။ ဣသရေလ အမျိုးသားတို့၌ ယုဘိလနှစ် ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သော အမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အ​ကျွန်ုပ်တို့ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်၊ ဟုလျှောက်ထားကြ၏။


အမွေမြေသည် တမျိုးမှ တမျိုးသို့ မပြောင်းရ

ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ဣသရေလ အမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ် အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။ ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသား မှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။ ဣသရေလ အမျိုးသားတို့၏ အမွေမြေသည် တမျိုးမှ တမျိုးသို့ မပြောင်းရ။ ဣသရေလ အမျိုးသား အပေါင်းတို့သည် အသီးအသီး မိမိတို့ မိစဉ်ဘဆက်အမွေ၌ နေရကြမည်။ ဣသရေလ အမျိုး တစ်စုံတမျိုး၌ အမွေမြေရှိသော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလမျိုးသား အသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက် အမွေမြေကို ခံစားရကြမည်။ အမွေမြေသည် တမျိုးမှ တမျိုးသို့ မပြောင်းရ။ ဣသရေလ အမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌ နေရကြမည်၊ ဟုမိန့်တော်မူ၏။ ၁၀ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း၊ ဇလောဖဒ်၏ သမီးမာလာ၊ ၁၁ တိရဇာ၊ ဟောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဘက်ကြ၏။ ၁၂ ထိုသို့ ယောသပ်တွင် မြင်သော မနာရှေသား အဆွေအမျိုးနှင့် စုံဘက်ခြင်း အမှုကို ပြု၍ သူတို့ အမွေမြေသည် သူတို့ မိစဉ်ဘဆက်အမျိုး၌ တည်နေ၏။ ၁၃ ဤရွေ့ကား မောဘလွင်ပြင်၊ ယောဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလ အမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။


ရှင်မောရှေ စီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.