-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၂


မောဘရှင်ဘုရင် ဗာလက်မင်းက ဗာလမ်ကိုခေါ်

တဖန် ဣသရေလ အမျိုးသားတို့သည် ခရီးသွား၍ မောဘလွန်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။ အာမောရိ အမျိုးသားတို့၌ ပြုကြသော အမှုအလုံးစုံကို၊ ဇိဖေါ်သား ဗာလက်မင်း သိမြင်လျှင်၊ ဣသရေလ အမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘ ပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊ နွားသည် မြက်ပင်ကို လှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကို လှမ်း၍ စားလိမ့်မည်၊ ဟုပူပန်သော စိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီး သူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖေါ်သား ဗာလက်သည်၊ မောဘရှင် ဘုရင်ဖြစ်သည်နှင့်၊ အမ္မုန်ပြည်၌ စီးသော မြစ်၏အနားမှာ ရှိသော ပေသော်မြို့နေ ဗောရသား ဗာလမ်ကို ခေါ်ပင့်ခြင်းငှာ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာသော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား၌ နေရာချကြပြီ။ သို့ဖြစ်၍၊ ကြွပါ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကို ငါတိုက်၍ ငါပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော် ကောင်းကြီး ပေးသောသူသည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူ ဖြစ်သည်ကို၎င်း၊ ငါသိသည်၊ ဟုမှာလိုက်လေ၏။ မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန်ပြည်သား အသက်ကြီးသူ တို့သည် ပြုစားခြင်း လက်ဆောင်ပါလျက် သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။


ဗာလမ်ကို ထာ၀ရဘုရားက လိုက်ခွင့်မပေး

ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌ နေကြပါဦး။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်၊ ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ သင်၌ ရှိသော ဤလူတို့သည် အဘယ်သူနည်း၊ ဟုမေးတော်မူလျှင်၊ ၁၀ ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အ​ကျွန်ုပ်ဆီသို့ လူကို စေလွှတ်၍၊ ၁၁ အဲဂုတ္တုပြည်မှ ရောက်လာသော လူအများသည်၊ မြေမျက်နှာကို ဖုံးလွှမ်းလျက် နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကို ငါတိုက်၍ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်၊ ဟုခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အား လျှောက်ဆို၏။ ၁၂ ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်းကြီး မင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်၊ ဟုဗာလမ်အား မိန့်တော်မူ၏။ ၁၃ နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသော အခွင့်ကို ထာဝရဘုရား ပေးတော်မမူ၊ ဟုဗာလက်မင်း စေလွှတ်သော အရာရှိတို့အား ပြန်ပြောလေ၏။ ၁၄ ထိုအခါ မောဘပြည် အရာရှိတို့သည် ဗာလက်မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ​ကျွန်တော်တို့နှင့်အတူ မလိုက်လိုပါ၊ ဟုလျှောက်ကြ၏။


ဗာလက်မင်းက ဒုတိယအဖွဲ့ကို စေလွှတ်ပြန်

၁၅ တဖန် ဗာလက်မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့် များ၍၊ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည် အတိုင်း၊ ၁၆ သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍၊ ဇိဖေါ်သား ဗာလက်မင်းက၊ ကိုယ်တော်သည် ငါထံသို့ မလာမည် အကြောင်း အဘယ် အဆီးအတားမျှ မရှိပါစေနှင့်။ ၁၇ ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော် တောင်းသမျှကိုပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ ကျိန်ဆဲပါ၊ ဟုမိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။


ထာ၀ရဘုရားက ဗာလမ်ကိုလိုက်ခွင့်ပေး

၁၈ ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစ်စုံတခုကိုမျှ ငါမပြုနိုင်။ ၁၉ သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌ နေကြပါဦး၊ ဟုဗာလက်မင်း​ ကျွန်တို့အား ပြန်ပြော၏။ ၂၀ ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှာ လာလျှင်၊ သူတို့နှင့်အတူ ထ၍ လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်၊ ဟုမိန့်တော်မူ၏။


ဗာလမ်ကို ကောင်းကင်တမန်က ဆီးတား

၂၁ နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မောဘ အရာရှိတို့နှင့်အတူ လိုက်လေ၏။ ၂၂ ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက်တော်ထွက်၍ ထာဝရဘုရား၏ ကောင်းကင် တမန်သည် သူ့ကို ဆီးတားခြင်းငှာ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သား နှစ်ယောက်နှင့် သွားစဉ်တွင်၊ ၂၃ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင် လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှာ ရိုက်လေ၏။ ၂၄ ထာဝရဘုရား၏ ကောင်းကင်တမန်သည် စပျစ်ဥယျာဉ် စောင်ရန်း နှစ်ဘက် စပ်ကြားလမ်း၌ တဖန်ရပ်နေ၏။ ၂၅ ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်းသည် မြင်ပြန်သောအခါ၊ စောင်ရန်း တဘက်၌ တိုး၍ ဗာလမ်၏ ​ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။ ၂၆ ထာဝရဘုရား၏ ကောင်းကင် တမန်သည် လွန်သွား၍၊ လမ်းတဘက်ဘက်မှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသော အရပ်၌ရပ်နေ၏။ ၂၇ မြည်းသည်လည်း ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကို ရိုက်လေ၏။


ဗာလမ် သူ၏မြည်းနှင့်ရန်တွေ့

၂၈ ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင်အောင် ရိုက်ရမည်ကြောင်း၊ ငါသည်သင်၌ အဘယ်သို့ ပြုဘိသနည်း၊ ဟုဗာလမ်အားမေးလျှင်၊ ၂၉ ဗာလမ်က သင်သည် ငါကို ကျီစားပါသည်တကား၊ ငါ၌ထားရှိပါစေသော်။ ထားရှိလျှင် သင့်ကို ယခုသတ်မည်၊ ဟုမြည်းအားဆို၏။ ၃၀ မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်း ဖြစ်သည်မဟုတ်လော။ သင်၌ တစ်ခါမျှ ဤသို့ ငါပြုဖူးသလော၊ ဟုဗာလမ်အားမေးလျှင်၊ မပြုဘူး၊ ဟုပြန်ပြော၏။


ဘုရားက ဗာလမ်မျက်စိဖွင့်ပေး
CROSS REFERENCES






၃၁ ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ [A]ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပြပ်ဝပ်လေ၏။ ၃၂ ထာဝရဘုရား၏ ကောင်းကင်တမန် ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင့်ဘက် ဖြစ်သောကြောင့်၊ [B]သင့်ကို ဆီးတားခြင်းငှာ ငါထွက်လာပြီ။ ၃၃ မြည်းသည် င့ါကိုမြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့ မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုသတ်၍ မြည်းကို အသက်ချမ်းသာ ပေးလေပြီ၊ ဟုဆို၏။ ၃၄ ဗာလမ်ကလည်း၊ အ​ကျွန်ုပ် ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ ကန့်လန့် နေတော်မူသည်ကို အ​ကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အ​ကျွန်ုပ် ပြန်သွားပါမည်၊ ဟုထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်။ ၃၅ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့် အတူလိုက်လော့။ သို့ရာတွင် ငါမှာထားသော စကားကိုသာ ဟောပြောရမည်၊ ဟုဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။


ဗာလက်မင်းက ဗာလမ်ကြို

၃၆ ဗာလမ် ရောက်သော သတင်းကို ဗာလက်မင်း ကြားလျှင်၊ ခရီး ဦးကြိုပြုခြင်းငှာ မောဘပြည်စွန်း အာနုန်ချောင်းနားမှာ ရှိသောမြို့တစ်မြို့သို့ ထွက်သွား၏။ ၃၇ ဗာလက်မင်း ကလည်း၊ ကိုယ်တော်ကို ခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ် စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လော၊ ဟုဗာလမ်အားဆိုလျှင်၊ ၃၈ ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတစ်ခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင် ထားတော်မူသော စကားကိုသာ ငါပြောပါမည်၊ ဟုပြန်ပြောပြီးမှ။ ၃၉ ဗာလက်မင်းနှင့် အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်လေ၏။ ၄၀ ဗာလက်မင်းသည်လည်း၊ သိုးနွားကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အား ပေးလိုက်လေ၏။ ၄၁ နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို အကုန်အစင်ပြခြင်းငှာ ဗာလဘုရားနှင့် ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.