-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၇


ဇလောဖဒ်သမီးတို့၏ အမွေကိစ္စ

ထိုအခါ ယောသပ်၏သား၊ မနာရှေ အဆွေအမျိုး၌ ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏ သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည် လာ၍၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များ အပေါင်းတို့ ရှေ့မှာရပ်လျက်၊ အ​ကျွန်ုပ်တို့၏ အဘသည် တော၌ သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏ အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောကျ်ား မရှိပါ။ ထိုသို့ သားယောက်ျား မရှိသောကြောင့်၊ အ​ကျွန်ုပ်တို့အဘ၏ အမည်သည် အ​ကျွန်ုပ်တို့ အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အ​ကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ၊ အ​ကျွန်ုပ်တို့အား အမွေပေးပါ၊ ဟုလျှောက်ကြ၏။ သူတို့အမှုကို မောရှေသည် ထာဝရဘုရား ရှေ့တော်၌ ထားလေ၏။ ထာဝရဘုရား ကလည်း၊ ဇလောဖဒ်သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။ အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကို တို့နှင့်အတူ အမွေခံရသော အခွင့်ကို သူတို့အားပေးရမည်။ သူတို့ အဘ၏ အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရမည်။ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောကျ်ားမရှိဘဲ သေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။ သမီးမရှိလျှင်၊ သူ၏အမွေ ဥစ္စာကို သူ၏ညီအစ်ကိုတို့ အားပေးရမည်။ ၁၀ ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။ ၁၁ ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဖေါ် အားပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း၊ ဣသရေလ အမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေ၊ ဟုမောရှေအားမိန့်တော်မူ၏။


မောရှေသေရမည်

၁၂ တဖန်ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလ အမျိုးသားတို့အား ငါပေးသော ပြည်ကိုကြည့်ရှုလော့။ ၁၃ သို့ပြီးမှ၊ သင်၏ အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရမည်။ ၁၄ အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘ စမ်းရေအနား၌ ရုန်းရင်းခတ် ပြုကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသောအပြစ်ရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။


ယောရှုကိုခန့်ထားရမည်
CROSS REFERENCES






၁၅ မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ်တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မည်အကြောင်း၊ ၁၆ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ၁၇ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ထုတ်ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစ်စုံတစ်ယောက်ကို သူတို့အပေါ်မှာ၊ ခန့်ထားတော်မူ ပါစေသော်ဟု [A] ထာဝရဘုရားအား လျှောက်လေ၏။ ၁၈ ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏ သားယောရှုကို ခေါ်၍၊ သင်၏လက်ကို သူ့အပေါ်မှာ တင်လော့။ ၁၉ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။ ၂၀ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ သူ၏စကားကို နားထောင်မည် အကြောင်း၊ သင်၏ ဘုန်းအသရေ အချို့ကို သူ့အပေါ်၌ တင်ထားလော့။ ၂၁ ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ၊ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ ၂၂ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည် ထွက်ဝင်ရကြမည်၊ ဟုထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ၂၃ ယောရှုကိုခေါ် ၍၊ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့ ၌ ထားပြီးလျှင်၊ ၂၄ သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.