-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၉


လူစင်ကြယ်စေဖို့ နီသော နွားမ ပြာပြုလုပ်နည်း

တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊ အပြစ်မပါ၊ တစ်ခါမျှ ထမ်းပိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမကို ဣသရေလ အမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ် ဧလာဇာ၌ အပ်၍တပ်ပြင်သို့ ဆောင်သွားပြီးမှ၊ သူ့ရှေ့ ၌ အခြားသူသတ်ရမည်။ ယဇ်ပုရောဟိတ် ဧလာဇာသည် အသွေးကို လက်နှင့်ယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော် ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖြန်းရမည်။ ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏ အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တစ်ကောင်လုံးကို အခြားသူသည် မီးရှို့ရမည်။ ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကိုယူ၍၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည်။ ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။ မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။ စင်ကြယ်သောသူ တစ်စုံတစ်ယောက်သည် နွားမ၏ပြာကို စုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလ အမျိုးပရိသတ်အဖို့ စင်ကြယ်စေသော ရေဖော်ဖို့၊ ထိုပြာကို သိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဖို့ ဖြစ်သတည်း။ ၁၀ နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား၊ တည်းခိုသော တပါးအမျိုးသား တို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း။


လူသေကောင်ကို ထိသောသူ ခုနစ်ရက်မစင်ကြယ်

၁၁ လူသေကောင်ကို ထိသောသူ ခုနစ်ရက် မစင်ကြယ် ဖြစ်လိမ့်မည်။ ၁၂ သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍ ခုနစ်ရက် မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက် မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေလျှင်၊ ခုနစ်ရက် မြောက်သော နေ့တိုင်အောင် မစင်ကြယ်ရ။ ၁၃ လူသေကောင်ကို ထိ၍ ကိုယ်ကို မသန့်ရှင်းစေသောသူသည် ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလ အမျိုးမှ ပယ်ရှင်းရမည်။ စင်ကြယ်သော ရေဖြန်းခြင်းကို မခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။ ၁၄ တဲ၌ လူသေလျှင် စောင့်ရသော တရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ ရှိနေသောသူ အပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ် ဖြစ်ကြလိမ့်မည်။ ၁၅ မဖုံးဘဲ ဖွင့်ထားသော အိုးရှိသမျှတို့သည်လည်း၊ မစင်ကြယ် ဖြစ်ကြလိမ့်မည်။ ၁၆ သတ်၍ သေသောသူ၊ နာ၍ သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ် ဖြစ်လိမ့်မည်။


မစင်ကြယ်သောသူ သန့်ရှင်းဖို့ ပြုမည့်နည်း

၁၇ မစင်ကြယ်သောသူဖို့ အပြစ်ကင်းစေရာ မီးရှို့သော နွားမ၏ ပြာအချို့ကိုယူ၍၊ စီးသောရေနှင့် အတူအိုး၌ ထည့်ပြီးမှ၊ ၁၈ စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌ နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ သင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။ ၁၉ စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက် မြောက်သောနေ့၊ ခုနစ်ရက် မြောက်သောနေ့၌ ဖြန်းရမည်။ ခုနစ်ရက် မြောက်သောနေ့၌ ကိုယ်ကို သန့်ရှင်းစေလျက်၊ မိမိအဝတ်ကို လျှော်၍ ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။ ၂၀ မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်းစေခြင်းငှာ မပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာ ဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲ နေ၏။ ၂၁ အစဉ်အမြဲ စောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သောရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ ထိုရေကို ထိသောသူလည်း၊ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ၂၂ မစင်ကြယ်သောသူ ထိသမျှသော အရာသည်လည်း မစင်ကြယ် ဖြစ်လိမ့်မည်။ ထိုအရာကို ထိသောသူလည်း ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.