-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃၃


ဣသရေလအမျိုးသားများ စခန်းပြောင်းသော မှတ်တမ်း
CROSS REFERENCES






မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသား အလုံးအရင်းတို့သည်၊ ခရီးသွားခြင်း အကြောင်းအရာများကို၊ ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာ ပါသော စာရင်းဟူမူကား၊ ပဌမလ တစ်ဆယ့် ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲ [A] ကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု လူအပေါင်းတို့ရှေ့မှာ ဝါကြွားသော အခြင်းအရာနှင့် ထွက်လာကြ၏။ အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုလ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စခန်းချကြ၏။ သုကုတ်အရပ်မှ ပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စခန်းချကြ၏။ ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စခန်းချကြ၏။ ပိဟဟိရုတ်မြို့မှ ပြောင်း၍ ပင်လယ်အလယ်၌ လျှောက်သွားသဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက် ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စခန်းချကြ၏။ မာရအရပ်မှ ပြောင်း၍ ရေတွင်း ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ ရောက်၍ စခန်းချကြ၏။ ၁၀ ဧလိမ်ရွာမှ ပြောင်း၍ ပင်လယ်နီနားမှာ စခန်းချကြ၏။ ၁၁ ပင်လယ်နီမှ ပြောင်း၍ သိန်တော၌ စခန်းချကြ၏။ ၁၂ သိန်တောမှ ပြောင်း၍ ဒေါဖကာ အရပ်၌ စခန်းချကြ၏။ ၁၃ ဒေါဖကာ အရပ်မှ ပြောင်း၍ အာလုရှအရပ်၌ စခန်းချကြ၏။ ၁၄ အာလုရှ အရပ်မှ ပြောင်း၍ လူများ သောက်စရာရေ မရှိသော ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ၁၅ ရေဖိဒိမ်အရပ်မှ ပြောင်း၍ သိနာတော၌ စခန်းချကြ၏။ ၁၆ သိနာတောမှ ပြောင်း၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စခန်းချကြ၏။ ၁၇ ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း၍ ဟာဇရုတ် အရပ်၌ စခန်းချကြ၏။ ၁၈ ဟာဇရုတ် အရပ်မှပြောင်း၍ ရိသမာအရပ်၌ စခန်းချကြ၏။ ၁၉ ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စခန်းချကြ၏။ ၂၀ ရိမ္မုန်ဖါရက် အရပ်မှပြောင်း၍ လိဗနရွာ၌ စခန်းချကြ၏။ ၂၁ လိဗနရွာ မှပြောင်း၍ ရိဿအရပ်၌ စခန်းချကြ၏။ ၂၂ ရိဿ အရပ်မှ ပြောင်း၍ ကေဟလာသ အရပ်၌ စခန်းချကြ၏။ ၂၃ ကေဟလာသ အရပ်မှ ပြောင်း၍ ရှာဖါတောင်၌ စခန်းချကြ၏။ ၂၄ ရှာဖါ တောင်မှ ပြောင်း၍ ဟာရဒအရပ်၌ စခန်းချကြ၏။ ၂၅ ဟာရဒ အရပ်မှ ပြောင်း၍ မက္ကလုတ်အရပ်၌ စခန်းချကြ၏။ ၂၆ မက္ကလုတ် အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စခန်းချကြ၏။ ၂၇ တာဟတ် အရပ်မှပြောင်း၍ တာရအရပ်၌ စခန်းချကြ၏။ ၂၈ တာရ အရပ်မှပြောင်း၍ မိသကာအရပ်၌ စခန်းချကြ၏။ ၂၉ မိသကာ အရပ်မှပြောင်း၍ ဟာရှမောန အရပ်၌ စခန်းချကြ၏။ ၃၀ ဟာရှမောန အရပ်မှ ပြောင်း၍ မောသရုတ်အရပ်၌ စခန်းချကြ၏။ ၃၁ မောသရုတ် အရပ်မှ ပြောင်း၍ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ၃၂ ဗင်္ယာကန် အရပ်မှ ပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ၃၃ ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း၍ ယုပ္ဘသအရပ်၌ စခန်းချကြ၏။ ၃၄ ယုပ္ဘသ အရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ၃၅ ဧဗြောန အရပ်မှ ပြောင်း၍ ဧဇယုန်ဂါဗာ အရပ်၌ စခန်းချကြ၏။ ၃၆ ဧဇယုန်ဂါဗာ အရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စခန်းချကြ၏။ ၃၇ ကာဒေရှ အရပ်မှ ပြောင်း၍ ဧဒုံပြည် အနားမှာ ဟောရတောင်၌ စခန်းချကြ၏။


အာရုန် အသက်တစ်ရာ့နှစ်ဆယ့်သုံးနှစ်တွင်သေ

၃၈ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ [B] ပဉ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရား အမိန့်တော် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်သည် ဟောရတောင်ပေါ်သို့ ထက်၍ အနိစ္စရောက်လေ၏။ ၃၉ အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက်တစ်ရာ နှစ်ဆယ့်သုံးနှစ် ရှိသတည်း။


စခန်းပြောင်းသော မှတ်တမ်းအဆက်

၄၀ ခါနာန် ပြည်တောင်ပိုင်း၌ နေသောခါ နနိရှင်ဘုရင် အာရဒ်သည် ဣသရေလ အမျိုးသား ရောက်ကြောင်းကို ကြားလေ၏။ ၄၁ သူတို့သည် ဟောရတောင်ပေါ်မှ ပြောင်း၍၊ ဇာလမောနအရပ်၌ စခန်းချကြ၏။ ၄၂ ဇာလမောနအရပ်မှ ပြောင်း၍ ပုနုန်အရပ်၌ စခန်းချကြ၏။ ၄၃ ပုနုန် အရပ်မှ ပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။ ၄၄ ဩဗုတ် အရပ်မှ ပြောင်း၍ ဣဇာဗာရိမ် အရပ်၌ စခန်းချကြ၏။ ၄၅ ဣဇာဗာရိမ် အရပ်မှ ပြောင်း၍ ဒိဗုန်ဂဒ် အရပ်၌ စခန်းချကြ၏။ ၄၆ ဒိဗုန်ဂဒ် အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ် အရပ်၌ စခန်းချကြ၏။ ၄၇ အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း၍ နေဗောတောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စခန်းချကြ၏။ ၄၈ အာဗရိမ်တောင်ရိုးမှ ပြောင်း၍ မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ စခန်းချကြ၏။ ၄၉ ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ရေရှိ မုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စခန်းချကြ၏။


ထာ၀ရဘုရားက မြေခွဲဝေမည့်နည်းများပြော

၅၀ မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊ ၅၁ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ခါနာန်ပြည်သို့ ရောက်သောအခါ၊ ၅၂ ထိုပြည်သူ ပြည်သား အပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ ရေးသောအရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။ ၅၃ ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။ ၅၄ သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင် များသောမြေ၊ လူနည်းလျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျသည် အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေခံရကြမည်။ ၅၅ သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသောသူတို့သည် သင်တို့ မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်းဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ယှက်ကြလိမ့်မည်။ ၅၆ ထိုမှတပါး၊ သူတို့အား ငါကြံစည်သည်အတိုင်း သင်တို့ကို ငါပြုမည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.