-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၆


ကောရ ဒါသန် အဘိရံတို့၏ တော်လှန်ခြင်း

လေဝိအမျိုး၊ ကောဟတ်သား ဣဇဟာ၏သား ကောရသည်၊ ရုဗင်အမျိုး ဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏ သားဩနတို့ကို ခေါ်ပြီးလျှင်၊ ပရိသတ်၌ ကျော်ဇော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ့ငါးဆယ် နှင့်တကွ မောရှေကို ပုန်ကန်၍၊ မောရှေနှင့် အာရုန် တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှ အပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကို ချီးမြှောက်ရသနည်း၊ ဟုဆိုလေ၏။


ထာ၀ရဘုရားက ရွေးကောက်တော်မူသောသူကို ဆုံးဖြတ်မည်

ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက်နေ၏။ တဖန်မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏ လူဖြစ်သည်ကို၎င်း၊ အဘယ်သူ သန့်ရှင်းသည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက် တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။ အိုကောရနှင့် ကောရ၏ အပေါင်းအသင်း ရှိသမျှတို့၊ သင်တို့ ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကိုယူ၍၊ နက်ဖြန်နေ့၊ ထာဝရဘုရား ရှေ့တော်၌ မီးနှင့်လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသောသူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်၊ ဟုဆိုလေ၏။ တဖန်မောရှေက၊ အိုလေဝိသားတို့၊ နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည် အကြံရှိတော်မူသည်နှင့် ဣသရေလအမျိုး၏ ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှာ၊ ဣသရေလ အမျိုးသား ပရိသတ်နှင့် ခွဲထား၍၊ ၁၀ သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသား အပေါင်းတို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာကြသည်တကား။ ၁၁ ထိုကြောင့် သင်နှင့်သင်၏ အပေါင်းအသင်း ရှိသမျှတို့သည်၊ ထာဝရဘုရား တဘက်၌ စုဝေးကြပြီတကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည်အကြောင်း၊ သူသည် အဘယ်သို့သောသူ ဖြစ်သနည်း၊ ဟုကောရအားဆိုပြီးမှ၊


နို့နှင့်ပျားရည်စီးသော ပြည်သို့ မဆောင်ဟုအပြစ်တင်
CROSS REFERENCES





CROSS REFERENCES






၁၂ ဧလျဘသား ဒါသန်နှင့် အဘရံတို့ကို ခေါ်ခြင်းငှာ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ၊ ၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့်ပျားရည်စီးသောပြည် [A] မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်း မပြုလျှင်၊ စိတ်မပြေသေးသည်တကား။ ၁၄ ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏ မျက်စိကို ဖောက်ချင်သလော။ [B]ငါတို့သည် သင့်ထံသို့မလာ၊ ဟုပြန်ဆို၏။


ထာ၀ရဘုရား ရှေ့တော်၌ နံ့သာပေါင်းယူကြ

၁၅ မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတစ်ကောင်ကိုမျှ အ​ကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တစ်ယောက်ကိုမျှ မညှဉ်းဆဲပါ၊ ဟုထာဝရဘုရားအား လျှောက်၍၊ ၁၆ ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏ အပေါင်းအသင်း ရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရား ရှေ့တော်၌ ရှိကြလော့။ ၁၇ လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကိုယူ၍ လောဗန်ကို တင်ပြီးမှ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ့ငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ကြလော့၊ ဟုဆိုသည်အတိုင်း၊ ၁၈ ထိုသူ အသီးအသီး တို့သည် မိမိတို့ လင်ပန်းများကိုယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့်အတူ၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေကြ၏။


ထာ၀ရဘုရားက ချက်ချင်းဖျက်ဆီးမည်ကြံ

၁၉ ကောရသည်လည်း၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ် အပေါင်းတို့ကို မောရှေနှင့် အာရုန်ဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။ ၂၀ ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။ ၂၁ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်၊ ဟုမောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊


မောရှေက ပရိသတ်အတွက် ဆုတောင်း

၂၂ သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသော ဘုရားသခင်၊ လူတစ်ယောက် ပြစ်မှားသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက် တော်မူမည်လော၊ ဟုလျှောက်ဆိုလေ၏။ ၂၃ ထာဝရဘုရားက လည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏ တဲများကိုရှောင်၍ နေစေခြင်းငှာ၊ ပရိသတ်တို့အား ဆင့်ဆိုလော့၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၂၅ မောရှေထ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊ ၂၆ ဤလူဆိုးတို့၏ နေရာတဲများကို ရှောင်၍ နေကြပါလော့။ သူတို့၏ ဥစ္စာ တစ်စုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ဟုပရိသတ်တို့အား ဆင့်ဆိုလျှင်၊ ၂၇ လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံ တဲပတ်ဝန်းကျင်၌ မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့် ဒါသန်၊ အဘိရံသည် သားမယား ကလေးများ နှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။


ကောရနှင့်အဖွဲ့ မြေမျိုခံ

၂၈ မောရှေကလည်း၊ ဤမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်းဟူမူကား၊ ၂၉ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မမူ။ ၃၀ သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့နှင့်ဆိုင်သမျှကို၎င်း၊ မျို၍ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရ ကြလိမ့်မည်၊ ဟု၃၁ ပြောဆိုပြီးသည် အဆုံး၌၊ သူတို့နင်းရာ မြေကြီးသည် ကွဲ၍၊ ၃၂ မိမိခံတွင်းကို ဖွင့်သဖြင့် သူတို့နှင့် သူတို့အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့်သူတို့ ဥစ္စာ ရှိသမျှကို၎င်း မျိုလေ၏။ ၃၃ ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ ၃၄ သူတို့ အော်ဟစ်သံကို ပတ်ဝန်းကျင်၌ ရှိသော ဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်း မျိုလိမ့်မည်၊ ဟုစိုးရိမ်လျက် ပြေးကြ၏။ ၃၅ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ့ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရား ထံတော်က မီးထွက်၍ လောင်လေ၏။


လင်ပန်းများသည်နိမိတ်ဖြစ်ဖို့

၃၆ ထာဝရဘုရား ကလည်း၊ ၃၇ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍ မီးကိုပစ်ချပြီးမှ၊ ၃၈ ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလ အမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၃၉ ယဇ်ပုရောဟိတ် ဧလာဇာသည်၊ မီးလောင်ခြင်းကို ခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍၊ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။ ၄၀ ထိုသို့ အာရုန်အမျိုး မဟုတ် အခြားတစ်ပါးသော အမျိုးသားသည်၊ ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့်သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသားတို့အား သတိပေးရာ နိမိတ်ဖြစ်ရကြ၏။


ပရိသတ်များမောရှေကိုအပြစ်တင်၍ ၁၄,၇၀၀ သေ

၄၁ နက်ဖြန်နေ့၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏ လူတို့ကို သတ်ကြပြီ၊ ဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။ ၄၂ ပရိသတ် အပေါင်းတို့သည် မောရှေနှင့် အာရုန်တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ် စည်းဝေးရာ တဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် ထင်ရှားလေ၏။ ၄၃ မောရှေနှင့် အာရုန်တို့သည် ပရိသတ် စည်းဝေးရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။ ၄၄ ထာဝရ ဘုရားကလည်း၊ ဤပရိသတ်တို့ကို ရှောင်၍ နေကြလော့။ ၄၅ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်၊ ဟုမောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။ ၄၆ မောရှေကလည်း၊ သင်သည် လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကိုလည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန် သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ် ရောက်လျက်ရှိပြီ၊ ဟု၄၇ အာရုန်အား မှာထားသည်အတိုင်း၊ အာရုန်သည်ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့၌ ဘေးဥပဒ်ရောက်စ ရှိသည်ဖြစ်၍၊ လောဗန်ကို တင်သဖြင့် လူများတို့အဖို့ အပြစ်​ဖြေခြင်းကို ပြု၏။ ၄၈ အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍ ဘေးဥပဒ် ငြိမ်းလေ၏။ ၄၉ ကောရအမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသောလူပေါင်းကား၊ တစ်သောင်း လေးထောင့် ခုနစ်ရာ ရှိသတည်း။ ၅၀ ထိုဘေးဥပဒ် ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.