-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၅


မသန့်ရှင်းသောသူများ တပ်ပြင်မှာနေရာချ

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှာ၊ ဣသရေလ အမျိုးသားတို့သည်၊ နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောကျ်ားမိန်းမ အပေါင်းတို့ကို၊ တပ်ပြင်မှာ နေရာချ ထားရမည်အကြောင်း ဆင့်ဆိုလော့၊ ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ပြုကြ၏။


ထာ၀ရဘုရားကို ပြစ်မှားလျှင်
CROSS REFERENCES






တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူပြုတတ်သော ဒုစရိုက်ကိုပြု၍၊ ထာဝရဘုရားကို ပြစ်မှားသဖြင့်၊ အပြစ်ရောက်သော ယောကျ်ားမိန်းမသည်၊ ထိုအပြစ်ကို ဖော်ပြ၍ တောင်းပန်ရမည်။ ပြစ်မှားသော အတွက်၊ ငါးစုတစ်စုကို ထပ်၍ ပြစ်မှားခံသောသူအား ပေးရမည်။ [A] ထိုအပြစ်အတွက် ပေးသော ဥစ္စာကို ခံထိုက်သော အမျိုးသားချင်း မရှိလျှင်၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားအား ပူဇော်ရမည်။ ထိုမှတပါး၊ အပြစ်ဖြေစေခြင်းငှာ၊ အပြစ်ဖြေရာယဇ်ဘို့၊ သိုးတစ်ကောင်ကို ပူဇော်ရမည်။ ယဇ်ပုရောဟိတ်အား ဣသရေလ အမျိုးသား ပူဇော်၍ သန့်ရှင်းသော အရာရှိသမျှတို့သည်၊ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။ ၁၀ လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ဖြစ်ရမည်၊ ဟုမိန့်တော်မူ၏။


မယားကိုမယုံခြင်း ပူဇော်သက္ကာ
CROSS REFERENCES






၁၁ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၂ လင်ရှိသော မိန်းမသည် အခြားတစ်ပါးသော ယောကျ်ားနှင့် မှားယွင်း၍ လင်ကို ပြစ်မှားလျှင်၎င်း၊ ၁၃ မှားယွင်းစဉ်တွင် သူတပါး မတွေ့မိ၊ သက်သေမရှိ၊ သီလပျက်သော်လည်း၊ ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊ ၁၄ သီလပျက်သည် ဖြစ်စေ၊ မပျက်သည် ဖြစ်စေ၊ လင်သည် မယားကို မယုံလျှင်၎င်း၊ ၁၅ ထိုမိန်းမပြုရသော ပူဇော်သက္ကာဖို့ မုယောမုန့် တဩမဲ ပါလျက်၊ သူ့ကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာ၊ အပြစ်ကို ဖော်တင်ရာ ပူဇော်သက္ကာ ဖြစ်၏။ ၁၆ ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ထားရမည်။ ၁၇ ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌ လောင်းပြီးလျှင်၊ တဲတော်၌ ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာ ထည့်ရမည်။၁၈ ထိုမိန်းမကို ထာဝရဘုရား ရှေ့တော်မှာ ထားပြီးလျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကို မယုံခြင်း၊ ပူဇော်သက္ကာ တည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကို ဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင်ရမည်။ ၁၉ ထိုအခါ ယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကို အကျိန်တိုက်လျက်၊ သင်သည် ကိုယ်ခင်ပွန်း မှတပါး အခြားသော ယောကျ်ားနှင့် မှားယွင်းခြင်း၊ ညစ်ညူးခြင်း မရှိလျှင်၊ ကျိန်ခြင်းဘေးကို ဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။ ၂၀ ကိုယ်ခင်ပွန်း မှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊ ၂၁ ထာဝရဘုရားသည်၊ သင်၏ ပေါင်ကို ပိန်စေ၍ ဝမ်းကိုလည်း ရောင်စေသဖြင့်၊ သင့်ကို ကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများ ကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှာ စီရင်တော်မူစေသတည်း။ ၂၂ ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည် သင်၏ ဝမ်းထဲသို့ဝင်၍ ဝမ်းယောင်ခြင်း၊ ပေါင်ပိန်ခြင်းကို ဖြစ်စေသတည်း၊ ဟုယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန် တိုက်လျှင်၊ မိန်းမက၊ အာမင်၊ အာမင်၊ ဟုဝန်ခံရမည်။ ၂၃ ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကို ရေးမှတ်၍၊ တဖန် ရေခါးနှင့် ချေပြီးမှ၊ ၂၄ ကျိန်းခြင်းဘေး ဖြစ်စေသော ရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။ ၂၅ ထိုအခါ ယဇ်ပုရောဟိတ်သည်၊ မယားကို မယုံခြင်း ပူဇော်သက္ကာကို မိန်းမလက်မှယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာ ဆက်ပြီးလျှင်၊ ၂၆ မုန့်ညက် တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည်။ ၂၇ ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင်၊ ကျိန်ခြင်းဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ၊ သူ့အထဲ၌ ရေဝင်၍ ခါးသဖြင့်၊ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူ ဖြစ်လိမ့်မည်။ ၂၈ သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေ [B]ယူသော အခွင့်ရှိလိမ့်မည်။ ၂၉ ဤရွေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်း မှတပါး အခြားသော ယောကျ်ားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊ ၃၀ ယောကျ်ားသည် မယားကို မယုံသော သဘောစွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောကျ်ားသည် မယားကိုမယုံ၊ ထာဝရဘုရား ရှေ့တော်၌ ထားသောအခါ၊ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့်၊ ၃၁ ယောကျ်ားသည် အပြစ်နှင့် ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.