-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၃


ခါနန်ပြည်စူးစမ်းဖို့ ဆယ့်နှစ်ယောက်စေလွှတ်
CROSS REFERENCES






တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ် အသီးအသီးထဲက အဆွေအမျိုးသူကြီး ဖြစ်သော၊ တမျိုးတစ်ယောက်စီ ရွေးကောက်၍ စေလွှတ်လော့၊ ဟု ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူ အပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။ ရှိမောင်အမျိုး၊ ဟောရိသားရှာဖတ်။ ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်။ ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။ ဧဖရိမ်အမျိုး၊ နုန်သားဩရှေ။ ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။ ၁၀ ဇာဗုလုန်အမျိုး၊ သောဒိသားဂါဒျေလ။ ၁၁ ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသားဂဒ္ဒိ။ ၁၂ ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။ ၁၂ အာရှာအမျိုး၊ မိက္ခေလ [A] သား သေသုရ။ ၁၄ နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊ ၁၅ ဂဒ်အမျိုး၊ မာခိသားဂွေလ၊ ၁၆ ဤ၍ကား ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သောသူတို့၏ အမည်တည်း။ နုန်၏သား ဩရှေကို၊ ယောရှုဟူသော အမည်ဖြင့် မောရှေမှည့်လေ၏။


စူးစမ်းသူတို့ကိုမှာထား

၁၇ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာ လမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။ ၁၈ ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော၊ များသလော၊ နည်းသလော။ ၁၉ သူတို့နေသော ပြည်သည် ကောင်းသလော၊ မကောင်းသလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့်နေကြသလော၊ ခိုင်ခံ့သောမြို့နှင့် နေကြသလော။ ၂၀ ထိုမြေသည် ကောင်းသလော၊ မကောင်းသလော။ တောများသလော၊ နည်းသလော၊ ဟုကြည့်ရှုကြလော့။ ရဲရင့်သော စိတ်ရှိကြလော့။ သစ်သီး အချို့ကိုလည်း ယူခဲ့ကြလော့၊ ဟုမှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီးမှည့်စ ကာလဖြစ်သတည်း။


စပျစ်သီးတစ်ခက် လူနှစ်ယောက်ထမ်း

၂၁ ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့ တိုင်အောင် ခါနာန်ပြည်ကို စူးစမ်းကြ၏။ ၂၂ တောင်မျက်နှာ၌ လျှောက်သွား၍ အာနကအမျိုးသား အဟိမာန်၊ ရှေရှဲ၊ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်သော မြို့ဖြစ်သတည်း။ ၂၃ ဧရှကောလချိုင့်သို့ ရောက်လျှင်၊ အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်ကို ခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့် ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်း သီးများကိုလည်း ဆောင်ခဲ့ကြ၏။ ၂၄ ဣသရေလ အမျိုးသား ခုတ်ယူသော စပျစ်သီးပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့် ဟူသောအမည်ဖြင့် မှည့်သတည်း။ ၂၅ အရက် လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်းသော အမှုပြီး၍ ပြန်လာကြ၏။


မကောင်းသတင်း ကြားပြောကြ
CROSS REFERENCES






၂၆ မောရှေနှင့် အာရုန်မှစ၍ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍၊ ထိုပြည်၌ သီးသောအသီးကို ပြကြ၏။ ၂၇ မောရှေအားလည်း၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော် စေလွှတ်သော ပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည် စီးသောပြည် [A] ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌ သီးသော အသီးဖြစ်ပါ၏။ ၂၈ သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက၊ အာနက အမျိုးသားတို့ကိုလည်း မြင်ရပါ၏။ ၂၉ အာမလက် အမျိုးသားတို့သည် တောင်ဘက်၌၎င်း၊ ဟတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း နေကြပါသည်၊ ဟုလျှောက်ဆိုကြ၏။ ၃၀ ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည်ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်၊ ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။ ၃၁ သူနှင့်အတူ လိုက်သွားသော သူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍၎င်း၊ ၃၂ ငါတို့သွား၍စူးစမ်းသော ပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့ တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ၃၃ ကိုယ်ကြီးသောလူ အမျိုးအနွယ်၊ အာနက အမျိုးအနွယ်ဖြစ်၍၊ အလွန်ကြီးမားသောသူ တို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ ဖြစ်ကြ၏။ သူတို့ အထင်အတိုင်းလည်း ထိုသို့ဖြစ်ကြသည်ဟူ ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလ အမျိုးသားတို့အား မကောင်းသော သတင်းကို ကြားပြောကြလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.