-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၇


တဲတော်တန်ဆာများသည် ရန်နွားနှင့်ရထားများပေး

မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာ ရှိသမျှတို့ကို၎င်း ဆီလူး၍၊ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊ စာရင်းဝင်သော သူတို့ကိုအုပ်၍ ဣသရေလ အမျိုးအနွယ် အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုး သူကြီးမင်းတို့သည်၊ မင်းတစ်ပါး၊ နွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသော ရထား တခုစီ၊ ရထား​ခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရဘုရားအား၊ ပူဇော်သက္ကာပြုကြ၏။ ထာဝရဘုရား ကလည်း၊ သင်သည် ပရိသတ်စည်းဝေးရာ တဲတော် အမှုဆောင်ရွက်စရာဖို့ ခံယူ၍၊ အမှုကို ဆောင်ရွက်ရသည် အတိုင်း၊ လေဝိသား အသီးအသီးတို့အား ပေးလော့၊ ဟုမိန့်တော်မူ၏။ မောရှေသည် ရထားနှင့် နွားတို့ကို ခံယူ၍ လေဝိသားတို့အား ပေးသဖြင့်၊ အမှုဆောင် ရွက်စရာရှိသည် အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊ မေရောရိသားတို့အား ရထားလေးခုနှင့် နွားရှစ်ကောင်တို့ကို၎င်း ပေးလေ၏။ သန့်ရှင်းရာ ဌာနတော်အမှုကို စောင့်ရသော ကောဟတ်သားတို့သည်၊ မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့်နွားတို့ကို မပေး။


ပဌမနေ့၌ ယုဒအမျိုးပူဇော်

၁၀ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဓနာ ပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။ ၁၁ ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဓနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သက္ကာကို ပြုရကြမည်၊ ဟုမောရှေအား မိန့်တော်မူ၏။ ၁၂ ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သား နာရှုန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၁၃ အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၁၄ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၁၅ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ် တစ်ကောင်၊ ၁၆ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၁၇ မိဿဟာယ ယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ၏။


ဒုတိယနေ့၌ ဣသခါအမျိုးပူဇော်

၁၈ ဒုတိယနေ့၌ ဣသခါ အမျိုးတွင်မင်း ဖြစ်သော ဇုအာသား နာသနေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ ၁၉ အကျပ်တော်အလိုက် တစ်ပိဿာ သုံးဆယ် အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ် အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၂၀ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၂၁ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ် တစ်ကောင်၊ ၂၂ အပြစ်​ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၂၃ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဇုအာသား နာသနေလသည် ပူဇော်လေ၏။


တတိယနေ့၌ ဇာဗုလုန်အမျိုး ပူဇော်

၂၄ တတိယနေ့၌ ဇာဗုလုန်အမျိုးတွင် မင်းဖြစ်သော ဟေလုန်သား ဧလျာဘ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊ ၂၅ အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ် အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၂၆ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၂၇ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ် တစ်ကောင်၊ ၂၈ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၂၉ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဟေလုန်သား ဧလျာဘသည် ပူဇော်လေ၏။


စတုတ္ထနေ့၌ ရုဗင်အမျိုးပူဇော်

၃၀ စတုတ္ထနေ့၌ ရုဗင်အမျိုးတွင် မင်းဖြစ်သော ရှေဒုရသား ဧလိဇုရ ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၃၁ အကျပ်တော်အလိုက် တစ်ပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ် အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၃၂ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၃၃ မီးရှို့ရာ ယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၃၄ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၃၅ မိဿဟာယ ယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ရှေဒုရသား ဧလိဇုရသည် ပူဇော်လေ၏။


ပဉ္စမနေ့၌ ရှိမောင်အမျိုးပူဇော်

၃၆ ပဉ္စမနေ့၌ ရှိမောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား ရှေလုမျေလ ဆက်သောပူဇော် သက္ကာဟူမူကား၊ ၃၇ အကျပ်တော်အလိုက် တစ်ပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇာ်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၃၈ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၃၉ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးထီးတစ်ကောင်၊ ၄၀ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၄၁ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဇုရိရှဒ္ဒဲသား ရှေလုမျေလသည် ပူဇော်လေ၏။


ဆဌမနေ့၌ ဂဒ်အမျိုးပူဇော်

၄၂ ဆဌမနေ့၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလသား ဧလျာသပ် ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၄၃ အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ် အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ် အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၄၄ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ် တစ်ဆယ်အချိန် ရှိသော ရွှေဇွန်း၊ ၄၅ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၄၆ အပြစ်​ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၄၇ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။


သတ္တမနေ့၌ ရှိမောင်အမျိုးပူဇော်

၄၈ သတ္တမနေ့၌ ရှိမောင်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာ ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၄၉ အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ် အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန် ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၅၀ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ် တစ်ဆယ်အချိန် ရှိသော ရွှေဇွန်း၊ ၅၁ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၅၂ အပြစ်ဖြေရာ ယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၅၃ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ အမိဟုဒ်သား ဧလိရှမာသည် ပူဇော်လေ၏။


အဋ္ဌမနေ့၌ မနာရှေအမျိုးပူဇော်

၅၄ အဋ္ဌမ၌ မနာရှေအမျိုးတွင် မင်းဖြစ်သော ပေဒါဇုရသား ဂါမလျေလ ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၅၅ အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၅၆ မီးရှို့ရာ နံ့ပေါင်းနှင့်ပြည့်၍ အကျပ် တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ ၅၇ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ် တစ်ကောင်၊ ၅၈ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၅၉ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ပေဒါဇုရသား ဂါမလျေလသည် ပူဇော်လေ၏။


နဝမနေ့၌ ဗင်္ယာမိန်အမျိုးပူဇော်

၆၀ နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန် ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၆၁ အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ် အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ် အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၆၂ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၆၃ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၆၄ အပြစ်​ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၆၅ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဂိဒေါနိသား အဘိဒန်သည် ပူဇော်လေ၏။


ဒသမနေ့၌ ဒန်အမျိုးပူဇော်

၆၆ ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိရှဒ္ဒဲသား အဟဇော ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၆၇ အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ် အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန် ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၆၈ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ် အချိန်ရှိသော ရွှေဇွန်း၊ ၆၉ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၇၀ အပြစ်​ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၇၁ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ အမိရှဒ္ဒဲသား အဟဇောသည် ပူဇော်လေ၏။


ဧကာဒသမနေ့၌ အာရှာအမျိုးပူဇော်

၇၂ ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ်သော ဩကရန်သား ပါဂျေလ ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၇၃ အကျပ်တော်အလိုက် တစ်ပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန် ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊ ၇၄ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ် တစ်ဆယ်အချိန် ရှိသော ရွှေဇွန်း၊ ၇၅ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၇၆ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၇၇ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါးကောင်တို့ကို၊ ဩကရန်သား ပါဂျေလသည် ပူဇော်လေ၏။


ဒွါဒဿမနေ့၌ နဿလိအမျိုးပူဇော်

၇၈ ဒွါဒဿမနေ့၌ နဿလိအမျိုးတွင် မင်းဖြစ်သော ဧနန်သား အဟိရ ဆက်သော ပူဇော်သက္ကာဟူမူကား၊ ၇၉ အကျပ်တော်အလိုက် တစ်ပိဿာ သုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန် ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၌ အပြည်ထည့်သော မုန့်ညက်၊ ၈၀ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်၍ အကျပ် တစ်ဆယ်အချိန် ရှိသော ရွှေဇွန်း၊ ၈၁ မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည်သော သိုးသူငယ်တစ်ကောင်၊ ၈၂ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်၊ ၈၃ မိဿဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသူငယ် ငါကောင်တို့ကို၊ ဧနန်သား အဟိရသည် ပူဇော်လေ၏။


ဣသရေလအမျိုး အားလုံး ပူဇော်သောအရာ

၈၄ ထိုသို့ ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်း ဆယ်နှစ်လုံး၊ ငွေဖလားပေါင်း ဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်းတည်း။ ၈၅ ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ် လေးပိဿာ ရှိသတည်း။ ၈၆ မီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက်ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တစ်ပိဿာနှစ်ဆယ် ရှိသတည်း။ ၈၇ မီးရှို့ရာယဇ်ဖို့ ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ နွားပေါင်း ဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါမလည်သော သိုးသူငယ် ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ်ပေါင်း ဆယ်နှစ်ကောင်၊ ၈၈ မိဿဟာယယဇ်ဖို့ နွားပေါင်း၊ ဆိတ်ထီး​ခြောက်ဆယ်၊ အခါမလည်သော သိုးသူငယ် ​ခြောက်ဆယ်၊ အခါမလည်သော သိုးသူငယ် ​ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ကို ဆီလူးသောနောက်၊ အနုမောဒနာ ပြုဖို့ ဆက်သော ပူဇော်သက္ကာပေတည်း။ ၈၉ မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှာ ပရိသတ် စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက် သေတ္တာပေါ်၌ တင်သော အဖုံးအထက်က၊ ဘုရားသခင် ခေါ်တော်မူသံကို မောရှေသည် ကြား၍ ထူးလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.