-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၈


နေ့တိုင်းပူဇော်ရသော မီးရှို့ရာယဇ်
CROSS REFERENCES






တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါ၏ ပူဇော်သက္ကာကို၎င်း၊ ငါ့အဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏ အစာအာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။ တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဖို့၊ အခါမလည် အပြစ်မပါသော သိုးသူငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့် ပူဇော်ရမည်။ နံနက်ယံ၌ သိုးသူငယ် တစ်ကောင်၊ ညဦး၌ တစ်ကောင်ကို ပူဇော်ရမည်။ သံလွင်သီးကို ထောင်း၍ ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက် တစ်ဩမဲကိုလည်း ပူဇော်ရမည်။ ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည် အတိုင်း၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစဉ်အမြဲ ပြုရသော မီးရှို့ရာယဇ် ဖြစ်သတည်း။ သိုးသူငယ် တစ်ကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဖို့ စပျစ်ရည် သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဖို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။ အခြားသော သိုးသူငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ ပါဝင်သည်နည်းတူ ပါဝင်လျက်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့်ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကိုပြုရမည်။ နေ့တိုင်းအစဉ် ပူဇော်သော မီးရှို့ရာယဇ်၊ ၁၀ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ဥပုသ်နေ့ရက်၌ [A] အခါမလည် အပြစ်မပါသော သိုးသူငယ် နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာ ပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဖို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။ ၁၁ လဆန်း တစ်ရက်နေ့၌ ၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်၊ အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်တို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ ၁၂ နွားတစ်ကောင်အဖို့၊ ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်အဖို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲ၊ ၁၃ သိုးသူငယ် တစ်ကောင်အဖို့၊ ဆီရောသော မုန့်ညက် တစ်ဩမဲ စီတည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့် တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ ၁၄ သွန်းလောင်းရာ ပူဇော်သက္ကာဖို့ကား၊ နွားတစ်ကောင်နှင့် စပျစ်ရည်​ ခြောက်လောဃ၊ သိုးတစ်ကောင်နှင့် လေးလောဃ၊ သိုးတစ်ကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့လတိုင်း အစဉ်မပြတ် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ၁၅ နေ့တိုင်းအစဉ် ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ အပြစ်ဖြေရာယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သူငယ် တစ်ကောင်ကိုလည်း ပူဇော်ရမည်။


ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲ
CROSS REFERENCES






၁၆ ပထမလ တစ်ဆယ့်လေးရက်နေ့၌ ၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။ [B] ၁၇ ၎င်းလ တစ်ဆယ့်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ၁၈ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ၁၉ ထာဝရဘုရား အားဖြင့် ပြုသော ယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ ၂၀ နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ ၂၁ သိုးသငယ် ခုနစ်ကောင် စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာ ပြုရမည်။ ၂၂ အပြစ်​ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ ၂၃ နေ့ရက်အစဉ် နံနက်တိုင်း ပူဇော်သော မီးရှို့ရာယဇ် မှတပါး ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။ ၂၄ ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင် ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။ ၂၅ သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။


အဦးသီးသောအသီးပွဲ

၂၆ ထိုမှတပါး၊ သတင်း ခုနစ်သတင်းစေ့ပြီးမှ ဘောဇဉ် ပူဇော်သက္ကာ အသစ်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသော အသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ၂၇ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့်မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ် ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ ၂၈ နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ ၂၉ သိုးသူငယ် ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာ ပြုရမည်။ ၃၀ အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ ဆိတ်သူငယ် တစ်ကောင်ကိုလည်း ပူဇော်ရမည်။ ၃၁ ထိုသို့အစဉ်အမြဲ ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ မှတပါး၊ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.