-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃


အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ

ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ မောရှေအား စကားပြော [A] (a) တော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊ အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ ဤသူတို့ကား၊ (b) ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ ဆီလောင်းခြင်း ဘိသိက်ကိုပေး၍၊ အရာ၌ခန့်ထားသော အာရုန်၏သားများ ဖြစ်ကြသတည်း။ နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရား ရှေ့တော်၌ ထူးခြားသော မီးကိုပူဇော်သောအခါ၊ ထာဝရဘုရား ရှေ့တော်၌ သေကြ၏။ [B] သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။


လေဝိအမျိုး ယဇ်ပုရောဟိတ်များ ကူရမည်

ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ သင်သည် လေဝိအမျိုးသား တို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်ထံ၌ နေရာချလော့။ သူတို့သည် ပရိသတ် စည်းဝေးရာ တဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်းတို့ ဆောင်ရသောအမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။ သူတို့သည် ပရိသတ် စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလ အမျိုးသား ဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလ အမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။ ၁၀ အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်၊ ဟုမိန့်တော်မူ၏။


သားဦးများကိုယ်စား လေဝိသားတို့သည် ဘုရားအဖို့

၁၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၁၂ ဣသရေလ အမျိုးတွင် အဦးဖွားသော သားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူ ဖြစ်ရကြမည်။ ၁၃ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဖို့ ငါသန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်၊ ဟုမိန့်တော်မူ၏။


လေဝိအမျိုးအနွယ်

၁၄ တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊ ၁၅ လေဝိသားတို့တွင် အသက် တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ ၊ ဟု၁၆ မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။ ၁၇ လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။ ၁၈ မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ နာမည်ကား၊ လိဗနိနှင့်ရှိမိတည်း။ ၁၉ မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ၂၀ မိမိ အဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား၊ မဟာလိနှင့်မုရှိတည်း။ ဤသူတို့သည်၊ မိမိဘိုးဘ အမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။


ဂေရရှုန် အဆွေအမျိုးတို့ တာဝန်

၂၁ ဂေရရှုန်မှ ဆင်းသက်သော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏။ ၂၂ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား ခုနစ်ထောင့် ငါးရာ ရှိသတည်း။ ၂၃ ဂေရရှုန် အဆွေအမျိုးတို့သည် တဲတော် အနောက်မျက်နှာ၌ နေရာချရမည်။ ၂၄ ဂေရရှုန် အဆွေအမျိုးသူကြီးကား၊ လေလသား ဧလျာသပ်တည်း။ ၂၅ ဂေရရှုန်သားတို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်၊ အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ကာသော ကုလားကာ၊ ၂၆ တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစု ရကြမည်။


ကောဟတ်အမျိုး တာဝန်

၂၇ ကောဟတ်မှ ဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေ အမျိုးတို့သည် ကောဟတ် အမျိုးအနွယ်ဖြစ်ကြ၏။ ၂၈ တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားအပေါင်းကား၊ ရှစ်ထောင့် ခြောက်ရာရှိသတည်း။ ၂၉ ကောဟတ် အဆွေအမျိုးတို့သည်၊ တဲတော်တောင် မျက်နှာ၌ နေရာချရမည်။ ၃၀ ကောဟတ် အဆွေအမျိုး သူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။ ၃၁ သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှု ပြုစုရကြမည်။ ၃၂ ယဇ်ပုရောဟိတ် အာရုန်သား ဧလာဇာသည်၊ လေဝိ အဆွေအမျိုး သူကြီးတို့ကို အုပ်၍၊ တဲတော် စောင့်သောသူတို့ကို ကြည့်ရှု စီရင်ရမည်။


မေရာရိ အမျိုးတာဝန်

၃၃ မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ် ဖြစ်ကြ၏။ ၃၄ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ​ခြောက်ထောင့် ခုနစ်ရာရှိသတည်း။ ၃၅ မေရာရိ အဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော် မြောက်မျက်နှာ၌ နေရာချရမည်။၃၆ မေရာရိသားတို့ အငန်းအတာ ဟူမူကား၊ တဲတော်ပျဉ်ပြားများ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ ​ခြေစွပ်များ၊ ထိုအရာနှင့် ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊ ၃၇ ​ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစု ရကြမည်။


မောရှေနှင့်အာရုန်၏သားများ

၃၈ မောရှေနှင့်အာရုန်မှစ၍၊ အာရုန်၏သားတို့သည်၊ ဣသရေလ အမျိုးသားတို့အဖို့၊ သန့်ရှင်းရာ ဌာနတော်ကို စောင့်လျက်၊ ပရိသတ် စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုး မှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။ ၃၉ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေ အမျိုးအလိုက် ရေတွက်၍၊ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ နှစ်သောင်းနှစ်ထောင်ရှိသတည်း။


ဣသရေလအမျိုးသားဦးများအစား လေဝိအမျိုး ဘုရားဥစ္စာ

၄၀ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက်တလကျော်သော သားဦး ယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။ ၄၁ ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဖို့ ယူလော့။ ငါသည်ထာဝရဘုရား ဖြစ်သည်၊ ဟု၄၂ မှာထားတောမူသည်အတိုင်း မောရှေသည် ဣသရေလအမျိုးသားဦးအပေါင်းတို့ကို ရေတွက်၍၊ ၄၃ အသက် တလကျော်ရှိသော သားဦးယောက်ျား နာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ့် သုံးယောက်ရှိသတည်း။ ၄၄ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၄၅ ဣသရေလ အမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ ရှိသော တိရစ္ဆာန်များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏လူ ဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။


သားဦးများအရွေးငွေ

၄၆ လေဝိသားတို့ထက် ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ့် သုံးယောက်တို့ကို ရွေးရမည်အမှုမှာ၊ ၄၇ အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။ ၄၈ ပိုသောသူတို့ ပေးရသော အရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အား ပေးရမည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၄၉ လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ကိုရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊ ၅၀ မောရှေသည် အကျပ်တော်နှင့် ချိန်လျက်၊ အခွက်တစ်ဆယ့် သုံးပိဿာ ​ခြောက်ဆယ့် ငါးကျပ်ကို ယူပြီးလျှင်၊ ၅၁ ထာဝရဘုရား မှာထားတော်မူသည် စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။

_________________________
Footnotes


(a) דִּבֶּ֧ר dib·ber ကိုမြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်ပေး" ဟုရေးထားသည်။ ထိုအရာသည် "စကားပြော" ဟုရေးသင့်သည်။

(b) မြန်မာကျမ်းစာအုပ်၌ "အဘသည်" ဟူသော စကားလုံး အပို ရေးထားသည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.