-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၆


နာဇရိလူ စောင့်ရသော အရာများ

တဖန် မောရှောအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဖို့ မိမိကို ခြားနားစေ၍၊ နာဇရိသစ္စာ ပြုခြင်းငှာ၊ မိမိကိုမိမိ ခွဲထားသောအခါ၊ စပျစ်ရည်နှင့် ယစ်မျိုးကို ရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သော အရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအ​ခြောက်ကိုလည်း မစားရ။ ခြားနားလျက်နေသော ကာလပတ်လုံး၊ စပျစ်သီးအဆန်၊ စပျစ်သီးအခွံ မှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။ ခြားနားသော သစ္စာစောင့်သော ကာလပတ်လုံး ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဖို့ မိမိကို ခြားနားစေသော ကာလမစေ့မှီ တိုင်အောင်၊ သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။ ထာဝရဘုရားအဖို့ မိမိကို ခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။ သူ၏ ဘုရားသခင်အဖို့ သူ၏ခေါင်းကို ခြားနားစေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း၊ ညစ်ညူးခြင်းကို မခံရ။ ခြားနားလျက် နေသော ကာလပတ်လုံး၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။


နာဇရိလူနားမှာ လူသေလျှင်

သူ့အနားမှာ တစ်စုံတစ်ယောက်သော သူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသော ခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကို ရိတ်ရမည်။ ၁၀ အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ။ တခုခုကို ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ ၁၁ ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ်ဖို့ တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ တစ်ကောင်ကို ပူဇော်၍၊ ထိုသူ၌ အသေကောင်အားဖြင့် ရောက်သောအပြစ် ဖြေခြင်းကို ပြုပြီးမှ၊ ထိုနေ့ခြင်းတွင် သူ၏ခေါင်းကို သန့်ရှင်းစေရမည်။ ၁၂ အရင်ခြားနားစေသော ကာလကို ထာဝရဘုရားအဖို့ တဖန်ခြားနားစေ၍၊ အခါမလည်သော သိုးသူငယ် တစ်ကောင်ကို ဒုစရိုက်​ဖြေရာ ယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်း ပျက်သောကြောင့်၊ လွန်သော ကာလပျောက်ရမည်။


နာဇရိလူ ကာလစေ့ပြီးမှ ပြုမည့်အရာများ

၁၃ ခြားနား၍ နေသော ကာလ စေ့ပြီးမှ၊ နာဇရိလူ စောင့်ရသော တရားဟူမူကား၊ သူသည် ပရိသတ် စည်းဝေးရာ တဲတော် တံခါးရှေ့သို့ လာ၍၊ ၁၄ မီးရှို့ရာယဇ်ဖို့ အခါမလည်၊ အပြစ်မပါသော သိုးသူငယ် အထီးတစ်ကောင်၊ အပြစ်​ဖြေရာယဇ်ဖို့ အခါမလည်၊ အပြစ်မပါသော သိုးသူငယ် အမတစ်ကောင်၊ မိဿဟာယယဇ်ဖို့ အပြစ်မပါသော ဆိတ်တစ်ကောင်၊ ၁၅ ဆီရောသော မုန့်ညက်နှင့် လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တစ်တောင်း၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။ ၁၆ ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ထံတော်သို့ သွင်း၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ၁၇ တဆေးမဲ့မုန့် တစ်တောင်းနှင့်တကွ၊ မိဿဟာယယဇ် ဆိတ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအား ပူဇော်ရမည်။ ၁၈ နာဇရိလူသည်၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးနားမှာ၊ မိမိခြားနားသော ဦးဆံကို ရိတ််၍၊ ထိုဆံကို မိဿဟာယယဇ် အောက်၌ ရှိသော မီးထဲမှာ ထည့်ရမည်။ ၁၉ ခြားနားသော ဦးဆံကို ရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံး တဘက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြား တစ်ပြား၊ တဆေးမဲ့မုန့်ကြွပ် တစ်ချပ်ကို ယူ၍၊ နာဇရိလူလက်၌ ထည့်ပြီးလျှင်၊ ၂၀ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာဖို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ၊ ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်းရမည်။ ထိုနောက်မှ၊ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသော အခွင့်ရှိ၏။ ၂၁ ဤရွေ့ကား၊ သစ္စာပြုသော နာဇရိလူသည်၊ အလိုအလျောက် တတ်နိုင်သမျှ မှတပါး၊ မိမိခြားနားခြင်းအတွက်၊ ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း၊ ခြားနားခြင်း တရားနှင့်အညီ ပြုရမည်၊ ဟုမိန့်တော်မူ၏။


ယဇ်ပုရောဟိတ်များ ကောင်းကြီးပေးနည်း

၂၂ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊ ၂၃ သင်တို့သည်၊ ဣသရေလ အမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊ ၂၄ ထာဝရဘုရားသည်၊ သင့်ကိုကောင်းကြီး ပေး၍ စောင့်မတော် မူပါစေသော်။ ၂၅ ထာဝရဘုရားသည် သင်၌ မျက်နှာတော် အလင်းကို လွှတ်၍၊ ကရုဏာကျေးဇူး ပြုတော်မူပါစေသော်။ ၂၆ ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာ ပေးတော်မူပါစေသော်၊ ဟု၂၇ ဣသရေလ အမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင်၊ ငါသည် ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.